Nokia C3 အတွက် မြန်မာ font သွင်းနည်း

1
357


ယခုသတင်းအား Facebook,Twitter,Google+,Pinterest ပေါ်တွင်ပြန်လည်မျှဝေရန်




Nokia C3 အတွက် မြန်မာ font ဘယ်လိုသွင်းရမလဲဆိုတာ Comment box မှာ မေးထားတာတွေ့လို့ပါ။ အားလုံးအဆင်ပြေစေဖို့ တင်ပေးလိုက်ပါပြီ။
ပထမဆုံးအနေနဲ့ ဖုန်းထဲမှာ X-plore လို့ခေါ်တဲ့ file Manager ဆော့ဝဲလေးရှိရပါမယ်။ မရှိရင်အောက်မှာ ရယူနိုင်ပါတယ်။
X-plore(for window mobile) အားရယူရန်

X-plore ကိုဖုန်းမှာ install လုပ်ပါ။ ပြီးရင် X-plore ထဲကိုဝင်ပါ ။ configuration menu ကိုသွားပြီး show hidden files and system folders ကို
အမှန်ခြစ်ပေးပါ။ ပြီးရင် ကိုယ့်ဖုန်းရဲ့ internal memory z:/resource/fonts folder အောက်မှာ font အမျိုးအစားတစ်ခုကို file သုံးခုနဲ့တွေ့ပါလိမ့်မယ်။
ဥပမာပြောရင် S60SC.ccc, S60TCHK.ccc and S60ZDIGI.ttf ဆိုပြီးတော့ တွေ့ရင် အဲဒီနာမည် သုံးမျိုး ကိုခဏမှတ်ထားပါ။
ပြီးရင် မိမိသွင်းချင်တဲ့ မြန်မာ font ရဲ့ name ကို ခုနက ဖိုင်သုံးဖိုင်ရဲ့ နာမည်တွေကို rename ပေးလိုက်ပါ။ ဥပမာ- zawgyi.ttf ကို zawgyi ဆိုတာကိုတင်ဖျက်ပြီး နောက်က file အမျိုးအစားကိုမပြောင်းဘဲ S60SC.ccc, S60TCHK.ccc and S60ZDIGI.ttf ဆိုပြီး ပေးခိုင်းတာပါ။

ပြီးရင် ဖုန်းရဲ့ memory card ကို ကွန်ပျူတာနဲ့ချိတ်ပါ။ memory card ရဲ့ directory အောက် resource ဆိုတဲ့ folder ထဲကိုဝင်ပါ(ဥပမာ-e:/resource) ။ ပြီးရင် resource folder ထဲမှာ “Fonts” ဆိုတဲ့ နာမည်နဲ့ folder တစ်ခုတည်ဆောက်ပါ။ ပြီးရင် ခုနက system font တွေရဲ့
နာမည်တွေအတိုင်း rename ပေးထားတဲ့ မြန်မာဖောင့်ဖိုင်သုံးခုကို အသစ်ဆောက်ထားတဲ့ Fonts ဖိုဒါအောက်ကို ပို့လိုက်ပါ။
ဥပမာအားဖြင့် e:/resource/fonts/S60SC.ccc, S60TCHK.ccc and S60ZDIGI.ttf) ။ ပြီးရင် ဖုန်းကို restart ချလိုက်ပါ။
ပြန်တက်လာရင် မြန်မာလို မြင်ရပြီဖြစ်ပါတယ်။


ယခုသတင်းအား Facebook,Twitter,Google+,Pinterest ပေါ်တွင်ပြန်လည်မျှဝေရန်

SHARE

Previous articleNokia နဲ့ Sony Ericsson ဖုန်းတွေအတွက် မြန်မာလို SMS ပို့တဲ့ application လေးပါ
Next articleAndroid ဖုန်းတွေအတွက် Angry Bird နောက်ဆုံးထွက်ဂိမ်း Angry Birds 1.6.2 Mine and Dine

ဝင်ငွေအလွန်ကောင်းမွန်သောအတတ်မွေးဝမ်းကျောင်းအတတ်ပညာကို မန္တလေးနဲ့ရန်ကုန်မြို့တို့မှာအချိန် ၂ လ၀န်းကျင်နဲ့သင်ယူထားလိုသူတွေအတွက်


၂၀၁၆ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မန္တလေးမြို့တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။


ဝင်ငွေအလွန်ကောင်းမွန်သည့်အတတ်ပညာဖြစ်သည့်မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာအတတ်ပညာကိုသင်ယူလိုပါသလား ။ မန္တလေးမြို့မှာရှိတဲ့ Myanmar Mobile App နဲ့လာရောက်ချိတ်ဆက်လိုက်ပါ။ ၂၀၁၆ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မန္တလေးမြို့မှာ မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာဆိုင်ရာတန်းခွဲသစ်များဖွင့်လှစ်ဖို့ရှိပါတယ် ။ Myanmar Mobile App မှ မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ စက်ပစ္စည်းအစုံအလင်နဲ့စာတွေ့လက်တွေ့ပေါင်းစပ်သင်ကြားပေးကြမှာပါ ။ သင်တန်းကာလ ၂ လဖြစ်ပြီး သင်တန်းကြေးကတော့ ၁၅၀၀၀၀ ကျပ်ဖြစ်ပါတယ် ။ နယ်မှလာရောက်မည့်သူများအတွက်လည်း သင်တန်းကာလအတွင်း နေထိုင်ရန်အဆောင်များဖြင့်ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ တက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၉၁၀၃၃၁၃၄ ၊ ၀၉၇၉၇၂၄၈၄၈၈ တို့သို့ဆက်သွယ်၍ကြိုတင်စာရင်းပေးထားနိုင်ပါသည်။ ရန်ကုန်မြို့မှာလည်းသင်တန်းကျောင်းဖွင့်လှစ်ထားတယ်နော်။

၂၀၁၆ သြဂုတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။


ဝင်ငွေအလွန်ကောင်းမွန်သည့်အတတ်ပညာဖြစ်သည့်မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာအတတ်ပညာကိုသင်ယူလိုပါသလား ။ ရန်ကုန်မြို့မှာရှိတဲ့ Myanmar Mobile App နဲ့လာရောက်ချိတ်ဆက်လိုက်ပါ။ ၂၀၁၆ သြဂုတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှာ မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာဆိုင်ရာတန်းခွဲသစ်များဖွင့်လှစ်ဖို့ရှိပါတယ် ။ Myanmar Mobile App မှ မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ စက်ပစ္စည်းအစုံအလင်နဲ့စာတွေ့လက်တွေ့ပေါင်းစပ်သင်ကြားပေးကြမှာပါ ။ သင်တန်းကာလ ၂ လဖြစ်ပြီး သင်တန်းကြေးကတော့ ၁၆၀၀၀၀ ကျပ်ဖြစ်ပါတယ် ။ တက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၂၅၉၂၆၉၂၈၉ သို့ဆက်သွယ်၍ကြိုတင်စာရင်းပေးထားနိုင်ပါသည်။ မန္တလေးမြို့မှာလည်းသင်တန်းကျောင်းဖွင့်လှစ်ထားတယ်နော်။

ယခုခေတ်ဟာ မိုဘိုင်းဖုန်းခေတ်ပါ ။ မိုဘိုင်းနည်းပညာတွေကိုလေ့လာသင်ယူပြီးသင့်ဘ၀အတွက်အာမခံချက်တစ်ခုကိုရယူလိုက်ပါ။