Android ဖုန်း/Tablet ကို မြန်မာစာစနစ်နှင့် မြန်မာစာ Keyboard ထည့်သွင်းနည်း (Complete Guide)

Share This
Tags



မိမိတို့ Android ဖုန်း/tablet မှာ မြန်မာစာစနစ်ရဖို့အတွက် အဓိက လုပ်ဆောင်ရမယ့် အချက်ကတော့သုံးချက်ရှိပါတယ်။
(၁)Android ဖုန်း/Tablet ကို root ထားရပါမယ်။ (ယေဘုယျအားဖြင့်)
(၂)Android ဖုန်း/Tablet ထဲမှာ မြန်မာလိုရေးထားတဲ့စာသားမှန်သမျှကို မြန်မာလိုပေါ်ဖို့အတွက် မြန်မာ font ထည့်သွင်းထားရပါမယ်။
(၃)Android ဖုန်း/Tablet ထဲမှာ မြန်မာလို ရိုက်လို့ရဖို့အတွက် Android OS အတွက်ထုတ်ဝေထားတဲ့ မြန်မာစာကီးဘုတ်စနစ်ကို ထည့်သွင်းရပါမယ်။

ဒီသုံးချက်ပြည့်စုံမှသာ မိမိတို့ရဲ့ Android ဖုန်း/Tablet မှာ မြန်မာစာစနစ် ကိုအပြည့်အစုံ အသုံးပြုနိုင်မှာဖြစ်ပါတယ်။



နံပါတ်(၁)အချက်အနေနဲ့ ဖုန်းကို Root လုပ်တာကို စတင်ပြောပါမယ်။ Android ဖုန်း/Tablet ကို root လုပ်နည်းကို အောက်က link မှာဖတ်ရှုပါ။
Android ဖုန်း tablet များအား root လုပ်နည်း( မိမိတို့ ဖုန်း/tablet နဲ့ကိုက်ညီမယ့် root လုပ်နည်းကိုရွေးချယ်ပြုလုပ်ပါ)


နံပါတ်(၂)အချက်အနေနဲ့ Android ဖုန်း/ tablet ထဲကို မြန်မာ font ထည့်သွင်းပါမယ်။ ဒီအဆင့်ကို ပြုလုပ်ဖို့အတွက် ဖုန်း/tablet ဟာ root လုပ်ပြီးဖြစ်ရပါမယ်။
အရင်ဆုံး လိုအပ်တဲ့ tools တွေကိုရယူလိုက်ပါ။
Myanmar Font tools အားရယူရန်
download လုပ်လို့ရတဲ့ ဖိုင်လေးကို zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ။ DroidSnasFallback.ttf ကို ဖုန်းရဲ့ SD card ထဲမှာ
copy ကူးထည့်ထားပါ။ Root Explorer ကိုတော့ ဖုန်း/Tablet ထဲမှာ install လုပ်ပါ။ install မလုပ်တတ်ရင် Android application တွေကို ဖုန်း/ Tablet ထဲသို့ install လုပ်နည်းကိုအောက်က link မှာဖတ်ရှုပါ။
Android application သွင်းနည်း
Root Explorer ထဲကိုဝင်လိုက်ပါ။ ပြီးရင် sdcard ထဲကိုဝင်ပါ ။ အောက်ပုံအတိုင်းပါ။

ပြီးရင် ခုနတုန်းက sdcard ထဲကိုထည့်ထားတဲ့ DroidSnasFallback.ttf ဖိုင်ရှိတဲ့နေရာကိုသွားပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင်အဲဒီ DroidSnasFallback.ttf ကို သုံးစက္ကန့်ခန့်နှိပ်ထားပါ။ ပြီးရင် Copy ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

Paste နဲ့ Cancel ဆိုပြီး ခလုတ်နှစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီနှစ်ခုကို မနှိပ်ပါနဲ့ဦး။ အောက်ပုံအတိုင်းပါ။

ပြီးရင် ခုနတုန်းက sdcard ရဲ့အပြင်ဘက်ကိုရောက်တဲ့အထိ ပြန်ထွက်ပါ။ ခုနကခလုတ်နှစ်ခုကို မနှိပ်မိပါစေနဲ့။ sdcard ရဲ့ အပြင်ဘက်ထိထွက်ပြီးပြီဆိုရင် system ထဲကိုဝင်ပါ။
အောက်ပုံအတိုင်းပါ။

ပြီးရင် fonts ထဲကိုဝင်ပါ။ အောက်ပုံအတိုင်းပါ။

font folder ထဲရောက်ပြီဆိုရင် အောက်မှာပြထားတဲ့ပုံအတိုင်း ထိပ်ဆုံးက ခလုတ်လေးဟာ Mount R/W ဖြစ်နေတယ်ဆိုရင် အဲဒီ Mount R/W ကိုနှိပ်ပြီး Mount R/0 ပြောင်းပါ။
(အဲဒီလိုပြောင်းဖို့က root လုပ်ထားမှသာ ပြောင်းလို့ရမှာပါ)။ အောက်ပုံအတိုင်းပါ။

အောက်ကပုံလေးကတော့ Mount R/0 ကိုပြောင်းပြီးသွားတဲ့ပုံလေးပါ။

စောစောတုန်းက မသုံးခဲ့တဲ့ Paste ခလုတ်လေးကို အခုမှသုံးရပါမယ်။ Paste ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

DroidSansFallback.ttf ဖိုင်ဟာရှိပြီးသားဆိုပြီး Warning ပေးပါလိမ့်မယ်။ Yes သာလုပ်ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ မြန်မာလိုပေါ်အောင် အမည်ပြောင်းထားတဲ့ ဖိုင်နဲ့အစားထိုးမှာမို့လို့ပါ။
အောက်ပုံအတိုင်းပါ။

ထည့်ပြီးသွားပြီဆိုရင်တော့ အဲဒီ DroidSansFallback.ttf ဖိုင်ကို သုံးစက္ကန့်လောက်ဖိထားပါ။ ပြီးရင် Permissions ထဲကိုဝင်ပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် အောက်ကပုံအတိုင်း Permission ပေးလိုက်ပါ။ ပြီးရင် Ok နှိပ်ပါ။

ဒါဆိုရင် အခုအချိန်ကစပြီး မြန်မာစာနဲ့ရေးထားတဲ့ဖိုင်တွေကို လေးထောင့်တုံးပုံစံတွေမပေါ်တော့ဘဲ ဖုန်းထဲမှာ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။



အခုမြန်မာလိုတော့ မြင်ရပါပြီ ။ ဒါပေမယ့်မြန်မာစာတော့ရိုက်လို့မရသေးပါဘူး ။ ဒီတော့ မိမိရဲ့ Android ဖုန်း/ tablet ထဲမှာ မြန်မာစာ ရိုက်လို့ရအောင် မြန်မာကီးဘုတ်ထည့်ရပါမယ်။
နံပါတ်(၃)အချက်ကိုဆက်လက်လုပ်ဆောင်ကြရအောင်။ အရင်ဆုံး Android ဖုန်း/tablet တွေအတွက် အဆင်အပြေဆုံးနဲ့မြန်မြန်ဆန်ဆန်ရိုက်နိုင်မယ့် မြန်မာစာကီးဘုတ်ကိုအောက်မှာရယူလိုက်ပါ။

မြန်မာကီးဘုတ်အားရယူရန်

ပြီးရင် ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Application တွေထဲက မြန်မာအလံ icon လေးနဲ့ မြန်မာကီးဘုတ်ထဲကို ၀င်လိုက်ပါ။ အဲဒီမှာ မြန်မာကီးဘုတ်ကို Setting မှာ enabled လုပ်ဖို့အတွက် Screen တစ်ခုပေါ်လာပါလိမ့်မယ်။
“1.Go To Settings” ကိုနှိပ်ပြီး Keyboard Setting ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။

Keyboard setting ထဲကိုရောက်သွားပြီဆိုရင် “မြန်မာကီးဘုတ်” ကို အမှန်ခြစ်(Enabled)ပေးလိုက်ပါ။ အောက်ပါပုံအတိုင်းပါ။

ပြီးရင် ခုနက မြန်မာကီးဘုတ်ကို ပြန်သွားပါ။ “2.Input Method” ကိုနှိပ်ပါ။ အောက်ပါအတိုင်းပါ။

“မြန်မာကီးဘုတ်” ကိုရွေးပေးလိုက်ပါ။ အောက်ပုံအတိုင်းပါ။

မြန်မာကီးဘုတ်ကိုရွေးလိုက်တာနဲ့ ကီးဘုတ်ကို စမ်းသပ်ရိုက်ကြည့်ဖို့ Testing ကဏ္ဍထဲကိုဝင်သွားပါလိမ့်မယ်။အောက်ပုံအတိုင်းပါ။

ကဲ..ဒါဆိုရင် ကျွန်တော်တို့ မြန်မာကီးဘုတ်ကိုစတင်သုံးစွဲကြည့်ရအောင် ။ စာရိုက်ဖို့အတွက် Text Box ကိုနှိပ်လိုက်တာနဲ့ မြန်မာကီးဘုတ်လေးပေါ်လာပါမယ်။
အောက်ပါပုံအတိုင်းပါ။

အရင်ကထွက်ခဲ့တဲ့ MydroidSoft Myanmar keyboard တုန်းက အင်္ဂလိပ်လိုရိုက်ချင်ရင် Text Box ကို သုံးစက္ကန့်လောက်ပြန်ဖိ input method ထဲကနေ
အင်္ဂလိပ် keyboard ကို ပြန်ပြန်ခေါ်ရပါတယ်။ အခု မြန်မာကီးဘုတ်လေးမှာ အဲဒီဒုက္ခတွေကင်းသွားပါတယ်။ ကီးဘုတ်အောက်နားလေးက ဗြိတိန်အလံပုံ ခလုတ်လေးကို နှိပ်လိုက်ရင် English Keyboard အဖြစ်ပြောင်းသွားပါမယ်။ အောက်ပုံအတိုင်းပါ။

ဒါဆိုရင် မြန်မာကီးဘုတ်ရဲ့ မြန်မာစာလုံးနေရာချထားပုံနဲ့ ရိုက်ပုံရိုက်နည်းကို ဆက်လက်ရှင်းလင်းပါမယ်။ “မြန်မာကီးဘုတ်” ရဲ့ မြန်မာစာလုံးနေရာချထားပုံဟာ
ကွန်ပျူတာမှာ ရိုက်တဲ့ မြန်မာစာလက်ကွက်နဲ့အတူတူပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်တို့ ကွန်ပျူတာပေါ်မှာ “ဖ” ဆိုတဲ့အက္ခရာကိုလိုချင်တယ်ဆိုရင် z ကို ရိုက်ရပါတယ်။ တကယ်လို့ “ဇ” အက္ခရာကိုလိုချင်တယ်ဆိုရင်တော့ Shift key နဲ့ z ( တစ်နည်းအားဖြင့် shift + ဖ ) ကိုနှိပ်ရပါတယ်။
အခု Android “မြန်မာကီးဘုတ်” မှာလည်း ဒီအတိုင်းပါပဲ။ ကွန်ပျူတာမြန်မာလက်ကွက်ပုံစံအတိုင်းဖြစ်တဲ့အတွက်ကြောင့် “ဇ” ဆိုတဲ့ အက္ခရာကိုလိုချင်တယ်ဆိုရင် မြန်မာကီးဘုတ်ပေါ်က “ဖ” အက္ခရာလေးပေါ်မှာ သုံးစက္ကန့်လောက်ဖိထားလိုက်ရင် Popup လေးတစ်ခုနဲ့ “ဇ” အက္ခရာလေးပေါ်လာပါလိမ့်မယ်။ အောက်ပါပုံအတိုင်းပါ။

အောက်ဆင့်စာလုံးတွေဖြစ်တဲ့ -္ဇ တို့ -္ဖ တို့လိုချင်ရင်လည်း ခုနကလိုပဲနှိပ်ရမှာပါ။ ပြောရမယ်ဆိုရင်တော့ ကွန်ပျူတာပေါ်က မြန်မာလက်ကွက်နဲ့အတူတူပါပဲ။
ဒီ မြန်မာကီးဘုတ်ကို ကျွန်တော်ကြိုက်ရတဲ့အဓိကအချက်က စာရိုက်ရာမှာ အရင်ထွက်ရှိပြီးသား Android မြန်မာကီးဘုတ်တွေထက် သိသိသာသာကို မြန်မြန်ဆန်ဆန်ရိုက်နိုင်တဲ့အချက်ပါပဲ။ ပြီးတော့ Application file size ကလည်း သေးငယ်ပါတယ်။ စာရိုက်ဖို့ Testing Panel လည်း
တစ်ပါတည်းထည့်သွင်းပေးထားတဲ့ အချက်ကလည်း တော်တော်အဆင်ပြေစေပါတယ်။

ဝဏ္ဏသံမှန်းအသုံးအနှုန်းကိုခန့်မှန်းပေးတဲ့စနစ်အနေနဲ့ကတော့ iTextMM Keyboard ရဲ့ စကားစုတွေကိုထည့်ပေးထားတာဖြစ်တဲ့အတွက် ၀ဏ္ဏသံမှန်းစနစ်မှာတော့ iTextMM နဲ့အတူတူပဲဖြစ်ပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့အချက်ကတော့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ၊ BF,GF တွေဆီ message
ပို့ရာမှာ Smile သင်္ကေတလေးတွေထည့်ဖို့လို့ရဖို့အတွက် လည်းထည့်သွင်းပေးထားပါသေးတယ်။ Smile သင်္ကေတတွေကိုလိုချင်တယ်ဆိုရင်တော့ ကီးဘုတ်အောက်ခြေက “:-)” သင်္ကေတလေးကို သုံးစက္ကန့်ခန့်ဖိထားလိုက်ရင် သင်္ကေတအစုံပေါ်လာမှာပါ။ အောက်ပါပုံအတိုင်းပါ။

Beta version ဖြစ်တဲ့အတွက် လိုအပ်တာလေးအနည်းငယ်တော့ရှိဦးမှာပါ။

အခုဆိုရင် မိမိရဲ့ Android ဖုန်း/Tablet မှာ မြန်မာစာစနစ် ပြည့်စုံစွာအသုံးပြုနိုင်ပြီဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

Thet Naing Soe
(Myanmar Mobile Application Store)
thet.naing.it@gmail.com

17 comments on “Android ဖုန်း/Tablet ကို မြန်မာစာစနစ်နှင့် မြန်မာစာ Keyboard ထည့်သွင်းနည်း (Complete Guide)

  1. kyaw min oo on said:

    permissions ဆိုတာ ကျနော့စက်မှာ မပါဘူးဆ၇ာ ကျန်တာအားလုံးအဆင်ပြေတယ်
    ကီးဘုတ်လည်းပီးသွားပြီ စာ၇ိုက်တော့ လေးဒေါင့်လဲမပေါ်ဘူး ဘာမှမပေါ်ဘူးဘာဆက်လုတ်၇မလဲ စက်က တ၇ုတ်တက်ဘလက် နာမည်က m08 ပါ
    android 4.0.3
    kernel version 3.0.8+
    build number v2.1.4.IML74k.eng.
    root.20120508.195141-HW:1.0.0.0 လို့တော့ေ၇းထားပါတယ်

  2. Su Myat on said:

    samsaung GT-S5830….android version 4.0.4…ICS v.4…ဖုန်းမှာ..မြန်မာ keyboard သုံးလို့မရလို့ပါ…myanmar font တော့ရပါတယ်..မြန်မာkeyboard သုံးချင်လို့ပါ…

  3. myo min on said:

    gionee pionner ရဲ့  root လုပ်ပုံလုပ်နည်းလေးကိုလဲသိချင်ပါတယ်။

  4. aungmyo on said:

    lenovo ideatab A2107A-H မှာ မြန်မာစာရိုက်လို့ရပြီး ၊ စာကျမပေါ်ဘူးဖြစ်နေတယ် ၊ Root မလုပ်ရသေးလို့လား ၊ Root လုပ်မယ်ဆိုဘယ်လိုလုပ် ရမလည်း

  5. yoroshii on said:

    ကျေးဇူးပါ..
    HTC Incredible s ကို Custom Rom 4.0.+ (Sabsa Prime)
    တင်လိုက်တာ..Forzen Keyboard Install လုပ်ပြီးပေမယ့်
    HTC မှာ input method မတွေ့ လို့ တိုင်ပတ်နေတာ..
    အခု မြန်မာကီးဘုတ်နဲ့ ကျမှပဲ..အဆင်ပြေတော့တယ်ဗျာ…

  6. kotavoy on said:

    I think, android version 4.0.4 is incompatible with Root Explorer (2.9.3). On my s2, I could install, but unable to open. The problem was solved after I installed higher version of Root Explorer (2.20).

    Pls get it here,
    Root Explorer (File Manager) v2.20 Apk App
    http://www.mediafire.com/?pb3t8nadpe69g9j

    Cheers !

  7. zawlat on said:

    ကျေးဇူးအ၇မ်းတင်ပါတယ်ဗျာ ရှာနေတာကြာနေပြီ ခုမှဘဲ အဆင်ပြေတော့ တယ်ဗျာ ကျေးဇူးပါဆရာ

  8. waiminnoo on said:

    Root Access ပြုလုပ်ချင်ပါတယ်(မြန်မာကီဘုတ် ရရှိပြီးဖြစ်)
    တံဆိပ် Model : TWZ
    Andriod version 2.3.7 ဖုန်းပါ
    Baseband version : MAUI.11AMD.W11.37.SP.V16,2011/12/01
    Kernal version : 2.6.35.7 2012.08.2011:04:27
    Build nymber : ALPS.GB.FDD2.MfP.V3.9
    Custom Build Version : 1345431882

    ဆိုတဲ့စာတွေတော့တွေ့တယ်…………ဘာတွေလဲတော့မသိဘူး………………
    လိုအပ်မယ်ထင်လို့ ရေးပေးလိုက်တယ်…………..
    လိုလိုမယ်မယ် ဖုန်းကိုဓါတ်ပုံရိုက်ပြီး ထည့်လိုက်တယ်…………
    မြန်မာလိုအတုံးတွေကိုမဖတ်တတ်လို့ စာဖတ်တတ်အောင် Root လုပ်လို့ ရ/မရ
    သိချင်ပါတယ်………….
    နည်းလေးများရှိရင် ဆော့ဝဲ နှင့် အေပီပီ များလဲမစကြပါ အသေးစိတ်ပြောပြကူညီပေးပါ……………….
    အမှောင်လမ်းမှာ စမ်းတ၀ါးဝါးဖြစ်နေလို့ပါ…….

    • ထက်နေခ on said:

      အစ်ကိုတို့ဆိုဒ်လးရှိနေသေးတာ တော်တော်ဝမ်းသာပါတယ်ဗျာ..။အင်တစ်ခေါက်က၀င်လို့မရတော့လို့..ဟိုလူတွေကိ တော်တော်ဒေါသထွက်မိတယ်..အများအကျိုးအတွက်မလုပ်ဆောင်ချင်ပဲ နာမည်ပဲလိုချင်တဲ့သူတွေပါဗျာ…။ဒီဆိုဒ်လေးက လူအတော်များများကို အကျိုးပြုပါတယ်…။

  9. Online Tha Ye` on said:

    ဟာဝေး U8825D မှာ root explorer ကတရုတ် root explorer ဖြစ်နေလို့ ဘယ်လိုလုပ်ရမှန်း မသိလို့ ကူညီပါ

    ကျေးဇူးတင်လျှက်
    Online Tha Ye`

  10. မင်းအောင်ခန့် on said:

    ကူညီပါခင်ဗျာ ၊ကျွန်တော့်ဖုန်းက GALAXY S3 I9300GRTTHL ပါ ၊မြန်မာစာတော့ရေးလို့ရပါပြီး ၊စာတော့ဖတ်မရသေးပါဘူးINTERNET နဲ့ facebook မှာအတုံးလေးတွေပဲပေါ်နေပါတယ်၊ကျေးဇူးပြုပြီးနည်းလမ်းလေးပေးပါခင်ဗျာ ။ကျေးဇူးအထူး

  11. kokolin on said:

    samsung ACE
    S5830!
    ဟမ်းစက်က မြန်မာဖောင့် အားလုံးမရဘူး Facebook မှာလဲ ရတယ် မေးလ်လဲဖတ်ရတယ် တချို. Application
    တွေမှာ မြန်မာစာဖတ်မရဘူး ကူညီပေးပါဦး ကျွန်တော် မေးထဲပို.ပေးပါနော် ကျေးဇူးအထူးတင်လျှက်

  12. myozawaung on said:

    my phone not have myanmar font,my phone is sony ericsson xperia neo L , please how to root and how to install the myanmar font.
    Please upload this.

  13. sian mine on said:

    HTG phone root လုပ်ပြီးသားကို အခုလိုလုပ်လိုက်တာ ဖုန်းက restart ကျသွားပြီး ဘာမှမပေါ်လာတော့ဘူး။ လုပ်ပါဦး

  14. logan hein on said:

    thanks a lot bro. your tutorial is the best I’ve ever read. Be an android genius..

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Like Us on Facebook

Today Visit