HowTo Root HTC Sensation/Sensation XE Running Ice Cream Sandwich

ဘာမှ မလုပ်ခင် ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ Contacts, Message, Call Log, App များကို Back-up လုပ်ထားဖို့လို့ပါတယ်။ Back-up လုပ်ဖို့အတွက် Astro File Manager app ကိုသုံးရင်လဲရပါတယ်။

သတိပေးချက်။          ။ ဒီအောက်ကနည်းလမ်းများက Online က Developer တွေ ပြောထားတဲ့နည်းလမ်းတွေပါ။ စမ်းသပ်ထားပြီးဖြစ်ပေမဲ့ သူတို့ကိုယ်တိုင်လဲ အာမ မခံတာကြောင့် သင့်ဖုန်းအား Root လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာ တစုံတရာကို တာဝန်ယူမည်မဟုတ်ပါ။

Reference Posts: http://forum.xda-developers.com/showpost.php?p=24589454&postcount=3

http://www.myanmarmobileapp.com/?p=7884

http://www.blogotechblog.com/2012/04/install-custom-recovery-on-htc-sensationsensation-xe-using-android-recovery-manager/

http://www.blogotechblog.com/2012/04/how-to-root-htc-sensationsensation-xe-running-ice-cream-sandwich/

1/ Root လုပ်ဖို့အတွက် ပထမဆုံးဖုန်းကို S-OFF ဖြစ်အောင်လုပ်ရပါတယ်။ S-Off ဖြစ်အောင်လုပ်ဖို့ MMAS မှာ ကိုသက်နိုင်စိုးရေးထားပြီးဖြစ်တဲ့   ဒီနေရာ ကို Click ပြီးတော့ လုပ်နိုင်ပါတယ်။ မှတ်ထားဖို့က S-Off ဖြစ်အောင် လုပ်တဲ့အဆင့်ထိပဲ လုပ်ရမှာပါ။ အောက်ပိုင်းက Root လုပ်တဲ့ အပိုင်းမပါပါဘူး။

2/ S-Off လုပ်ပြီးသွားရင် CWM recovery ကိုသွင်းရမှာပါ။ CWM မသွင်းခင် Superuser-3.0.7-d-signed.zip ကိုဒီနေရာမှာ ဒေါင်းပြီး SD Card ထဲသို့ ဘာ Folder မှ မဖွဲ့ပဲ ထည့်ထားပါ။

3/ CWM သွင်းဖို့အတွက် Android Recovery Manager ကို ဒီနေရာမှာရယူပါ

4/ အဆင့် ၃ မှာ ဒေါင်းထားတဲ့ file ကို Zip ဖြည့်ပြီး  ကွန်ပျူတာထဲသွင်း၍ အောက်ကပုံတွေအတိုင်း သင့်ဖုန်းအတွက် Recovery ကိုရယူပါ။

5/ (No )ကို ရွေး၍ Recovery ထဲသို့ဝင်ပါ။

မှတ်ချက်။  ။Reboot လုပ်တဲ့အချိန် Error ရှိပါက Battery ဖြုတ်ပြီး USB ကြိုးကို ပြန်တက်ပြီးစမ်းပါ။

6/ Recovery သွင်းတဲ့အဆင့်အောင်မြင်သွားပြီဆိုလျှင်တော့ Recovery mode ထဲမှ Install zip from SD card>Choose zip from SD card  ကိုရွေးပါ။

7/ အဆင့် ၂ မှာ SD Card  ထည့်ထားတဲ့ Superuser-3.0.7-d-signed.zip ဖိုင်ကိုညွှန်လိုက်ပါ။

8/ Confirm လုပ်ပြီး ခဏစောင့်ပါ။

9/ Root လုပ်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ။

မှတ်ချက်။  ။ တခါတရံ root မဖြစ်တာမျိုးဖြစ်တတ်ပါတယ်။ အဆင့် 6 မှ ပြန်လုပ်ပါ။

အားလုံးပဲ အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်:)

 

 

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Like Us on Facebook

Today Visit