Myanmar Mobile App Store |The Best Mobile Knowledge Sharing Website in Myanmar



How to Root Lenovo A1 Tablet (Last Update)

4

Lenovo A1 Tablet ကို root လုပ်နည်းပါ။

လိုအပ်တဲ့ ဖိုင်တွေကိုအရင် ဒေါင်းလုပ် လုပ်လိုက်ရအောင် ;-)

၁။ update.zip အားဒေါင်းလုပ်လုပ်ရန်  (ဒေါင်းလုပ် လုပ်၍ရသော update(A1).zip အား ” update.zip” ဟုပြောင်းပါ)

၂။ A1_rooter.zip အားဒေါင်းလုပ်လုပ်ရန်

၃။ အပေါ်က အဆင့် ၁ နဲ့ ၂ မှာဒေါင်းထားတဲ့ ဖိုင်နှစ်ဖိုင်စလုံးကို အနည်းဆုံး1GB ပမာဏရှိတဲ့sd card ထဲထည့်ပီး အဲဒီ sd card ကို tablet ထဲသို့ထည့်ပါ။

၎။ Tablet ကို ပါဝါပိတ်ထားပါ။

၅။ Volume Down(-) ကိုနှိပ်ထားပီး Power ခလုတ်ကိုနှိပ်လိုက်ပါ။

၆။ စက်ပွင့်လာပီး Lenovo logo မှာရပ်နေပီဆိုရင် Volume down(-) ကို မလွှတ်ဘဲ power ခလုတ်ကိုပဲ နှိပ်ထားရာက လွှတ်လိုက်ပါ။

၇။ စက္ကန့်အနည်းငယ်ကြာရင် အမဲရောင်နောက်ခံမှာ အဝါရောင်စာတန်းလေးတွေနဲ့ recovery mode ဆိုတာကိုရောက်ပါပီ။

၈။ Volume down(-) ခလုတ်ကိုနှိပ်ထားရာက လွှတ်ပီး ၃ကြောင်းမြောက်လောက်မှာရှိတဲ့ Install zip from sd card ဆိုတာကိုရွေးပါ။ (volume ခလုတ်များနှင့်ရွေးပီး power ခလုတ်နဲ့ ရွေးချယ်(enter) ဝင်ရောက်ပါ။

၉။ ဝင်ပီးလို့ နောက်ထပ် Install zip from sd တွေ့ရင်လဲ ထပ်ဝင်ပီး အဆင့်၃မှာ ထည့်ထားခဲ့တယ် A1_rooter.zip ဖိုင်လေးကို ရွေးပေးလိုက်ပါ။

၁၀။ စာတွေ ဟိုလုပ်ဒီလုပ်လုပ်ပီးလို့ ပြီးသွားကြောင်း စာတက်လာရင် အောက်ဆုံးက Back ကိုရွေးချယ်သွားပီး Power off ကိုရွေးချယ်၍ စက်ကိုပိတ်လိုက်ပါ။

၁၁။ စက်ပြန်ဖွင့်လိုက်တဲ့ အချိန်ဆိုရင်တော့ App တွေရဲ့ နောက်ဆုံးနားလေးမှာ SuperUser App ကို ခန့်ခန့်ညားညား မြင်တွေ့သွားပီဆိုရင်တော့ root လုပ်ခြင်းလုပ်ငန်း ပီးဆုံးသွားပါပြီ။

မြန်မာ font သွင်းဖို့ကတော့ ဒီနေရာကို နှိပ်ပီး လုပ်နိုင်ပါတယ်။

 

 

Share.

About Author









4 Comments

  1. Paing Soe Linn. on

    အကို Lenovo A1_7 tab ပါ..အကိုပြောသလို recovery mode မှာ ..
ှုInstall နေရာမပေါ်လို့………….
    reboot system now
    wipe factory data reset
    wipe cache
    touch caliberation
    အဲဒါတွေပဲပေါ်ပါတယ်…ဘယ်လိုကွာလဲဆိုတာရယ်…ဘယ်လိုလုပ်ရင်ရနိုင်မလဲ သိချင်လို့………….

    • အကို အဲဒါ original recovery ထဲေ၇ာက်သွားတာ ဖြစ်မယ်ထင်တယ်… update.zip ကိုကော sd card ထဲထည့်ထားသေးလား….
      အားလုံးနဲ့ အဆင်မပြေရင် SuperOneClick နဲ့ root လဲရပါတယ်…. Drivers တွေ သေချာသွင်းထားဖို့လိုတယ်နော်…. adb driver သွင်းထားဖို့လဲ လိုမယ်ထင်တယ်….
      စမ်းကြည့်အကို…တချို့ device တွေက SuperOneClick နဲ့ရသွားတယ်

  2. lenovo a391! မှာ root လုပ်ပြီးသွားပြီ ကီးဘုတ် နဲ့ မြန်မာစာလည်းထည့်ပြီးသွားပြီ
    ဒါပေမယ့် ရေးလို့မရ ဖတ်လို့ မရဘူးဖြစ်နေတယ် ကီးဘုတ် မှာလဲ ဘာစာမှမပေါ်ဘူးဖြစ်နေတယ်
    အဆင်ပြေရင်ကူညီပါ ကျွန်တော် ဆိုဒ်တွေတော်တော်များများ ကိုရောက်ပြီးသွားပြီ အဆင်မပြေလို့
    ကူညီပါဦးနော် ကျေးဇူးတင်ပါတယ်

Leave A Reply


− 6 = one