HTC One X ကို root လုပ်နည်း

Share This
Tags



ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် ဖုန်းဟာ Bootloader Unlock ဖြစ်ရပါမယ်။ Bootloader Unlock လုပ်နည်းကို အောက်က link မှာဝင်ရောက်ကြည့်ရှုပါ။
HTC Bootloader Unlock လုပ်နည်း
ကွန်ပျူတာမှာ HTC ဖုန်း Driver သွင်းထားရပါမယ်။ မသွင်းရသေးဘူးဆိုရင် အောက်က link ကနေ driver ကိုရယူပြီး သွင်းထားပါ။
HTC Driver for Windows အားရယူရန်

HTC ဖုန်းကို root လုပ်ဖို့လိုအပ်တဲ့ tool ဖြစ်တဲ့ onxr.zip file လေးကို အောက်က link ကနေရယူထားပါ။

HTC One x root tool အားရယူရန်

-download လုပ်လို့ရလာတဲ့ Onxr ဇစ်ဖိုင်လေးကို ကွန်ပျူတာထဲမှာ ဖိုဒါတစ်ခုဆောက်ပြီး ဇစ်ဖြည်ထားပါ။
ဖုန်းရဲ့ USB Debugging ကို အမှန်ခြစ်ပေး (Enabled) လုပ်ထားပါ။ ဖုန်းရဲ့ setting ထဲက developer option ထဲမှာ USB Debugging ရှိပါတယ်။
ပြီးရင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးဖြင့်ချိတ်ဆက်ပါ။ ချိတ်ဆက်ရာမှာ ဖုန်းကို “Charge Only mode” မှာပဲထားပါ။ Charge Only mode ကိုဘယ်လိုထားရမလဲ ဆိုတော့ Notifications Bar ကိုဆွဲချလိုက်ပါ။ အဲဒီက USB Connection type ကိုနှိပ်လိုက်ပြီး “Charge Only” mode ကိုပြောင်းလို့ရပါတယ်။

ပြီးရင် ခုနက ဒေါင်းလွတ်လုပ်ပြီး ဇစ်ဖြေထားတဲ့ ထဲက root.bat ကို run လိုက်ပါ။ Linux အသုံးပြုသူတွေဆိုရင် root-linux.sh ကို run ရမှာဖြစ်ပြီး Mac Users တွေဆိုရင်တော့ root-mac.sh ကို run ရမှာဖြစ်ပါတယ်။ root လုပ်နေစဉ်အတွင်း စက်က reboot ခဏခဏကျပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင်တော့
All Application ထဲမှာ “#” သင်္ကေတလေးနဲ့ Super User ဆော့ဝဲလေးရှိနေပြီလားကြည့်ပါ။ ရှိနေပြီဆိုရင်တော့ root လုပ်တာအောင်မြင်ပြီဖြစ်ပါတယ်။

3 comments on “HTC One X ကို root လုပ်နည်း

  1. zaw linn on said:

    can not root

  2. zaw linn on said:

    အကိုရေ…
    root က လုပ်လို့မရဘူးဖြစ်နေတယ်။unlock မလုပ်ရသေးလို့လားမသိဘူး။
    ကျေးဇူးပြုပြီးကူညီပေးပါနော်။

  3. thuwunnaoscar on said:

    Hotlinking has been disabled for BriefMobile. Please visit BriefMobile.com for the file you are seeking. If you feel this is in error please email support at rainmotorsports.net with the subject briefmobile and details on the problem. your download link is broken???????????????

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Like Us on Facebook

Today Visit