Samsung Galaxy Note N7000 ကို Android 4.1.1 JellyBean (CynogenMod 10) တင်နည်း
Galaxy Note ကို Jelly Bean တင်သုံးချင်သူတွေအတွက်ပါ ။ လောလောဆယ် Galaxy Note အတွက် Official 4.1 version မထွက်သေးတဲ့အတွက် Custom Rom version ကိုတင်သုံးရမှာပါ။ အခုပေးမယ့် နည်းလမ်းကတော့ နာမည်ကြီး Custom Rom Developer Team ဖြစ်တဲ့ CynogenMod ကနေ ထုတ်လုပ်ထားတဲ့ Galaxy Note အတွက်ထုတ်လုပ်ထားတဲ့ Android 4.1.1 JellyBean (CynogenMod 10) Custom ROM ကိုတင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ဖုန်းကို root လုပ်ပြီးဖြစ်ရပါမယ်။
JellyBean (CynogenMod 10 ) တင်ဖို့အတွက်လိုအပ်တဲ့ဖိုင်နှစ်ဖိုင်ကို အရင်ရယူလိုက်ပါ။
Android 4.1.1 JellyBean (CynogenMod 10) ဖိုင်အားရယူရန်
နှစ်ဖိုင်စလုံးကို download လုပ်ပြီးပြီဆိုရင်တော့ နှစ်ဖိုင်စလုံးကို ဖုန်းရဲ့ sd card ထဲကိုထည့်ထားပါ။ ပြီးရင်ဖုန်းကို ပါဝါပိတ်လိုက်ပါ။
- ပြီးလျှင် recovery mode ထဲဝင်ပါ။
- Install the update zip from recovery ကိုရွေးပါ။ ပြီးလျှင် ခုနက sd card ထဲထည့်လိုက်တဲ့ Jelly Bean update ဖိုင်ကိုရွေးပေးလိုက်ပါ။
ဒါဆိုရင် JellyBean Custom Rom ကို စတင် install လုပ်နေပြီဖြစ်ပါတယ်။
- Install လုပ်ပြီးသွားရင် Install the update zip from recovery ထဲကိုပဲထပ်ဝင်ပါ။ ပြီးလျှင် ခုနက sd card ထဲထည့်လိုက်တဲ့ Google apps zip ဖိုင်ကိုရွေးပါ။
- ပြီးသွားလျှင် WIPE DATA/FACTORY RESET ချပါ။
-ပြီးလျှင် ဖုန်းကို reboot လုပ်ပါ။
ပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Android 4.1.1 JellyBean ROM အသစ်စက်စက်လေးနဲ့ လန်းနေပြီဖြစ်ပါတယ်။




















android file ယူလို့မရပါဘူး ။ ကျေးဇူးပြုပြီး ပြန်တင်ပေးပါခင်ဗျာ ။