U8825D ရဲ့ Root လုပ်နည်းလေး လာပြီဗျို့ 

- Root လုပ်ဖို့ အတွက် ပထမဆုံးလိုအပ်ချက် ဖုန်း Driverကို ဒေါင်းလုပ်ဆွဲရပါမယ်။
- ဒေါင်းလုပ် အတွက် လင့်က https://www.dropbox.com/s/nvq2to78o71txfj/Handset%2BWinDriver.rar ဖြစ်ပါတယ်။
- ဒေါင်းပြီးရင်တော့ ရလာတဲ့ rar ဖိုင်လေးကို ဖြည်ပြီး ကွန်ပျူတာထဲမှာ install လုပ်လိုက်ပါ။
- ဒုတိယ လုပ်ဆောင်ရမှာကတော့ ဖုန်းထဲက system settings>developer options> USB debugging လေးကို ကလစ်လေး ပေးလိုက်ပါ။
- အဲ့ဒါပြီးရင် ကျွန်တော်တို့ ကွန်ပျူတာနဲ့ ဖုန်းတို့ကို ချိတ်ဆက်ရန် အဆင်သင့် အခြေအနေသို့ ရောက်နေပါပြီ။
- ကျွန်တော်တို့ ရဲ့ဖုန်းကို bootloader ကို Unlock ဖို့ အတွက် http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock လင့်ကိုသုံးရပါ့မယ်။
- အဲ့လင့်ထဲရောက်သွားလျှင် အောက်တွင်ပါသော ပုံပါအတိုင်း လုပ်ဆောင်ရပါမည်။
- S/N number နဲ့ IMEI/MEID နံပါတ်တွေကို မိမိ၏ ဖုန်းကို ဘက်ထရီဖြုတ်လိုက်လျှင် တွေ့နိုင်ပါတယ် ခင်ဗျာ။
- Product ID ကိုတော့ ဖုန်းခေါ်သည့်နေရာတွင် *#*#1357946#*#* ရိုက်ထည့်ခြင်းဖြင့် တွေ့နိုင်မည်ဖြစ်ပါတယ်။
- Huawei ဆိုဒ်ထဲမှာလိုအပ်သည်များကို ဖြည့်ပြီးလျှင် အနီရောင် ခလုပ်လေးကို နှိပ်လိုက်ပါ
- ။ ကျွန်တော်တို့ Huawei ဆိုဒ်ထဲမှာဖြည့်ထားတဲ့ Email ထဲသို့ Huawei မှ Unlock code ပြန်ပို့ပေးပါလိမ့်မယ်။
- ပို့မည့်အချိန်ကတော့ ပုံမှန်မရှိပါဘူး ခင်ဗျာ။ ချက်ချင်းပြန်ပို့နိုင်သလို့ ၃ရက်မျှကြာတတ်သည်လည်း ရှိပါတယ်။
- unlock code ပို့ ပေးသည့်အချိန်ထိတော့ သည်းခံပြီး စောင့်ပေးပါ။ Unlock Code ရပြီဆိုလျှင် Bootloader ကို Unlock လုပ်တော့မည် ဖြစ်ပါသောကြောင့် မိမိ ဖုန်းထဲမှာ ရှိတဲ့ Contacts များ၊ SMS များနဲ့ အရေးကြီးဒေတာများကို Backup လုပ်ထားသင့်ပါတယ် ခင်ဗျာ။
- ကဲ Unlock လုပ်ဖို့ အကြောင်း ဆက်ပြောကြရအောင်။
- https://www.dropbox.com/s/pfhdbykms3imxr4/G330D%20a%20key%20to%20unlock.rar ကိုဒေါင်းထားပြီး ရလာသည့် rar ဖိုင်ကို ကွန်ပျူတာထဲတွင်ဖြည်ထားပါ။ ဖုန်းရဲ့ Settings>Application>Fast boot ကို ကလစ်ဖြုတ်ပြီး power off လိုက်ပါ။
- ပိုသေချာအောင် ဘက်ထရီကို ဖြုတ်ပြီး အနည်းဆုံး ၅စက္ကန့်လောက် အကြာထားလိုက်ပါ။
- ပြီးနောက် volume down နဲ့ power ခလုပ် ကိုတွဲပြီး ၁၅ စက္ကန့် လောက် အနည်းဆုံး နှိပ်ထားပြီး Bootloader mode ထဲကိုဝင်ပါ။ ပြီးလျှင် USB cable ဖြင့်ကွန်ပျူတာကို ချိတ်ပြီး အပေါ်မှာဒေါင်းပြီး ဖြည်ထားတဲ့ G330D a key to unlock ဖိုဒါထဲက G330D一键解锁.exe ဖိုင်လေးကို run ပေးလိုက်ပါ။
- Run ပြီး ပေါ်လာတဲ့ box ထဲမှာ မေးထဲကိုရောက်နေတဲ့ unlock coad ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်လျှင် ဖုန်းဟာ restart ကျသွားပါလိမ့်မယ်။ ဒါဆို bootloader ကို unlock လုပ်လို့ ပြီးပါပြီ။
- ကျွန်တော်တို့ CWM Recovery ဆက်တင်ကြည့်ကြရအောင်နော်။ CWM Recovery တင်ဖို့ဆိုရင် https://www.dropbox.com/s/61a0e0553cu7wwt/recovery6.0.1.2_AscendG330D.rar ဒီလင့်လေးကို အရင်ဒေါင်းပြီး။ Huawei ဖုန်းတွေရဲ့ ထုံးစံအတိုင်းဖုန်းကိုပိတ် ဘက်ထရီ ၅စက္ကန့်ဖြုတ် ပြန်တပ် volume down နဲ့ power ကိုတွဲနှိပ် ၁၀စက္ကန့်ခန့် 3G မှာရပ်နေပြီဆို fastboot mode ကိုရောက်ပါပြီ။ ဒါဆို ကွန်ပျူတာကို USP ကြိုး နဲ့ချိတ်လိုက်လို့ ညာဖက်အောက်နားက USP Drive လေးကိုရှာတွေ့လို ရပ်သွားပြီဆို ဒေါင်းထားတဲ့ recovery6.0.1.0_AscendG330D.rar လေးကို ဖြည်ထားတဲ့ ထဲက recovery6.0.1.2_AscendG330D.exe လေးကို run ပေးလိုက်ပြီး ပထမအဆင့်မှာ 1 ကိုရွေးပြီး Enter ၂ ခါ ရိုက်လိုက်တယ် ဆိုရင်ပဲ ဖုန်းဟာ rebooting ဖြစ်သွားပြီး CWM ကို သွင်းပြီး ဖြစ်သွားပါလိမ့်မယ်။ CWM ရမရ ကြည့်ချင်ရင် Volume up နဲ့ Power ကိုတွဲပြီး ၁၀ စက္ကန့်လောက် ကြာရင် CWM-based Recovery v6.0.12 ဆိုတာလေး ကိုတွေ့ရပါမယ်။
- ဆက်ပြီး root ကြည့်လိုက်ကြရအောင်ဗျာ။ https://www.dropbox.com/s/2ytam587dakpdp9/Root%20Recovery.zip လင့်လေးကိုဒေါင်းပြီး SD ကဒ်ထဲကို ကူးထည့်ပါ။ ပြီးရင် CWM လေးထဲဝင်လိုက်ပြီး install zip from sdcard ကိုရွေးပြီး ၀င်လိုက်ရင်ပဲ SD card ထဲကိုရောက်သွားပါမယ်။အဲ့ထဲမှာမှ sdcard ထဲ ကူးထည့်ထားတဲ့ Root Recovery.zip ဖိုင်လေးကို ရွေး ပေးလိုက်ပါ။ ဒါဆို root recovery.zip ဖိုင်လေးကို install လုပ်ပေးပါ့မယ်။ ပြီးရင်တော့ ဖုန်းကို reboot လုပ်ကြည့်လိုက်တယ် ဆိုရင်ပဲ Root လုပ်ပြီးသား Huawei U8825D ဖုန်းတလုံးကို ပိုင်ဆိုင်ခွင့်ရသွားပါပြီခင်ဗျာ။
PDF FILE အဖြစ်ရယူလိုရင် > https://www.dropbox.com/s/yaefss5tfdduryn/Root%20for%20U8825D.pdf <<
ပို့ ရေးသားသူ MMUG & MMAS မှ ကို ကြပ်ကလေးမှ ရေးသားချက်ဖြစ်ပါသည်။
ကူးယူဖေါ်ပြပါကhttp://www.myanmarmobileapp.com ဟု Credit ပေးပါရန်




















how to superuser update
အကိုရေ bootloader Unlock link ကသွားလို့မရဘူး 503 service Unavailable ကြီးပဲပေါ်နေတယ် ဘယ်လိုလုပ်ရမလဲ
u go to the end of page , u can see u8825d.pdf and download that one
Root တော့ဖြည်လို့ရတယ်ရှင့် မြန်မာ စာ တွေ ဖတ်လို့မရဘူး မြန်မာ ကီးဘုတ်တော့ရတယ်
ဘယ်လိုလုပ်ရမလဲ Font Changer run လိုက်ရင် need Root Access လို့ပြောပါတယ် ဘာဆက်လုပ်ရမလဲ ရှင်
if it asked u , access or deny
by the way .grant or deny, u go grant
samsung galaxy gio GT s 5660 ကို firmware မြင့်ချင်လို့
ဘယ်လို မြင့်ရမလဲမသိဘူး……………
အဖြူရောင်ရေ
Root Access ရရင် မြန်မာမိုဘိုင်းက Zaw Font Changer ကို ဖုန်းထဲထည့်ပါ။ Super User Permission တောင်းရင် ညာဘက်ကျိုနှိပ်ပါ။ ဖုန်း Reset ကျသွားပြီး ပြန်တက်လာရင် မြန်မာဖောင့်ရပါပြီ။
Phyoegyi
U 8825D ကနေ သွားလို့မရရကင် C8825D Root ရဲ့လင့်ကသွားလို့ရတယ်။ အတူတူပဲ။
unlock လဲ ပြီးပြီ cwm လဲပြီးပြီ root recovery.zip run ပြီးတော့ reboot ချလိုက်တာ font changer က root access မဖြစ်သေးဘူးပဲပြောနေတယ် ဘယ်လိုလုပ်ရမလဲခင်ဗျာ
Nikke
http://www.mediafire.com/download.php?ma5vpevwu5l570n
ှSuper SU ပေါ်တယ်ဆိုရင် ဒီလင့်ကလေးကိုဒေါင်းလုပ်ဆွဲပြီး ဖုန်းထဲထည့် Run ကြည့်ပါ။
(ko kyawzawthu)အစ်ကို ကျေးဇူးများကြီးတင်ပါတယ် အဆင်ပြေသွားပါပြီ
အလုပ်အကိုင်တွေအဆင်ပြေပြီး ဒီထက်မက တိုးတက်ပါစေ ခင်ဗျာ
recovery mode twin lo ma ya lo par.help par oo bro
recovery mode twin lo ma ya lo par.help par oo bro..U8950D par
T 8828 ဖုန်းရဲ့ Root လုပ်နည်းလေးလိုချင်လို့ပါခင်ဗျ ။ ကူညီပေးပါဦး။ U8825d ရဲ့ bootloader ကို unlock မလုပ်ပဲ root လုပ်လို့မရဘူးလားခင်ဗျ။
အကို ကျွန်တော့်နာမည် ကျော်လင်းအောင်ပါ ကျွန်တော်ဖုန်းက HUAWEI U8825 ပါ အကိုရေးထားသလို Bootloaderမှာဖြည့်တာမရဘူး ဖြစ်နေတယ် ဖြေပုံဖြေနည်းလေးတစ်ချက်လောက်ပြောပြပေးပါလားအကို Please
http://2.bp.blogspot.com/-YgksZNHhKEY/UD6_UMepl2I/AAAAAAAAAF0/_5gl_Ou0yrc/s640/2.png
အာ့ပုံလေးအတိုင်းဖြည့်လိုက်ဗျ.. ကျွန်တော်တော့အစဉ်ပြေတယ်… အားလုံးလဲအဆင်ပြေကြပါစေ
Volume up + Power တွဲနှိပ်ပြီး CWM ထဲဝင်လို့ မရဘူးဖြစ်နေတာ ကူညီပေးပါဦးဗျာ…
ရသွားပီဗျ… bootloader ကို unlock လုပ်တုန်းက ဖုန်းက factory reset ကျသွားပီးတော့ Fast Boot က ပြန်ပီ On သွားတော့ ၀င်လို့မရဖြစ်သွားတာ။ အဲဒါ Fast Boot ပြန် Off လုပ်ပီး ပြန်ဝင်လိုက်တာ ရသွားတယ်။ ကျေးဇူးပဲဗျို့…
Thanks You.
Thanks Ko kyawzawthu too.
thank you.
အကို ကျွန်တော် Bootloader မှာကို အနီရောင်ခလုတ်ကိုနှိပ်တာ အောက်မှာအနီရောင်စာတန်းပဲထပ်ခါထပ်ခါပေါ်နေတယ် …..
အဲဒါဘယ်လိုလုပ်ရမလဲ … ကျေးဇူးပြု့ပီးဖြေပေးပါ
ကျွန်တော့်တုန်းကတော့.. IMEID ကုဒ်ကိုပြောင်းပေးလိုက်တယ်… IMEI နဲ့မရလို့… (မှားသွားရင်လဲ sorry နော်)
ကျွန်တော့် c8825d က အချိန်တိုက်လို့မရဘူးဖြစ်နေတယ်ဗျာ…. ဘယ်လိုလုပ်ရမလဲတစ်ချက်လောက်ပြောပြကြပါဦး….ကျေးဇူးတင်ပါတယ်ခင်ဗျ
8825 IMEI ကုဒ်ထည့်တာ မရဘူး၊ IMEID ကုဒ်လည်းမတွေ့ဘူး၊ဘယ်လိုလုပ်ရမလဲ၊ အနီစာတန်း တွေပဲပေါ်နေတယ်၊ ကျေးဇူးပြုပြီးဖြေပေးပါ
ကျေးဇူးပါဘဲခင်ဗျာကျွန်တော်လိုပထမဆုံးစလုပ်တဲ့သူေ်အားလုံးအဆင်ပြေပါတယ်ဒါပေမယ့်root ဖောက်ပြီးမှဘက်ထရီပိတ်အားသွင်းရင်recovery mood ကြီးတက်လာတယ်ဖွင့်သွင်းရင်တော့အဆင်ပြေပါတယ်ဘာဖြစ်လို့လည်းဘယ်လိုလုပ်ရမလဲခင်ဗျာ
English language page for unlock request.
http://www.huaweidevice.com/worldwide/servicePolicy.do?method=toApplyUnlock
အကိုကျွန်တော်အသိဖုန်းက HUAWEI C8825 ပါ နာရီတိုက်တာတိုက်လို့မရလို့ကူပါဦးအကိုရာ Please……………………
နာရီတိုက်ဖို့ SIM Card ထုတ်ပြီးမှ တိုက်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
super user မှာ binary update fail ဖြစ်နေပါတယ်ခင်ဗျာ။
ကျေးဇူးပါအဆင်ပြေသွားပြီu8950d rootလုပ်နည်းတင်ပေးပါလား
ဖုန်းပိတ်ပြီး အားသွင်းရင် reboot now ဆိုတဲ့အဆင့်ကို ပြန်ရောက်သွားတယ်။ ဖုန်းဖွင့်ပြီးအားသွင်းရင်တော့ အစဉ်ပြေတယ်။ ဘယ်နည်းနဲ့ ဖြေရှင်းရင်ရမလဲဆို တာလေးဖြေပေးပါအုံး၊ အပေါ်မှာတစ်ယောက်မေးထားတာကို ပြန်ဖြေထားတာ မတွေ့လို့ ကျွန်တော်လည်း အခက်ကြုံနေလို့ပါ။
unlockboot မလိုတဲ့ Root မရှိဘူးလားအကို ရနေပြီလို့ကြားတယ်အကို ရှိရင်မျှဝေပေးပါအုံးနော်
ကျေးဇူးပါအကို
Unlock Code မတောင်းပဲ မြန်မာဖောင့် ထည့်လို့ရပြီလို့ ပြောကြတယ် သိရင်ရှယ်ပေးပါအုံး နောက် CWM ကpowerပိတ်ပြီးအားသွင်းရင် recovery ပဲတက်လာလို့  U8825D….C8825D တို့ နဲ့ အဆင်ပြေတဲ့ cwmလေးပါမျှပေးပါအုံးဗျာ
စိတ်မကောင်းစရာပါ သိတဲ့လူတွေလည်းပြောပြကြပါဦး
့ huawei U8825D မှာ 15 သိန်းတန် GSM SIM ကဒ်တွေ internet
မပွင့်ပါဘူးဗျာ ပွင့်တဲ့သူများ မည်သို့လုပ်ရမည်ကို ပြောပြပေးပါဗျာ
အဲဒိ sim card ကို အ သစ်ပြန်လျောက်လိုက်ပါ နော်။ ဘာလို့လဲ ဆိုတော့ mpt က internet လိုင်းကို huawei မှာ ၁၅ သိန်းတန် sim card က မရဘူး။ကျွန်တော် ကိုယ်တိုင်ဖြစ်ဖူးလို့ပါ။ sim card အသစ်လျောက်တာ ၂ ၇က်လောက်တော့ကြာပါတယ်။ sim card အသစ်နဲ့ဆို internet ပွင့်လိမ့်မယ်။အခုလက်၇ှိ sim card ကိုပဲ အပျက်စာရင်းတင် ပြီး ဒီနာပါတ်နဲ့ sim card အသစ်လျောက်လိုက်ပါနော်
unlock website မှာtip ပေးတာလေးမတွေ့ဘူးအကို ကျေးဇူးပြုပြီးဖြေပေးပါ
power နဲ့ volume down ကို တွဲနှိပ်တာ bootloader မပေါ်ဘူး ဖြစ်နေတယ် သိရင် ကူညီပေးကြပါအုံး
ကျန်တော့ဖုန်းက factory reset လုပ်လိုက်တာ ဘာမှမပေါ်လာတော့ဘူး
ကျေးဇူးအကိုရေ။ ဒါပေမယ့် စက်ပိတ်ပြီး usb ကနေအားသွင်းရင် recovery mode ပေါ်နေတယ်။ ဖုန်းဖွင့်ပြီး usb ကနေအားသွင်းရင်တော့အဆင်ပြေပါတယ်။ နည်းလမ်းလေးရှိရင် ကူညီပါဦးဗျာ။
U8825D ရဲ့ firmware ပြန်တင်ပုံလေး လိုချင်တယ်
ကျေးဇူးပြုလို့ တင်ပေးပါ
Y220t ရဲ့ Root Sofeware ၇ှိရင် တင်ပေးပါအုံး အစ်ကိုတို့ရေ
android ဖုန်းတွေ password ကျရင်ဘယ်လိုလုပ်ရမလဲ။ pattan lock ကျသွားရင်ကော ဘယ်လိုဖြေရမလဲသိချင်ပါတယ်။
http://myanmarmobileapp.com/android-%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%BD-%E1%80%B1%E1%80%99%E1%80%B7%E1%80%B1%E1%80%94%E1%80%90%E1%80%B2%E1%80%B7-pattern-%E1%80%B1%E1%80%9C%E1%80%AC%E1%80%B7%E1%80%81/ ဒီမှာတချက်ကြည့်ကြည့်ပါ… ^_^
ကျနော် အစ်ကိုတို့ ရေးထားတဲ့အတိုင်းတစ်ဆင့်ပြီးတစ်ဆင့်လုပ်ပါတယ်…ဒါပေမယ့် မြန်မာကီးဘုတ်သွင်းပြီးတော့ ကီးဘုတ်တော့ပေါ်လာတယ်…ဒါပေမယ့် မြန်မာလိုရေးရင် မပေါ်ဘူးဖြစ်နေတယ်… setting ထဲမှာလည်း frozen keyboard ပြောင်းပြီးပါပြီ…အဲဒါဘာကြောင့်မရတာလဲ မသိဘူး…ကျေးဇူးပြုပြီးပြောပြပေးပါ….
အကိုအရင်ကမြန်မာဖောင့်ပြောင်းနည်းအတိုင်းးးးးး Droidsan.ttf ကို RootExplorer သုံးပြီးချိန်းလိုက်အကို……..
အဆင်ပြေသွားပြီဗျာ…. ကျေးဇူးပဲအကိုရေ ….
ဗဟုတုသတိုးပွားပါစေဗျာ…. ကျွန်တော်တို့လိုဘာမှ မသိသေးတဲ့လူတွေအတွက် အားကိုးရာ ဖြစ်အောင်လို့ဗျာ.. ဟီ.. Thanks
U8825D Firmware လေးရှိရင်တင်ပေးစေချင်ပါတယ်
U8825-1 jellybean တင်ချင်လို့ ထွက်ပြီလားသိချင်လို့ပါ
အကိုရေကျွန်တော်Rooting လို့ဖို့ အကို တို့ပြောထားသလို Huawei website ထဲဝင် တဲ့အခါအကို ကျွန်တော် တရုတ်စာ မဖတ်တတ်လို့အခက် အခဲ ဖြစ်နေ လို့ အကို ကျွန်တော့် ကို ကျေးဇူးပြုပြီး ကူညီပေးလို့ရမလား အကိုရေ
http://www.facebook.com/l.php?u=http%3A%2F%2Fwww.huaweidevice.com%2Fworldwide%2FservicePolicy.do%3Fmethod%3DtoApplyUnlock&h=ZAQHAhgVV&s=1
အကိုရေ SRS root ( one click root tool) can get permission?
Anyway, your instruction about how to root U8825 is really great. Thank a lot.
thanks a lot my brother…I want to know how to fill S/N number / IMEI/MEID Product ID. I haven’t success although I had tried. Please may i know how to fill these codes to Huawei site.
ကျေးဇူးပါကိုကြက်ကလေးရေ
အကို အဲ့ဒါကို ဖုန်းနဲ့ ကွန်ပျူတာ USB ကြိုးက အလုပ်လုပ်နေရင်း အချိန်မှာ ချိတ်ထားရမှာလား ဒါမှမဟုတ် ကွန်ပျူတာထဲမှာပဲ run ရမှာလား
t8828 root လုပ်နည်းလေး တင်ပေးပါအုံးခင်ဗျာ
thanks
huawei U8825D မှာ Internet icon E သည် Internet Speed နှေးသည်။
Speed မြန်သော icon H သို့ ပြောင်းချင်ပါသည် ။
*#*#4636#*#* နှိပ်ပြီး Pref: မှာ cdma only ပြောင်းပေးလိုက်ရင်ရပါတယ်။ တစ်ခါတစ်လေတော့ အဆင်မပြေတာရှိတယ်နော် သူငယ်ချင်း
thank par brother…
အကို bootloader ကို unlock လုပ်ဖို့အတွက် link က china language နဲ့ပေါနေလို့မရဘူးဖြစ်နေတယ်ကူညီပါဦး
ကျေးဇူးအရမ်းတင်တယ်ဗျာ
အစ်ကို ဖုန်းနဲ့ပဲ root တင် လို့မရဘူးလား ခင် ဗျာ။ ကျေးဇူးပြု ပြီး ဖြေပေးပါ ။ကျွန် တော့ handset က u8825D ပါ။ ပြီးတော့ version မြှင့်လို့လည်း ရပါသလား။
ကျနော်ကတော့ဘယ်လိုမှနားမလည်တော့ပါဘူးဗျာ ကျနော် U 8825D က ကုဒ် နာပါတ်လေးတွေပေးလိုက်မယ်
တစ်ဆိတ်လောက်ကူညီပြီး လုပ်ပေးလို့ရမလားမသိဘူးနော် ဒီကConnection မကောင်းတော့ အဆင်မပြေဖြစ်နေရတာပေါ့ ကူညီမယ်ဆိုရင် ပြန်ပြောပေးပါနော် ကုဒ်လေးတွေပို့လိုက်ပါ့မယ် ကျေးဇူးတင်ပါတယ်
အကိုရေ u8950d က ဖုန်းပိတ်ပြီးအားသွင်း huawei logo ပေါ်နေတယ် ဖွင့်ပြီးသွင်းရင်ရတယ် ဘယ်လိုလုပ်ရမလဲ ပြောပေးပါဦး
xperia S ko yaw bal lo root lote lal link lay pay par ohn…please.
အကိုရေ huawei G520-0000 root ဘယ်လိုလုပ်ရမလဲ?ဖြစ်နိုင်ရင်အခုတင်ပေးပါလား
root လုပ်ပြီးမြန်မာဖောင့်ဘယ်လိုထည်.ရမလဲ
huawei site mar t yout ko ma thone that bull
kaungthihazaw pyaw tha lo par pall
hote tall kaungthihazaw pyaw tha lo pall
G520-0000 root လုပ်နည်းလေးကျေးဇူးပြုပြီးတင်ပေးပါလားဗျာ။ အခက်အခဲဖြစ်နေလို.ပါ။ ကျေးဇူးပါ။
ကျေးဇူးပါနော်အကို