C8825D အတွက် Root ရပါပြီ…………

Share This
Tags

ဒီပို့ကတော့နည်းနည်းလေးကြာပါပြီ….ကျွှန်တော် Blog မှာအရင် ကတင်ခဲ့တဲ့ပို့ ပါပဲ……..

MMAS က Member တွေအတွက်တင်ပေးလိုက်ပါတယ်……

ပထမဆုံး ဖုန်းရဲ့ အချက်အလက်တွေကို ကြည့်ရပါမယ်။
၁။ Serial Number ကြည့်ရမယ်။
၂။ IMEiD (International Mobile Equiment Idenity) ကြည့်ရမယ်။
၃။ product ID ကြည့်ရမယ်။

Serial Number ကိုဖုန်းကျောမှာရေးထားတဲ့နံပါတ်ကိုကြည့်ရမယ်။
ဥပမာ။            ။                 N5T4CB9261909742

MEiD ကို *#06#နှိပ်ပြီးကြည့်ရမယ်။
ဥပမာ။          ။                a0000036e0bb98

Product ID ကို Call log မှာ *#*#1357946#*#* ကိုနှိပ်ပြီး ကြည့်ရမယ်။
ဥပမာ။         ။                  32038913

အာလုံးကိုမှတ်ထားပြီး
ဒီ Link မှာ Register လုပ်ရပါမယ်။
http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock

တရုတ်လိုတွေရေးထားပါတယ်။လုပ်ရမယ့်လမ်းစဉ်တွေကို ရေးပေးထားပါတယ်။

ပထမဆုံးစာကြောင်းကိုကိုယ့်ရဲ့ Email လိပ်စာထည့်ပါ။
ဥပမာ။            ။             myanmarmobileapp@gmail.com

ဒုတိယစာကြောင်းက Category ရွေးခိုင်းတာပါ။အောက်ဆုံးကဟာကိုရွေးပေးလိုက်ပါ။

တတိယစာကြောင်းက Type ကိုရွေးခိုင်းတာပါ။Hawei C8825Dကိုရွေးပေးလိုက်ပါ။

စတုတ္ထစာကြောင်းက IMEiD ကိုရေးခိုင်းထားပါ။

ပဉ္စမစာကြောင်းက Product ID code ရေးပေးလိုက်ပါ။

အားလုံးဖြည့်ပြီးရင် အနီလေးကို နှိပ်လိုက်ပါ။

၂ရက်၊၃ရက်လောက် ကြာရင် Huawei ကနေ mail ပိုပေးပါလိမ့်မယ်။

Huawei ကပို့တဲ့ mail မှာ Code ၁၆ လုံးတွေပါလိမ့်မယ်။ မှတ်ထားလိုက်ပါ။ Unlock လုပ်ဖို့ Code တွေပါ။

Unlock လုပ်ရမဲ့နည်းလမ်းလေးဖော်ပြပေးလိုက်ပါတယ်။

Window Key + R ကို နှိပ်ရင် Run Box တက်ပါတယ်။

Run Box မှာ Cmd ရိုက်ပါ။

ရိုက်ရမဲ့ ပုံစံကို အောက်မှာရေးပြထားပါတယ်။

ဒီနည်းကတော့ နည်းနည်းလေး ပိုလုပ်တက်ချင်သူတွေအတွက်ပါ။

Fastboot.rar

ကိုဒေါင်းလိုက်ပါ…

ဖုန်းကိုပါဝါပိတ်လိုက်ပါ…

Volume Down + Power ကိုနှိပ်လိုက်ရင် Fastboot mode

Logo မှာရပ်နေပါလိမ့်မယ်…

ပြီးရင်တော့ ဒေါင်းထားတဲ့ Fastboot.rar ကို Extract လုပ်လိုက်ပါ…

Phone နဲ့ Computer နဲ့ချိတ်လိုက်ပါ….

ပြီးရင် ဒေါင်းထားတဲ့ Fastboot Folder မှာ Shift + Right နှိပ်လိုက်ရင်

 

Open Command Window Here ဆိုပြီးပေါ်လာပါလိမ့်မယ်…

နှိပ်လိုက်ရင် CMD Box ချလာလိမ့်မယ်..

 

Fastboot oem unlock နဲ့ Huawei ကပေးတဲ့ Unlock Code ၁၆ လုံးရိုက် Enter နှိပ်

Cmd ထဲပြန်ဝင်ပြီး Fastboot devices ကို Enter နှိပ်

Fastboot oem get-boot info ကို ရိုက်ပြီးကြည့်လို့ရပါတယ်။

Unlock ဆို Unlock, Lock ဆို Lock ပြပါတယ်။

ဒါဆိုရင် Unlock လုပ်ငန်းစဉ်ပြီးသွားပါပြီ။

Unlock လုပ်ပြီးရင်တော့ Root လုပ်လို့ရပါပြီ။

Root ဖိုင်လေးကို  ကျွှန်တော် တော်တော်ဒေါင်းယူလိုက်ရတာပါ။

ပြန်တင်ပေးတော့လည်းတော်တော်ကြာတယ်တင်ရတာ။

အားလုံးအဆင်ပြေအောင်မူရင်းလင့်မှာသွားမဒေါင်းနေပါနဲ့တော့။

အသစ်တင်ပေးလိုက်ပါတယ်။

C8825 DRoot.zip (DropBox)

C8825DRoot.zip  (Mediafire)

C8825D Recovery.zip  (DropBox)

C8825D Root.rar  (နှစ်ခုစလုံးကိုပေါင်းပေးထားပါတယ်)  (Dropbox)

 

Password: phyochan

Unlock လုပ်ဖို့ Software လေးပါထပ်တင်ပေးလိုက်ပါတယ်။

ဒီနည်းကတော့လွယ်ချင်သူတွေအတွက်ပါ…….

Volume Down + Power ကိုဖိနှိပ်ပြီး Fastboot Mode ၀င်မယ်…

Logo မှာရပ်နေရင် ကြိုးထိုးလိုက်…..

Unlock.exe ကို Run ပြီး Code 16 လုံးရိုက်….

အဆင်ပြေသွားပါလိမ့်မယ်..

သတိထားကြပါ…. Unlock လုပ်ပြီးရင် ဖုန်းကို လုံးဝ ပြန်တက်လာတဲ့အထိစောင့်ပေးပါ…

Root မလုပ်ပါနဲ့အုံး….

လုံးဝပြန်တက်လာမှ Root ကိုဆက်လုပ်ပါ…

မဟုတ်ရင် Recovery Mode မှာ လည်နေပါလိမ့်မယ်.

 

Unlock.exe  (DropBox)

Unlock.exe   (Mediafire)

Password: phyochan

Root လုပ်နည်းကတော့ လွယ်ပါတယ်။

Huawei Driver အရင်ထည့်လိုက်ပါ။

Huawei Driver.zip   (DropBox)

ပြီးရင်တော့ (MMSD)c8825d_recovery_5030_v1.exe ကို Run ထားပါ။

Unknown Source, Usb Dubgging ကို အမှန်ခြစ်ပါ။

ဖုန်းကို ပါဝါပိတ်ပါ။ Battery ဖြုတ်ပါ။

နာမည်ပြောင်းပေး ပါ….. (MMSD)¡¾netded.com¡¿c8825d_root.zip ကို update.zip လို့ပြောင်းပါ.

SD Card ထဲကို update.zip ကို ထည့်လိုက်ပါ။

Fastboot Mode ၀င်အောင် Volume down + Power ကို ဖိနှိပ်ပါ။ Logo မှာရပ်နေပါလိမ့်မယ်။

Usb ထိုးပြီး Computer နဲ့ချိတ်လိုက်ပါ။

Run ထားတဲ့ Recovery.exe ကို Enter ၂ခေါက်လိုက်ပါ။

အားလုံးပြီးစီးရင်တော့ ဖုန်းကို Battery ဖြုတ်လိုက်ပါ။

ပြီးရင် Recovery ၀င်လိုက်ရအောင်

Volume up+ Power ကို ဖိနှိပ်လိုက်ပါ။

Recovery mode ၀င်သွားရင်တော့ ငါးကြောင်းမြောက်က  Update.zip ကို ရွေးလိုက်ပါ။

/sd card/update.zip ကိုရွေးပါ။

ပြီးသွားရင်တော့ (MMSD)¡¾netded.com¡¿c8825d_root.zip ကိုရွေးပေးလိုက်ရင်ရပါပြီ။

ကဲ Super User ရပြီပေါ့နော်….

အစဉ်ပြေပါစေနော်….

အဆင်မပြေရင်ဆက်သွယ်မေးမြန်းနိုင်ပါသည်……

ဖြိုးချမ်း (phyochansoftware2012@gmail.com)

 




၈၁ လမ်း ၊ ၄၅ x ၄၆ လမ်းကြား ၊ မန္တလေးမြို့ ရှိ Myanmar Mobile App Store ၏ Mobile Repairing Service & Training Center တွင် လူကြီးမင်းတို့ရဲ့ Android OS သုံးဖုန်းအမျိုးအစားအစုံ ၊ iOS သုံး iPhone/Pad/Pod touch များစသည့် Device များတွင်ဖြစ်တတ်သည့် Problem ၊ Software Error များကိုဖြေရှင်းပေးခြင်း - Firmware တင်ပေးခြင်း ၊ - Myanmar font /keyboard ထည့်သွင်းခြင်း - ဖုန်း Root/Jailbreak လုပ်ခြင်းနှင့် အခြား Mobile Software Service များကို ဈေးနှုန်းသက်သာစွာဖြင့်လာရောက်ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Myanmar Mobile App Store | Mobile Service Center ၈၁ လမ်း ၊ ၄၅ x ၄၆ လမ်းကြား ဖုန်း- ၀၉ ၉၁၀ ၃၃၁၃၄


ကြေညာချက်။ ။ ဖုန်းထဲကနေ မြန်မာဖုန်းဆော့ဝဲလေးတွေရော ၊ နိုင်ငံခြား ဖုန်းဆော့ဝဲလေးတွေရော Download ရယူနိုင်မယ့် Free APK Market ကို ရယူလိုပါက ဒီနေရာကို နှိပ်ပါ


About the Author

Displaying 17 Comments
Have Your Say
  1. waiyanoo says:

    C8825D မှာ GSM အင်တာနက်သုံးမရဘူးပြောတယ်၊
    သုံးမရဘူးဆိုဒီနံပါတ်လေးရိုက်လိုက်ပါ။
    *#*#2580#*#* ရိုက်လိုက်ရင် enable data Gsm service
    ပေါ်လာရင်အမှန်ခြစ်လိုက်ပါ၊ပြီးရင်အင်တာနက်ချိန်လိုက်ပါရပါလိမ့်မယ်

  2. နှင်းဆီ says:

    Thank, အောင်မြင်ပါစေ။
    အထူးအကြံပြုချက်။ zawgyi font ကို Internation stantard ဖြစ်ဖို့ ဘယ်လို ကြိုးစားကြမလဲ။ တစ်ဦးတစ်ယောက်အနေနဲ့ မဖြစ်နိုင်ရင် အဖွဲ့အစည်းတစ်ခုနဲ့တော့ ဖြစ်နိုင်မလား။ မြန်မာစာ မရှိရင် မြန်မာလူမျိုးတို့ပျောက်သကဲ့သို့ Internet စနစ်မှာလည်း မြန်မာတို့ရဲ့ မြန်မာစာစနစ်ဟာ ခိုင်မာသော မြန်မာစာစနစ်သို့ ကို အသုံးပြုနိုင်ရင် ဘယ်လောက်ကောင်းမလဲ လို့ ….. ရင်ထဲ ဆန္ဒသာဖြစ်ပါသည်။ ကျွန်တော်တို့က စားသုံးသူတွေသာဖြစ်သည်။ ကြိုးစားနေသူများကို အထူးကျေးဇူးတင်လျက်……. နှင်းဆီ..

  3. ဝေဖြိုး says:

    Unlock လုပ်ဖို. software နဲ. လုပ်တဲ.နေရာလေး မရှင်းလို.ဗျာ software ကို run ပြီး unlock code 16 လုံးထည်.ပြီး ဘာလုပ်ရမလဲခင်ဗျ …ဖုန်းကို ကွန်ပြူတာနဲ. ချိတ်ထားရမှာလား ပြောပြပေးပါဦးနော်

  4. kyawzawthu says:

    Root လုပ်တဲ့နောက်ဆုံးအဆင့်မှ အဆင်မပြေဘူးခင်ဗျ။ နံပါတ်(၅) /sd card/update.zip ကိုနှိပ်လိုက်တော့ ကျွန်တော်တို့ SD ထဲမှာထည့်ထားတဲ့ ဖိုင်ကို ရှာမတွေ့ဘူးပဲပြောနေပါတယ်။ ကျေးဇူးပြုပြီး ကူညီပါအုံး။
    ကျေးဇူးတင်လျှက် …

  5. kyawzawthu says:

    ကိုဝေဖြိုး unlock လုပ်ဖို့အတွက် ခင်ဗျားရဲ့ဖုန်းမှာ usb debugging ကိုအမှန်ခြစ်၊ fast boot ပိတ် ၊ပါဝါပိတ်၊ ဓါတ်ခဲဖြုတ် ခဏစောင့်၊ ပြီးရင်ဓါတ်ခဲပြန်တပ်၊ Volume Down+Power ကိုတွဲ နှိပ်ထား logo မှာရပ်နေလိမ့်မယ်။ ပြီးရင် ကွန်ပျူတာမှာ unlock run. ပြီးရင် ကွန်ပျူတာနဲ့ ဖုန်းကို usb နဲ့ချိတ် Enter ခေါက် အဲဒီမှာ Unlock ဖြစ်မဖြစ် ပြလိမ့်မယ် ။

  6. tun tun says:

    root ရသွားပါပြီ ကျေးဇူးပါ ဒါပေမယ့် Super User က တရုတ်လိုကြီးဖြစ်နေတယ်

  7. Kyaw Naing says:

    fastboot.rar ko bal lo download bal lo loke ya ma lae, ?

  8. Ko Thet says:

    U8828 အတွက် Root software လေးလိုချင်ပါတယ်၊ကြိုးစားပေးပါဦးခင်ဗျာ

  9. KYAWTHET says:

    အကိုေ၇ u8825d ကိုunlock တောင်းတာမရဘူးဗျ.ကူညီပေးပါဦးနော်.Imei A0000036E16F1A..s/d C8U4CC9282006529 i.d 24734106 ပါ မေးလ် နဲ့ပို့ပေးပါလား

  10. winkokochit says:

    Huawei U8825D အတွက်ကော Root ရရင် တင်ပေးပါအကို

  11. yekyawmin says:

    အစ်ကိုရေအဆင်မပြေဘူးဗျ ပုံလေးနဲ့ပြန်ပြောပြပါလား အစ်ကို

  12. kopoolay says:

    FASTBOOT.RAR ID OUT OF BANDWIDTH …………… HOW.. CAN WE DO….

  13. ခွန်ရဲုင်းမောင် says:

    ကျတော်ဆမ်ဆောင်ဂလပ်ဆီဝိုင်GT-S5360ဆော့ဝဲအသစ်ရချင်လို့ဗျပို့ပေးပါအုံးနော်

  14. moezat says:

    fastboot file က down လို့ မရတော့ဘူးအစ်ကို ကူညီပေးပါအုံး

  15. sailone says:

    Thanks.

  16. blackjack says:

    plz give me rar password….thz

Leave a comment

XHTML: You can use these html tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>


one × 4 =