Published On: Thu, Dec 27th, 2012

Sony Xperia T LTE

Share This
Tags




Xperia T ကို Skyfall ရုပ်ရှင်ဇာတ်ကားမှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပေမယ့် Xperia T LTE ကိုတော့ 4G Network မှာ သုံးစွဲနိုင်ဖို့ အတွက် ထုတ်လုပ်လိုက်တဲ့ Xperia Series ထဲက အရည်အသွေးမြင့် စမတ်ဖုန်း တစ်လုံးအဖြစ် သတ်မှတ်နိုင်ပါတယ်။ Sony ဟာ Ericsson နဲ့ လမ်းခွဲပြီးနောက်ပိုင်း သူတို့ရဲ့ ဖုန်းတွေကို ပုံစံရော ဒီဇိုင်းပိုင်းမှာပါ ပြောင်းလဲလာခဲ့ပြီး သူတို့ရဲ့ ယခင် ပါဝင်နေကြဖြစ်တဲ့ မိုဘိုင်း Bravia Engine နဲ့ တွဲဖက်ပြီးတော့ အခြား Hardware အမြင့်စားတွေနဲ့ ထုတ်လုပ်လာခဲ့တယ်။ Xperia T LTE ဟာ ပုံမှန် 3G ကွန်ရက်တွေအတွက် မဟုတ်ဘဲ 4G LTE ကွန်ရက်မှာပါ သုံးစွဲနိုင်မှာဖြစ်ပြီး ၂၀၁၂ အောက်တိုဘာလက ထုတ်ဖော်ကြေညာခဲ့တာပါ။ 148g သာရှိပြီး 4.55″ မျက်နှာပြင်အကျယ်ရှိတဲ့ Xperia T LTE ကို TFT Capacitive ထိတွေ့ မျက်နှာပြင်နည်းပညာကို သုံးစွဲထားပါတယ်။ 323ppi ရှိတဲ့အတွက်ကြောင့် ပုံရိပ်ဖော်ပြနိုင်စွမ်း မြင့်မားပြီး Multitouch ကို 4 Fingers ထောက်ပံ့ပါတယ်။ ဖုန်းမျက်နှာပြင်ကာကွယ်မှုအတွက်တော့ အခြားစမတ်ဖုန်းတွေလို မဟုတ်ဘဲ အစင်းရာဒဏ်ခံနိုင်ရုံနဲ့ ပြုတ်ကျမှု ရုတ်တရက် လွတ်ကျမှုတွေကနေ ခံနိုင်စွမ်းရှိရုံသာ ပေးထားပါတယ်။

Android OS 4.0.4 မောင်းနှင်အားကို ရရှိမှာဖြစ်ပြီး ကင်မရာ ဖုန်းလို့တောင် ခေါ်ဆိုနိုင်ပါတယ်။ ကင်မရာက 13MP ရှိပြီး ဓာတ်ပုံရိုက်ကူးတဲ့နေရာမှာ 4128 x 3096 pixel အရည်အသွေးရှိတဲ့ ပုံရိပ်တွေကို ပေးစွမ်းမှာဖြစ်ပြီး ဗီဒီယို ရိုက်ကူးမှုအတွက်တော့ 1080p HD ရအောင် ရိုက်ကူးနိုင်မှာပါ။ Dual-Core 1.5GHz CPU ဖြစ်ပြီး SnapDragon S4 Chipset ပါတဲ့အတွက်ကြောင့် Website တွေပေါ်မှာ ဝင်ရောက်ကြည့်ရှုတာနဲ့ ဂရပ်ဖစ်အရည်အသွေးမြင့်မားတဲ့ ဂိမ်းတွေဆော့ကစားတဲ့ နေရာမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့နိုင်ပါလိမ့်မယ်။ ဖုန်းတွင်း အချက်အလက် သိမ်းဆည်းနိုင်ဖို့အတွက် 16GB အထိ ပေးစွမ်းထားပြီး 1GB RAM ပါဝင်တယ်။ SD Card ကနေ တစ်ဆင့်တိုးမြှင့်ချင်တယ် ဆိုရင်တော့ 32GB အထိ တိုးမြှင့်နိုင်ပါတယ်။ Cloud Store သိမ်းဆည်းမှုအတွက်တော့ 50 GB အထိ ပေးစွမ်းထားပြီး အချိန်အကန့်အသတ်နဲ့သာ ရရှိမှာ ဖြစ်ပါတယ်။ Browser သုံးစွဲမှုအတွက်ဆိုရင် HDML.5 ဖြစ်တဲ့အတွက်ကြောင့် Web ပေါ်မှာ စာသားတွေ ကြည့်ရှုတဲ့အခါမှာ ရှင်းလင်းပီသနိုင်ပြီး sensor လေးမျိုး သုံးစွဲနိုင်ပါတယ်။ NFC နည်းပညာ ပါဝင်ပြီး ဖုန်းရဲ့ အရှေ့ဘက် ကင်မရာဟာ 1.3 MP ရှိတဲ့အတွက်ကြောင့် Facetime ပြောဆိုမှုတွေမှာ အဆင်ပြေစေပြီး 4G LTE မှာ သုံးစွဲနိုင်တဲ့ ဖုန်းတွေထဲမှာ ကင်မရာ အဖြစ်ပါ အသုံးတော်ခံနိုင်မယ့် စမတ်ဖုန်းပါ။

ကိုးကား – Mobile Guide ဂျာနယ်




၈၁ လမ်း ၊ ၄၅ x ၄၆ လမ်းကြား ၊ မန္တလေးမြို့ ရှိ Myanmar Mobile App Store ၏ Mobile Repairing Service & Training Center တွင် လူကြီးမင်းတို့ရဲ့ Android OS သုံးဖုန်းအမျိုးအစားအစုံ ၊ iOS သုံး iPhone/Pad/Pod touch များစသည့် Device များတွင်ဖြစ်တတ်သည့် Problem ၊ Software Error များကိုဖြေရှင်းပေးခြင်း - Firmware တင်ပေးခြင်း ၊ - Myanmar font /keyboard ထည့်သွင်းခြင်း - ဖုန်း Root/Jailbreak လုပ်ခြင်းနှင့် အခြား Mobile Software Service များကို ဈေးနှုန်းသက်သာစွာဖြင့်လာရောက်ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Myanmar Mobile App Store | Mobile Service Center ၈၁ လမ်း ၊ ၄၅ x ၄၆ လမ်းကြား ဖုန်း- ၀၉ ၉၁၀ ၃၃၁၃၄


ကြေညာချက်။ ။ ဖုန်းထဲကနေ မြန်မာဖုန်းဆော့ဝဲလေးတွေရော ၊ နိုင်ငံခြား ဖုန်းဆော့ဝဲလေးတွေရော Download ရယူနိုင်မယ့် Free APK Market ကို ရယူလိုပါက ဒီနေရာကို နှိပ်ပါ


About the Author

- Thet Naing Soe (http://www.facebook.com/thetnaing.mmas) --- Founder of Myanmar Mobile App (www.myanmarmobileapp.com)

Displaying 2 Comments
Have Your Say
  1. ဆိုနီ ဖုန်းတွေမှာ floating touch နည်းပညာ ပါတယ်လို့သိရပါတယ်
    ဘယ်မော်ဒယ်လ် တွေမှာ အဲဒီ့နည်းပညာပါဝင်သလဲဆိုတာသိပါရစေခင်ဗျ။

Leave a comment

XHTML: You can use these html tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>


five × = 40