Smart Phones များအတွက် Sailfish OS အသစ်
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှ ထွက်လာတဲ့ မိုဘိုင်း ဖုန်းတွေ အတွက် မောင်းနှင်စနစ် (Mobile Operating System) အသစ်တစ်ခုပါ။
သူဟာ အခြား MOS တွေလိုပဲ Linux ကို အခြေခံပြီး တည်ဆောက်ထားတဲ့ OS တစ်ခုပါ။ Smart Phones တွေ Tablets တွေ အတွက် အဆင်ပြေစေမယ်လို့ ထုတ်လုပ်တဲ့ Company/Developer ဖြစ်တဲ့ Jolla က ကြွေးကြော်ထားပါတယ်။
SDK ကို Mer OS မှာ အခြေခံထားပါတယ်။ Mer ဆိုတာကို အသေးစိတ်လေ့လာချင်ရင်တော့ အောက်ကလင့်ခ်မှာ ၀င်လေ့လာနိုင်ပါတယ်။
Android နဲ့ ပုံစံ ခပ်ဆင်ဆင်လေးပါပဲ။ သူ့ကို အသုံးပြုဖို့ Nokia တို့ Samsung တို့လို Smart Phones Company ကြီးတွေနဲ့ ချိတ်ဆက်ထားပြီိလို့လည်း သိရပါတယ်။
Developer တွေ ကတော့ Jolla’s Sailfish OS ကို လုံးဝ Open Source ဖြစ်အောင် support ပေးမယ်လို့ ဆိုကြတယ်။
UI (user interface ) ကို ကြည့်ရင်တော့ Nokia ရဲ့ Symbian နဲ့တူသလိုရှိပြီး Android နဲ့လည်း ခပ်ဆင်ဆင်ပါ။ Graphic UI နဲ့ လာမှာပါ။
သူ့မှာ run ရမယ့် applications တွေအတွက်လည်း Sailfish market မှာ ၀င်ပြီး User များ ရယူသုံးဆွဲနိုင်မှာပါ။
ထူးထူးခြားခြား ဆန်းသစ်မှုတွေကို အရင် သုံးနေကျ OS တွေနဲ့ မတူပဲ Mobile Users များကို ဆွဲဆောင်ထားတယ်လို့ ကြုံးဝါးထားပါတယ်။
လွတ်လပ်သော နည်းပညာခေတ်မှာ လွတ်လပ်သော Open Source ကို အသုံးပြုနိုင်အောင် Sailfish က စွမ်းဆောင်မှာပါ။
Sailfish OS ကို အသုံးပြုတဲ့ ဖုန်းတွေဟာ တန်ဖိုးအားဖြင့် သက်သာနိုင်ပြီး ပစ္စည်းကောင်းကိုင်ရမယ်လို့ ကြော်ငြာထားပါတယ်။ ဒီနှစ်ထဲမှာ အလုံးအရင်းနဲ့ ဈေးကွက်ကို ထိုးဖောက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
နည်းပညာတွေ အပြိုင်ကြဲမယ့် ၂၀၁၃ ခုနှစ်ရဲ့ ဆန်းသစ်သော နည်းပညာတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်လာမယ့် SAILFISH OS ဟာ ဘယ်လိုပုံစံနဲ့ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြရအော်ဗျာ။။။။
အောင်မြင်မလား ကျရှုံးမလား တစ်ခုခုပေါ့။
အပြည့်အစုံလေ့လာလိုသူများ




















Nokia N8 မှာ ထည့်သုံးချင်လို့ ညွှန်ပါဦး…ဘယ်သွားရမယ်…ဒါမှမဟုတ်…ဘယ်လိုလုပ်ရမယ်ဆိုတာလေး…ဖုန်းဆက်ပြောပြရင်လဲ ရပါတယ်..အဓိက ကတော့ ဖုန်းက- လေးနေတာရယ်..နောက်- မြန်မာဖောင့်မရတာရယ်ကြောင့်ပါ…
ကျေးဇူးပါနော်…ဦးဇင်းဖုန်းက ..092054306