Published On: Wed, Jan 23rd, 2013

Mobile Reviews: HTC Butterfly

Share This
Tags



လက်ရှိအချိန်မှာ HTC ရဲ့ အကောင်းဆုံး ထုတ်လုပ်ထားတဲ့ ဖုန်းအဖြစ် သတ်မှတ်လို့ရပြီး 5″ မျက်နှာပြင်နဲ့ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေထဲမှာ Buterfly ဟာ ပါဝင်လာပြန်တယ်။ သူ့ရဲ့ အမျိုးမျိုးသော လုပ်ဆောင်ချက်တွေဟာ သုံးစွဲသူတွေ အပေါ်မှာ စွဲဆောင်မှုအား အရမ်းကြီးလွန်းသွားတော့ သူ့ကို 4G သုံးလို့ ရတဲ့ဖုန်း Gorilla Glass 2 သုံးထားတဲ့ဖုန်း ဒါမှမဟုတ် ppi အမြင့်ဆုံး ဖုန်းအနေနဲ့တောင် သတ်မှတ်ခံထားရတော့ သုံးစွဲသူတွေအတွက် ဘယ်ဘက်က ကြည့်ကြည့် ရွေးချယ်ဝယ်ယူမိမှာပါ။ 4.1 Jelly Bean နဲ့ ထွက်လာမယ့် Butterfly ဟာ HTC ရဲ့ One Series ဖုန်းတွေ တည်ဆောက်ထားတဲ့ ပုံစံက ခွဲထွက်လာတယ်လို့ ဆိုနိုင်တယ်။

One Series ဖုန်းတွေဟာ ဒီဇိုင်းပိုင်းအရ ကောင်းမွန်လွန်းတယ် ဆိုပေမယ့် Butterfly လို ကိုင်လိုက်တဲ့အခါမှာ အလိုက်သင့် ရှိနေဖို့ မလွယ်ဘူး HTC ဟာ 5″ အကျယ်ရှိတဲ့ စမတ်ဖုန်းလို့ ဆိုပေမယ့် အခြား စမတ်ဖုန်းတွေလို မျက်နှာပြင် ကျယ်ပြန့်မှုကို မခံစားရအောင် ပြုလုပ်ထားတယ်။ Super LCD 3 ထိတွေ့ မျက်နှာပြင်နဲ့ 441 ppi တို့ ပေါင်းစပ်လိုက်တဲ့ အခါမှာ သုံးစွဲသူတွေဟာ HD Movie တွေကို အပြည့်ဝဆုံး ခံစားလာနိုင်လိမ့်မယ်။ Micro Sim Card အမျိုးအစားကို သုံးစွဲရမှာဖြစ်ပြီး 1.5 GHz quad-core processor ကို သုံးစွဲထားပြီး ဘတ္ထရီနဲ့ အခြားပုံရိပ်ဖော်ပြနိုင်စွမ်းတွေ ကောင်းမွန်အောင်လို့ Adreno 320 ဂရပ်ဖစ် ယူနစ်ကလည်း ထောက်ပံ့ပေးလိမ့်မယ်။ ကင်မရာက 8MP ဆိုပေမယ့် 3264×2448 pixel အရည်အသွေးရှိတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ပြီး ဗီဒီယို ရိုက်ကူးမှုအတွက်က 1080p HD အရည်အသွေးပါ။ မျက်နှာမှတ်မိသိရှိနိုင်ဖို့ ဒါမှမဟုတ် ဓတ်ပုံရိုက်တဲ့လူ များစွာထဲက ကိုယ်အဓိကထား ရိုက်ကူးချင်တဲ့ မျက်နှာကို မှတ်မိသိရှိထားနိုင်မှုဆိုတဲ့ လုပ်ဆောင်မှုတွေက ကင်မရာ တစ်လုံးလောက်နီးပါး စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။

အချက်အလက် သိမ်းဆည်းနိုင်ဖို့အတွက် 16GB လို့ ဆိုပေမယ့်လည်း အမှန်တကယ် သုံးစွဲသူတွေအတွက် ရရှိမယ့် အကန့်အသတ်က 11GB လောက်သာပဲ ရှိပါတယ်။ 2GB RAM ပါဝင်ပြီး ဒုတိယ ကင်မရာငယ်ကလည်း 2.1MP နဲ့ ထောက်ပံ့ပေးလိုက်တဲ့ အခါမှာတော့ Butterfly ဟာ Super ဖုန်းတွေထဲမှာတော့ ထိပ်ဆုံးအဆင့် ရှိပါတယ်။ HTC ရဲ့ နောက်ပိုင်းဖုန်းတွေမှာ ပါဝင်လာခဲ့တဲ့ Beat Audio စနစ်ကိုလည်း သုံးစွဲသူတွေဟာ မြင်တွေ့ရဦးမှာဖြစ်ပြီး HTC Sense ဟာ ဗားရှင်းဖုန်း မဟုတ်ဘဲနဲ့ အသစ်ပါ။ ပိုမိုခန့်ထည်တဲ့ ဒီဇိုင်းနဲ့ အနက်ရောင် ကိုယ်ထည်ကို ကိုင်ဆောင်ရာမှာ ဖြစ်ပြီး တည်နေရာပြ စနစ်ဟာ အသေးစိတ် အချက်အလက်တွေကို ဖော်ပြနိုင်စွမ်းအထိ ရရှိနိုင်မှာပါ။ HTC ရဲ့ ကောင်းကွက်တွေထဲမှာ အဓိက အားသာချက်အဖြစ် Corning Gorilla Glass 2 ကိုသုံးထားတဲ့ အခြားစမတ်ဖုန်းတွေလိုပဲ Quad-core processor နဲ့ ပွဲထွက်လာတယ်။ သူလိုကိုယ်လို 4G သုံးနိုင်ပါလိမ့်မယ်။ Butterfly သုံးတဲ့သူတိုင်း အခွင့်အရေး တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Dropbox မှာ 25GB သိုလှောင်နိုင်ခွင့်ပါ။ Beat Audio နဲ့ Active noise ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ HTC ဟာ အကောင်းဆုံးဆိုတဲ့ ဖုန်းတွေ ဈေးကွက်ကို ရောက်ရှိစေခဲ့ပါပြီ။ သုံးစွဲသူတွေဟာ ဘတ္ထရီလည်း ပိုမိုကောင်းမယ်။ quad-core လည်း သုံးမယ်ဆိုရင်တော့ HTC Butterfly ဟာ ဝယ်ယူသင့်ပြီး အခြားဖုန်းတွေလို 64GB အထိ တိုးမြှင့်နိုင်မှာ မဟုတ်ဘဲ 32GB အထိသာ တိုးမြှင့်နိုင်မှာပါ။ USB ကလည်း 2.0 သာ ရှိသေးပြီး Bluetooth ကိုတော့ 4.0 သုံးစွဲနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် အချက်အလက် ပေးပို့နိုင်စွမ်းတွေ ပိုမိုမြန်ဆန်ပါလိမ့်မယ်။

အဓိကထူးခြားချက်ကတော့ မြန်မာဘာသာစကားကို ထည့်သွင်းပေးထားခြင်းဖြစ်ပြီး မြန်မာကီးဘုတ် Built-in ပါဝင်ပါတယ်။ Myanmar 3, ပိတောက် , စံမြန်မာ , ဇော်ဂျီ စတဲ့မြန်မာဖောင့်များကို အထောက်အပံ့ပေးထားပါတယ်။ ဖုန်းရဲ့ System function များအားလုံးကို မြန်မာလိုအသုံးပြုနိုင်မှာပါ။

Camera

8MP ကင်မရာဟာ HD Video နဲ့ image ကို အချိန်တိုတွင်း မှတ်သားသိမ်းဆည်းဖို့ တာဝန်ယူပေးပါလိမ့်မယ်။

Hardware

1.5GHz quad-core processor နဲ့အတူ Adreno 320 GPU တို့ကြောင့် ဘတ္ထရီ တာရှည်ခံမယ့်အပြင် လုပ်ဆောင်နိုင်စွမ်း ပိုမြန်ဆန်မယ်။

Feature

Beat Audio စနစ်က စမတ်ဖုန်းကနေ သီချင်းနားထောင်နေရတာနဲ့ မတူဘဲ စတူရီယိုထဲ ရောက်သွားသလိုမျိုး အသံရသ ပေးစွမ်းမယ်။

ကိုးကား – Mobile Guide ဂျာနယ်

About the Author

- Thet Naing Soe (http://www.facebook.com/thetnaing.mmas)-------------------------- Founder of Myanmar Mobile App (www.myanmarmobileapp.com) -- ကျွန်တော်ကဘာလဲ.... မင်းကဖောက်ထွင်းမြင်ရတယ်.. အားတက်သရောလဲစီးဆင်းတယ်။ ဒါပေမယ့် ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘူး.. အဲဒါကြောင့်.. ရေတံခွန်

4 comments on “Mobile Reviews: HTC Butterfly

  1. ဈေးနှုန်းဘယ်လောက်လဲ သိချင်ပါတယ် thank alot

  2. Nyein Chan Wai on said:

    ဟီး အကုန်ကြိုက်တယ် ဈေးလေးပဲမကြိုက်တာဗျ သွားကြည့်ပြီးပြီူးဈေးကတော့ကောင်းဘူး 580000 တဲ့

  3. ZAI MYO on said:

    မြန်မာနိုင်ငံမှာရောင်းတဲ့ HTC Butterflyက 3G ပဲထင်တယ်4G(LTE) မဟုတ်လောက်ဘူး။အဲဒါကြောင့် ၅သိန်းကျော်လောက်ပဲပေးရတာ။

  4. myatnothu on said:

    မြန်မာစာ စနစ်က မြန်မာနိုင်ငံအတွက်သီးသန့် ပို့တာလား တခြားနိုင်ငံကိုရောက်တဲ့ဖုန်း မှာရောအသုံးပြုလို့ရပါသလား ၀ယ်မလို့သွာကြည့်တာ မြန်မာစာစနစ်မတွေ့လို့ပါ အတူတူဆိုရင် ဘယ်လိုလုပ်ရမလဲ ကျေးဇူးပြု၍ ဖြေကြားပေပါ။

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Like Us on Facebook

Today Visit