iOS 6 to 6.1 ကို Untethered Jailbreak လုပ်နည်း (Tutorial)

iOS 6 to 6.1 ကို Untethered Jailbreak လုပ်နည်း (Tutorial) အနေနဲ့တင်ပေးလိုက်ပါတယ်။ iOS 6 မှ 6.1 အထိ တင်ထားတဲ့ iPhone/Pad/Pod touch အားလုံးကို Untethered Jailbreak လုပ်နိုင်မှာဖြစ်ပါတယ်။
အဆင့် (၁) ။ ။ Jailbreak လုပ်ဖို့အတွက် လိုအပ်တဲ့ jailbreak tools ဖြစ်တဲ့ evasi0n jailbreak tool for windows ကိုအောက်က link မှာရယူပါ။
Evad3rs jailbreak tool for iOS 6-6.1 အားရယူ၇န်
အဆင့်(၂)။ ။ download လုပ်လို့ရလာတဲ့ ဇစ်ဖိုင်ထဲက evasi0n.exe file ကို run ပါ ။

အဆင့်(၃)။ ။ မိမိတို့ရဲ့ iPhone/Pad/Pod touch များကို usb ကြိုးဖြင့် ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ iPhone/Pad/Pod touch ကို Passcode ပေးထားတယ်ဆိုရင်ဖြုတ်ထားပါ။ Passcode ဖြုတ်နည်းကတော့ Settings > General > Passcode Lock > ထဲကိုဝင်ပြီး Turn Passcode Off လုပ်လိုက်ပါ။
အဆင့်(၄)။ ။ iDevices ကိုကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကို Evasi0n ဆော့ဝဲကသိပြီဆိုရင် Evasion ဆော့ဝဲထဲက Jailbreak ဆိုတဲ့ခလုတ်လေးက မှိန်နေရာကနေ လင်းလာပါလိမ့်မယ်။

အဆင့် (၅) ။ ။ Jailbreak ပြုလုပ်ဖို့ရန်အတွက် Jailbreak button ကိုနှိပ်ပါ။
အဆင့် (၆) ။ ။ Evasi0n က မိမိရဲ့ device ကိုစတင် jailbreak လုပ်ပါလိမ့်မယ်။ မိနစ်အနည်းငယ်ခန့်ကြာပါမယ်။



အဆင့် (၇) ။ ။ iDevices မှာ Lock screen ပြန်ပေါ်လာရင် Slide toUnlock your device bar ကို slide လုပ်ပါ။ “Jailbreak” ဆိုတဲ့ နာမည်နဲ့ icon လေးကိုတွေ့ရပါမယ်။ အဲဒီ Jailbreak app icon လေးကိုတစ်ကြိမ်နှိပ်ပါ (တစ်ကြိမ်ပဲနှိပ်ပါ)။ အဲဒီမှာ screen က ခေတ္တ black screen ဖြစ်သွားပြီးပြန်တက်လာရင် ခုနကလိုပဲ Jailbraeak နာမည်နဲ့ icon လေးကိုတစ်ကြိမ်ပဲထပ်နှိပ်ပါ။

အဆင့် (၈)။ ။ Evasi0n က jailbreak data တွေကိုဆက်လက်သွင်းပါလိမ့်မယ်။ အဲဒီအချိန်မှာ iDevices ကိုတခြားဘာမှမလုပ်ပါနဲ့။

အဆင့် (၉)။ ။ Jailbreak process ပြီးပြီဆိုရင် “Exit” ဆိုတဲ့ button ပြပါလိမ့်မယ်။ iDevices Screen မှာလည်း “Done” ဆိုတဲ့ Warning ပြပါလိမ့်မယ်။iPhone/Pad/Pod touch ဟာ reboot ဖြစ်သွားပါမယ်။ reboot နှစ်ခါလောက်ကျပါတယ်။ နည်းနည်းစိတ်ရှည်ပေးပါ။


အဆင့် (၁၀)။ ။ reboot လုပ်ရာကနေ ပြန်တက်လာပြီဆိုရင်တော့ evasi0n logo ကို screen ပေါ်မှာအကြီးကြီးနဲ့တက်လာမှာဖြစ်ပါတယ်။ တစ်ခါပြန်ကျသွားပြီး နောက်တစ်ခါ evasi0m logo ပြန်တက်လာပါမယ်။ ပြီးရင် Lock Screen အနေအထားကိုစတင်ေ၇ာက်ရှိသွားပါမယ်။ Slide to unlock bar ကို slide ဆွဲပြီး home screen ပေါ်ကိုဝင်လိုက်ရင်တော့ Cydia icon ကိုစတင်မြင်၇ပြီဖြစ်ပါတယ်။

ဂုဏ်ယူပါတယ်။ သင့်ရဲ့ iOS 6 တင်ထားတဲ့ i device ကို evasi0n ဆော့ဝဲကိုအသုံးပြုပြီး အောင်မြင်စွာ jailbreak လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
Jailbreak လုပ်နည်းကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။


















friend, how i install myanmar font and keyboard, help me pls.
အကိုရေ http://myanmarmobileapp.com/category/ioskeyboard/ လင့်မှာ ios 5.1.1 မြန်မာစာ ကီးဘုတ်ထည့်နည်းအတိုင်းထည့်လို့ရပါတယ်ခင်ဗျ။
Thankyou friends.
ကျေးဇူးပဲ ကိုပိုးညို… Share တွားပီ
iPhone4S, iPhone 5 & New iPad တွေမှာရော..လုပ်လို့ရပြီလား…
Iphone5s Mar Tot Ya Pi..:P
Finding offsets လို့ပေါ်ပြီးဆက်မတက်တော့ဘူး
iphone5 ka 6.0 mhar a sin ma pyay pa buu
ကျေးဇူးပါပဲအကိုရေ ရှောရှောရှူရှူပဲ ရသွားပါတယ်ခင်ဗျ။ မြန်မာကီးဘုတ်ကျတော့ 6+ နဲ့ပဲ သွင်းလိုက်ပါတယ်။ အဲမှား ကိုရှာမတွေ့ပဲ ‘ ကိုနှိပ်တော့း ပြန်ထွက်လာပါတယ်။ ကျေးဇူးပါနော်။
ipad mini မှာ JB လုပ်တာရသွားပါပီ…ဒါပေမယ့်.. game တွေ application တွေ သွင်းတာ မရလို့ပါ… သွင်းပီး အဲဖိုင်ကိုဝင်လိုက်ရင် မရဘဲ ပြန်ပြန်ထွက်သွားတယ်…..
sa ya lote tal lo ma htin pa nal.ios app hmar crack nal copyright so tarr 2 myo shi pa tal.copyright so mi mi ko tai app store ka buy htarr mha install lote lo ya mhar.crack ka cydia ka app sync for ios 6+ ko install lote mha a sin paya twar mhar
မြန်မာဖောင်.ရော jailbreak ရောရပီ နောက်ဆုံးပိုင်း Android Lock – XT Crack တို. Barrel Crack တို. Install လုပ်မရဘူး ဖြစ်နေတယ်..
ipad2မှာလုပ်တာcydiaတော့ရသွားတယ် manage account ထဲဝင်လို့မရဘူးဖြစ်နေတယ် အကောင့်တွေလုပ်ခိုင်းတာ rock id ထခိုင်ဲး့လို့ အဲကနေမကျော်နှိုင်တော့ဘူးဖြစ်နေတယ် ဘယ်လိုလုပ်ရမယ်ဆိုတာ ကူညီကြပါအုံးနော်
အဆင့် ၇ မှာတစ်နေတယ်ဗျ…jailbreak icon ပေါ်မလာဘူးဗျ..ဘယ်လိုလုပ်ရမလဲ…ပြောပြကြပါဦး…
အတူတူ ပဲ ဗျို့ …. ကျွန်တော်လဲ အဆင့် ၇ မှာ တစ်နေတယ် .. jailbreak icon ပေါ်မလာဘူးဗျ
IOS 6.1 မှာ 3GS အတွက် Network Unlock ရပြီလား ပြောပြပေးပါဦးဗျာ။ Upgrade လုပ်ပြီးမှ မရမှာစိုးလို့ပါ။ ကျေးဇူးတင်ပါတယ်
New ipad ကို jailbreak လုပ်ပြီး. ခဏခဏ. Restart. ကျနေတယ်. Game. တွေထဲကိုဝင်ရင်. ပြောပြပါဦး
iphone5 6.02 မှတော့ ok တယ်ဗျာ ကျေးဇူးပဲဗျာ
Hey ဒီ website http://goo.gl/Vuswb မှာနောက်ဆုံး version iOS 6.1.3 Jialbreak နည်းကိုသူ Tutorial ပြထားပါတယ်။
Hey ဒီ website ► http://goo.gl/Vuswb ◄ မှာနောက်ဆုံး version iOS 6.1.3 Jialbreak နည်းကိုသူ Tutorial ပြထားပါတယ်။
ကျွန်တော်ရဲ့ Iphone 5 မှာ Evad3rs jailbreak tool for iOS 6-6.1 အဲ့ဒီ ဆော့ဝဲလ်ကို Run ပြီး လုပ်တာ jaibreak tool လေးက မှိန်နေတယ် ဖုန်းနဲ့လဲ ချိတ်ထားပြီးပြီ ဘယ်လိုလုပ်ရမှာလဲ ပြောပြပါအုန်း