မြန်မာ့ဆက်သွယ်ရေးမှ အရာရှိ ရှစ်ဦးကို အများနှင့်ဆိုင်သော ပစ္စည်းကာကွယ်သည့် ဥပဒေဖြင့် တရားစွဲမည်

Share This
Tags

ရန်ကုန်၊ ဖေဖော်ဝါရီ-၂
ပြည်ထဲရေး ၀န်ကြီးဌာနလက် အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေးဌာနက တာဝန်ယူစစ်ဆေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိ ရှစ်ဦးကို အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်သည့်ဥပဒေ (အပက-၃)ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်မှု၊ ပြည်တွင်းဆက်သွယ်ရေးကဏ္ဍအ တွက် ၎င်းတို့သုံးစွဲသည့် စက်ပစ္စည်းများ၏ေõဈးနှုန်းပမာဏများကို မူရင်းနှုန်းထားများထက် အဆများစွာ ပိုမိုတင်ပြတောင်းခံမှုအပါအ၀င် အခြားသော သံသယရှိဖွယ်ပြဿနာများအတွက် ယခုကဲ့သို့ ပုဒ်မ ၄၀၉ မှ အပက-၃ သို့ ပြောင်းလဲတရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ပုဒ်မ ၄၀၉ ဖြင့် စစ်ဆေးခံနေရသည့် အဆိုပါ ပုဂ္ဂိုလ်ရှစ်ဦးသည် အပက-၃ သို့ ပြောင်းလဲတရား စွဲဆိုခံရပြီး ပြစ်မှုထင်ရှားသည်ဆိုပါက အနည်း ဆုံးထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ကြောင်း နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းဌာန၏ ဒုတိယရဲမှူးကြီးဝင်းစိန်ကပြောသည်။

“အခုအချိန်မှာ ပြောနိုင်တာက ပုဒ်မ ၄၀၉ ကနေ အပက-၃ ကိုတက်ဖို့ကတော့ သေချာနေပါ တယ်။ ပြစ်မှုမြောက်ရင်တော့ ဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာကတော့ ဒီထက်အများကြီး မသိရသေးဘူးဖြစ်နေတယ်။ စစ်ဆေးဆဲကာလက မတက်သေးဘူးပေါ့” ဟုအထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

အပက-၃ ဖြင့် တရားစွဲဆိုခြင်းကို နှစ်လအတွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

အရာရှိရှစ်ဦးတွင် ယခင်က မိုဘိုင်းအင်ဂျင်နီယာချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည့် လက်ရှိမြန်မာ့ဆက်သွယ်ရေး၏ အထွေ ထွေမန်နေဂျာ အပါအ၀င် အင် ဂျင်နီယာချုပ် အဆင့်ရှိသူများနှင့်အတူ မြန်မာ့ဆက်သွယ်ရေးနှင့် အနီးစပ်ဆုံး လုပ်ငန်းတစ်ခုဖြစ် သော ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် အကျိုးတူ
ပူးပေါင်းထားသော အခြားပုဂ္ဂလိက လက်ခြေခံကုမ္ပဏီ အချို့မှ တာဝန်ရှိသူအချို့လည်း စစ်ဆေးမေးမြန်းမှုများတွင် ပါဝင်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

Ref & Credit to 7 Days News Journal

About the Author

- Thet Naing Soe (http://www.facebook.com/thetnaing.mmas)-------------------------- Founder of Myanmar Mobile App (www.myanmarmobileapp.com) -- ကျွန်တော်ကဘာလဲ.... မင်းကဖောက်ထွင်းမြင်ရတယ်.. အားတက်သရောလဲစီးဆင်းတယ်။ ဒါပေမယ့် ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘူး.. အဲဒါကြောင့်.. ရေတံခွန်

4 comments on “မြန်မာ့ဆက်သွယ်ရေးမှ အရာရှိ ရှစ်ဦးကို အများနှင့်ဆိုင်သော ပစ္စည်းကာကွယ်သည့် ဥပဒေဖြင့် တရားစွဲမည်

  1. အခုလိုလုပ်တာကောင်းတယ်

  2. Hi.my dear …..

  3. skysea1957 on said:

    တရားစွဲတာနောက်ကျနေပြီ၊ဦးနေ၀င်းမြေးတွေကစပြီးဒီနေ့အထိတာဝန်ရှိသူတွေကိုတရားစွဲထောင်ချရမှာ။နိုင်ငံတကာထက်ထူးခြားတဲ့ဈေးနှုံးတွေ။၅သိန်း။၁၀သိန်း။၁၅သိန်း။တဖြေးဖြေးတက်ဝါးကြတယ်။ကနဦးတပ်ဆင်ခ၊အဆောက်အဦ။တာဝါတိုင်။ကေဘယ်ကြိုးတွေကြောင့်ပါလို့ဆင်ခြေပေးခဲ့တယ်။ဒို့၁၅သိန်းဖိုးစီစိုက်ပြီးလုပ်ခဲ့ရတာ။နိုင်ငံတကာမှာဆိုရင်ဒါဟာshare Holder တွေပဲ။မကြေနပ်ရင်၊ရှယ်ယာ၁၅သိန်းပြန်ထုတ်ယူခွင့်ရှိတယ်။ရဲမှုခင်းဂျာနယ်မှာတော့နဲနဲလေးခိုးတာဓာတ်ပုံနှင့်ဖော်ပြတယ်။အခုရှစ်ယောက်ကိုဂျာနယ်အားလုံးမှာဖော်ပြသင့်တာပေါ့။

  4. tintunaung on said:

    edrft
    mbvgh

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Like Us on Facebook

Today Visit