မိုက်ခရိုဆော့ခ်ရဲ့  စမတ်ဖုန်းဈေးကွက်ဟာ အမှားတစ်ခုပါ – ဘီလ်ဂိတ်

Share This
Tags

 

မကြာသေးမီက CBS နဲ့ အင်တာဗျူးတော့ ဘီလ်ဂိတ်ဆီက ထွက်လာတဲ့ စကား ဖြစ်ပါတယ်။

စမတ်ဖုန်းဈေးကွက်ကို ဝင်ရောက်လာခြင်းဟာ အမှားတစ်ခုဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံလာတော့ စီအီးအို Steve Ballmer  မျက်နှာ ဘယ်နား သွားထားတော့မလဲလို့တောင် Comment တွေတက်ခဲ့ပါတယ်။

ပြောလည်းပြောလောက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ Windows Phone OS သုံးတဲ့ စမတ်ဖုန်း တစ်လုံး ရှာပြပါဆိုရင် တော်တော်လေး မိုဘိုင်းဖုန်း ဆိုင်အနှံ့ သွားရမယ့် ကိန်းရှိပါတယ်။ Windows Phone 8 OS သုံးပါတယ် ဆိုတဲ့ Nokia Lumia နောက်ဆုံးထွက်တွေ လိုချင်ပါတယ် ဆိုရင်တောင် ဘယ် တော်ရုံ မိုဘိုင်းဖုန်းဆိုင်မှ အော်ဒါ မမှာပေးရဲပါဘူး။ မမှာပေးရဲတာ မဟုတ်ပါဘူး။ မှာရခက်တာ ဖြစ်ပါတယ်။

ဒီမှာတင်သိနိုင်ပါတယ်။ စစ်တမ်းအရလည်း Microsoft ရဲ့  Windows စမတ်ဖုန်းဟာ ကမ္ဘာ မိုဘိုင်းဈေးကွက်မှာ ၅ ရာခိုင်နှုန်းထက် လျော့နည်း တယ်ဆိုတာကိုလည်း ဝမ်းနည်းစွာပဲ တွေ့ရှိခဲ့ရပါတယ်။ ဒါတောင် Microsoft က ကိုယ်ပိုင်ဖုန်း မထုတ်သေးပါဘူး။ OS ပဲရှိပါသေးတယ်။ ကိုယ်တိုင် လည်း ဖုန်းထုတ်တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ ဘီလ်ဂိတ်နဲ့ လုံးဝ မသက်ဆိုင်ကြောင်း ကြေညာ လိုက်တဲ့ သဘောသဘောပါပဲ။ Microsoft တို့ Xbox ထုတ်မယ်တုန်းက တက်တက်ကြွကြွ ပါဝင်ခေါင်းဆောင်ခဲ့တဲ့ ဘီလ်ဂိတ်တစ်ယောက် စမတ်ဖုန်း ဈေးကွက်ဝင်ဖို့ကျတော့ အသံတိတ်နေခဲ့ပါတယ်။ အသံပဲ တိတ်တတာလား၊ ပြောခွင့်မရှိတာလားတော့ မသိ Windows Phone OS ကတော့ User တက်မလာသေးတာ အမှန်ပါပဲ။ ဒီကြားထဲ ဘီလ်ဂိတ်က ဒါဟာ အမှားတစ်ခုပါလို့ ဆိုလိုက်တော့ Windows Phone OS ရဲ့  ဘဝက သနားစရာလေး ဖြစ်သွားရပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် Microsoft သာ စမတ်ဖုန်း ထုတ်မယ့် ဖုန်းတွေသာ တရုတ် Huawei တို့လို ဈေးသက်သက်သာသာနဲ့ ရမယ်၊ လွယ်လွယ်ကူကူနဲ့ ရမယ်ဆိုရင် မြန်မာပြည်မှာ အမာခံ ပရိတ်သတ်တွေ ပေါ်လာအုံးမယ်လို့ အတွေး ပေါက်မိပါသေးတယ်။

-
Ref: CBS
Aung Kham (TSJ team)

————————————————–
Ref & Credit to TechSpace Journal

About the Author

- Thet Naing Soe (http://www.facebook.com/thetnaing.mmas)-------------------------- Founder of Myanmar Mobile App (www.myanmarmobileapp.com) -- ကျွန်တော်ကဘာလဲ.... မင်းကဖောက်ထွင်းမြင်ရတယ်.. အားတက်သရောလဲစီးဆင်းတယ်။ ဒါပေမယ့် ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘူး.. အဲဒါကြောင့်.. ရေတံခွန်

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Like Us on Facebook

Today Visit