Galaxy SII [I9100G] ကို Official V4.1.2 တင်ပြီး Root ကြမယ်

Share This
Tags

Galaxy SII [I9100G] ကို Official V4.1.2 [XXLSR] တင်ပြီး Root ကြရအောင်

Root-Galaxy-SII-GT-I9100G-jelly-bean

 

SII [I9100G] official version 4.1.2 အတွက် စစထွက်လာတဲ့ Firmware လေးရဲ့ PDA ကတော့  ZCLSF လေးပါ အဲဒီပို့စ်လေးကစထွက်ကတည်းကတင်ထားပေးခဲ့ပါတယ်… Server အပြောင်းအလဲထဲပါသွားသည့်အတွက်ကြောင့်ရယ်..ကျတော့်ရဲ့ Mediafire Account လေး Block ခံခဲ့ရတဲ့အတွက်ရယ်ကြောင့် ပို့စ်လေးပျက်သွားခဲ့သလို  အဲဒီ Firmware Link လေးလဲ ပျက်သွားခဲ့ရပါတယ်

အခုတော့ အသစ်ထပ်တင်ပေးလိုက်ပါတယ် အခုတင်ပေးထားတဲ့ PDA Version [XXLSR] လေးက ကျတော်တို့မြန်မာပြည်မှာကိုင်ဆောင်နေတဲ့ SII [I9100G]သမားများအတွက်သင့်လျော်ပါတယ် ဆရာကြီးအထာနဲ့ ဟိဟိ..တကယ်တမ်းကျတော့ ဘာမှသိဝူး  :P

Android 4.1.2 XXLSR Firmware Details:

PDA: I9100GXXLSR
CSC: I9100GXEFLSR
Version: 4.1.2
Date: 28-1-2013
Regions: France

လေကြောရှည်မိသွားပြီ ခိခိ..လိုအပ်တာလေးတွေဒေါင်းရအောင်ဗျာ..နော့် ;)

Samsung Driver Or Kies

Odin v3.04

Firmware I9100G 4.1.2 XXLSR

==============!!!  Password => MMAS    !!!==============

Firmware ကိုဒေါင်းယူပြီးရင် Unzip လုပ်ပေးလိုက်ပါ အထဲမှာ Md5 File လေးတခုပါပါတယ်

Odin ကို RUN ပေးလိုက်ပါ… PDA မှာ အဲဒီ tar Md5 ဖိုင်လေးကိုသွင်းထည့်ပေးလိုက်ပါ

ဖုန်းကို Power Off ပြီး Download Mode ၀င်ရအောင်=== > (Home+Volume Down+Power) / Warning {Continue:volume up} ဆိုရင် Volume Up ကိုတချက်နှိပ်ပေးလိုက်ပါ Downloading ဆိုတာပေါ်သွားပါလိမ့်မယ် အဲဒါဆို ကွန်ပျူတာနဲ့ချိတ်ဆက်လို့ရပါပြီ (မသိသေးသူများအတွက်သာပါ  ;)    )

ပြီးရင်တော့ကြိုးချိတ်ပေးလိုက်ပါ

Odin ကနေဖုန်းကိုသိပြီဆိုရင်တော့ Start နှိပ်ပေးလိုက်ပါ  ခဏစောင့်ပေးပါ

PASS ပြသွားပြီဆိုရင်တော့ Official Jellybean v4.1.2 တင်လို့ပြီးပါပြီ ခိစ်ခိစ် :)

 

====================== @_^ ======================

CWMသွင်းမယ် Root မယ် ;)

====================== @_^ ======================

CWM အတွက် ဒီကောင်လေးကို ဒေါင်းယူလိုက်ပါ — > CWM6 Zip

Unzip မလုပ်ပါနဲ့ခင်ဗျာ ;)

ဒီRoot Zip လေးကိုဒေါင်းယူပြီးဖုန်းရဲ့ SD Card ထဲထည့်သွင်းပေးထားပါ — > SU-BB-Installer.zip

CWM Zip လေးကို Odin ရဲ့ PDA မှာသွင်းပေးပါ

ဖုန်းကို Download Mode ၀င်ပါ..ချိတ်ပါ..Odin ကနေသိပြီဆိုရင် Start နှိပ်ပါ PASS ပြပြီဆိုရင် ကြိုးဖြုတ်ပြီး Battery ခဏဖြုတ်ထားပေးပြီးပြန်တပ်လိုက်ပါ  ဟိဟိ

Recovery Mode ၀င်ပါမယ် ( Home+Volume Up+Power)

Install Zip From External Storage ကနေအဆင့်ဆင့်သွားပြီး  SU-BB-Unstaller.zip လေးကို Install ပေးလိုက်ပါ

ပြီးရင် Reboot ပေးလိုက်ပါ

ဖုန်း Boot ပြန်တက်လာရင် Super Su လေးကိုရှာကြည့်လိုက်ပါ..တွေ့ပါလိမ့်မယ်

Root လို့ပြီးပါပြီ ဒန် ဒန့် ဒန် :D

 

====================== @_^ ======================

 Root ထားတာကိုမကြိုက်ဘူးကွာ  Unroot လုပ်ချင်တယ်ဆိုရင်တော့ :D

====================== @_^ ======================

ဒီကောင်လေးကိုဒေါင်းယူလိုက်ပါ –> ဒီမှာဒေါင်းယူပါ

CWM ကနေပဲ Flash ပေးလိုက်ပါ

Reboot ပေးလိုက်ပါ

ှSuper Su ပျောက်ခြင်းနှင့်အတူ Root Access လဲ ထွက်ပြေးသွားပါလိမ့်မယ် ခိစ်ခိစ်

ပြီးပြီ.. မောထှာ :D

 

အားလုံးပဲအဆင်ပြေကြပါစေ

နောင်နောင် (Innocent Love)

About the Author

113 comments on “Galaxy SII [I9100G] ကို Official V4.1.2 တင်ပြီး Root ကြမယ်

  1. လူဆိုးလေး on said:

    မြန်မာဖောင့်မရဘူး 4.1.2 မှာ။ဘယ်လိုလုပ်ရမလဲ

  2. naung2soe4750 on said:

    လူဆိုးလေး–> မြန်မာဖောင့်မရဘူးဆိုတာဘယ်လိုအနေအထားကိုပြောတာလဲခင်ဗျ
    zawgyi one apk လေးသွင်းထည့်ပေးရုံနဲ့တော့ Jellybean တွေမှာအဆင်မပြေပါဘူး
    Root ပြီးတော့ zawgyi font changer လေးသုံးပေးလိုက်ပါ ဒါပေမယ့် JB တွေမှာတော့မြန်မာစာအရှေ့အနောက်နည်းနည်းလွဲနေပါသေးတယ်

  3. Ko phyo on said:

    logo မှာရပ်နေတဲ့ဖုန်းကိုကော လုပ်လို့ရလား i9100 အတွက် rom ကိုမှားသွင်းမိလို့ပါ

  4. naung2soe4750 on said:

    Ko Phyo–> ဘာဖုန်းအမျိုးအစားလဲခင်ဗျ…ဒါက I9100G အတွက်ပါ
    I9100 ဆိုရင် I9100 အတွက် Firmware ကိုပဲတင်ပါ
    Logo မှာရပ်နေတာကို recovery mode ထဲဝင်ပြီး Factory reset ချကြည့်ပါ
    အဲလိုမှမရရင်တော့ Download Mode ၀င်လို့ရသေးတယ်ဆို၇င်တော့သူနဲ့သက်ဆိုင်တဲ့ Firmware ကိုပြန်တင်လိုက်ပါ

  5. Than Win on said:

    Sharp SH530u 4.1.2 ကို Root လုပ်နည်း တင်ပေးပါလား

  6. Ko phyo on said:

    ကျွန်တော့်ဖုန်းက i 9100 g ပါ download mode လဲဝင်လို့ရပါသေးတယ်

  7. Ko phyo on said:

    download mode ထဲဝင်လို့မရတော့ဘူးfirmware upgrade encourtered an issue . please select ecovery mode in Kies & try again ဆိုပြီးတော့တက်လာတယ် ဘာဆက်လုပ်ရမလဲ သိချင်ပါတယ်

  8. naung2soe4750 on said:

    Ko phyo–>soft brick ဖြစ်နေတာပါ အမှန်ဆိုရင် USB Jig နဲ့ပြန်ပြီး Download Mode ၀င်ရပါလိမ်မယ်
    ဒါပေမယ့် ဒီကောင်လေးနဲ့စမ်းကြည့်ပါ
    ဇစ်ဖြည်လိုက်ပြီးရင် အထဲက NotePad ထဲမှာ ကျတော်အသေးစိတ်ရေးပေးထားပါတယ်
    ကြိုးစားကြည့်ပါခင်ဗျာ
    https://www.dropbox.com/s/s8ijzzfbw97wl29/OneClick for soft brick.rar

  9. Nway Nway on said:

    GT I9100 ရော အတူတူပဲ မဟုတ်လား ဒီအတိုင်းမြင့်လို့ရတယ်မဟုတ်လားဟင်

    • naung2soe4750 on said:

      Nway Nway–>I9100 နဲ့မတူပါဘူးခင်ဗျ
      I9100 အတွက်က ဒိလင့်ခ်မှာရှိပါတယ်
      http://www.myanmarmobileapp.com/2013/02/06/22950/

  10. Nway Nway on said:

    I9100XXKE7 ဖြစ်နေတယ် အဲ့ဒါ ဒီဟာကိုပဲ တင်လို့ရ/မရ ဖြေပေးပါဦး တင်လို့ရရင်လည်း သေသေချာချာ ပြည့်ပြည့်စုံစုံလေး နားလည်အောင်ရေးပေးပါ တော်ကြာ အခက်တွေ့နေမှာ စိုးလို့ တင်လို့မရခဲ့ရင်လည်း တင်လို့ရတဲ့ version လေး Link ပေးပါဦး ကျေးဇူးနော်…….

    • naung2soe4750 on said:

      ရပါတယ်ခင်ဗျာ…..
      အဲဒီပို့စ်ထဲမှာ ကျတော်အသေးစိတ်ရေးပေးထားပါတယ်ခင်ဗျ
      ( http://www.myanmarmobileapp.com/2013/02/06/22950/ )
      လုပ်ပုံလုပ်နည်းကတော့ Computer မှာ Samsung Driver သွင်းပေးထားရပါမယ် .. Kies ရှိပြီးသားဆိုရင်လဲရပါတယ်
      Odin ရှိရပါမယ်

      Odin အသုံးပြုပုံကိုဒီလင့်ခ်မှာပုံလေးတွေနဲ့ပါပါတယ်
      သေချာကြည့်ပါနော်

      http://www.myanmarmobileapp.com/2013/03/08/samsung-galaxy-grand-gt-i9082-ကို-root-လုပ်နည်း/

  11. က လေးလေး on said:

    အစ်ကိုရေ ညီဖုန်း အတွက် galaxy s2HD LTE 4G SHV -E120sအတွက် 4.0.4. version လေးပြန်တင်ပေးပါ ဦး အဆင်ပြေ ရ င် ဘယ်လိုလုပ် ရတယ်တိုတာ လေးပါ ရှင်းပြပါဦး အစ်ကို

    • naung2soe4750 on said:

      ကလေးလေး–> ဒီလင့်ခ်ထဲမှာ Firmware တွေစုပြီးတင်ပေးထားပါတယ်
      SHV-E120S v4.0.4 လဲရှိပါတယ်

      http://www.myanmarmobileapp.com/?p=24459

      လုပ်ပုံလုပ်နည်းကတော့ အပေါ်ကပို့စ်မှာပြောထားသလိုပါပဲခင်ဗျ ;)

  12. myanmardolay on said:

    အကို s2 SHV E-120S အတွက် root လုပ်နည်းလိုက်ရှာတာ မတွေ့ဘူးဖြစ်နေလို့ အဲ့ဒါလေးကို အေအေချာချာ ရှင်းပြထားတဲံ့ ပုံလေးတွေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ပြန်တင်ပေးစေချင်တယ်ဗျာ.. myanmarmobileapp ရဲ့ပရိတ်သတ်တစ်ယောက်ပါခင်ည..

    • naung2soe4750 on said:

      myanmardolay–> အဲဒီအမျိုးအစားတွေအတွက် ပို့စ်ရေးတင်ထားလိုက်ပါမယ်

  13. AUNGAUNG72PMA@GMAIL.COM on said:

    AUNGAUNG

  14. theint theint on said:

    GT-I9100T အတွက်လည်း ခုဟာနဲ့လုပ်လို့ရပါသလား

    • naung2soe4750 on said:

      theint theint–> I9100T အတွက် ဒီfirmware တင်လို့မရပါဘူးခင်ဗျ
      I9100T အတွက်က သီးသန့် သက်သက်တင်ရပါမယ်

  15. Thant Zin Oo on said:

    I install odin to my samsung nexus. Meanwhile my laptop power off so I cut the cable and try to re- install it but my laptop did find my phone and phone did come to normal. It show 3 sambol as phone-cable(as Causion sing)-PC. What should I do. Can you please advised me? :( :(

    • naung2soe4750 on said:

      :’( မှားတာပါပဲ… Download Mode အနေအထားကနေပြီး Odin နဲ့ လုပ်နေတဲ့ချိန်မှာ ဆွဲဖြုတ်ရင်ဖြစ်ဖြစ် ပြုတ်သွားတယ်ဖြစ်ဖြစ်
      အဲဒီ Device ဟာ softbrick ဖြစ်တတ်ပါတယ်
      အခုဖြစ်နေတဲ့ပုံလေးအတိုင်းပေါ့
      Battery ဖြုတ်ပြီး Download MOde ၀င်ပြီးလုပ်ကြည့်ရပါ
      မရဘူးဆိုရင်တော့………………..

      အမှန်ဆိုရင် USB Jig နဲ့ပြန်ပြီး Download Mode ၀င်ရပါလိမ်မယ်
      ဒါပေမယ့် ဒီကောင်လေးနဲ့စမ်းကြည့်ပါ
      ဇစ်ဖြည်လိုက်ပြီးရင် အထဲက NotePad ထဲမှာ ကျတော်အသေးစိတ်ရေးပေးထားပါတယ်
      ကြိုးစားကြည့်ပါခင်ဗျာ
      https://www.dropbox.com/s/s8ijzzfbw97wl29/OneClick for soft brick.rar

  16. aspire. on said:

    ခုနောက်ထွက်တဲ့ပုဂံဖေါင့်ရောအဆင်မပြေဘူးလား….ေူပရင်တင်ချင်လို့ပါ…

    • naung2soe4750 on said:

      ဘယ်လိုအနေအထားမျိုးမှာပုံဂံဖောင့်ကိုတင်ချင်တာလဲခင်ဗျာ

  17. Ko phyo on said:

    ကိုနောင်ရေကျေးဇူးပဲရသွားပြီ နောက်တစ်ခုလောက်သိချင်လို့မေးလို့ရမလား ဖုန်းတွေကို download mode ထဲဝင်ပြီးမှ အကြောင်းတစ်ခုခုကြောင့် error ဖြစ်လာရင် ဘယ်လို ပြန်ထွက်လို့မလဲသိချင်လို့ပါ

    • naung2soe4750 on said:

      Power ခလုပ်ကိုဖိထားပေးထားလိုက်ရင် ရပ်သွားပါလိမ့်မယ်
      အဲလိုမှမရပ်ရင်
      Battery ဆွဲဖြုတ်ပေးလိုက်ပါခင်ဗျာ

  18. nay zaw on said:

    s2 korea made
    shw-m250s
    version 4.0.4
    build- IMM76D,UH07 အတွက် root လေးလိုချင်လို့ပါ

    • naung2soe4750 on said:

      ဒီလင့်ခ်ထဲမှာအသေးစိပ်ရေးထားပါတယ်ခင်ဗျာ လင့်ခ်တွေလဲပါပါတယ်
      သေချာလေးတိုက်ကြည့်ပြီးလုပ်ပါခင်ဗျာ ;)
      https://docs.google.com/file/d/0B0KZZBEqAJFTaTl0dUhfQUdDS3c/edit?pli=1

  19. nay linn on said:

    ကိုနောင်နောင် (Innocent Love) ရဲ့Email Address လေးသိချင်ပါတယ်
    အကူအညီတောင်းစရာလေး ရှိလို့ပါ ဖြစ်နိုင်ရင် ပြောပြပေးပါ

    • naung2soe4750 on said:

      naungnaung0412@gmail.com ပါခင်ဗျာ

      • nay linn on said:

        ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကို ကျွှန်တော်အစ်ကိုအကောင့်ကို gtalk မှာအပ်လိုက်မယ် အစ်ကို

        • nay linn on said:

          ကိုနောင်နောင် ကျွှန်တော် အစ်ကိုဆီကို SII နဲ့ ပက်သက်တဲ့ Error လေး Mail ပို့ထားပါတယ် Please!..

  20. ကိုရှိန်း. on said:

    ကျွန်တော့်S2 ကိုမြင့်လိုက်တာ.စတက်တည်းက.SIM network unlock PINဆိုပြီးတောင်းနေပါတယ်..Dismisssကိုေ၇ွးပြီး..၀င်လိုက်တာ..ဖုန်းအ၀င်အထွက်မရတော့ဘူး..ဧရိယာပြင်ပကြီးပဲအော်နေပါတယ်..ဘာလပ်ရမလဲ..Default ချတာလည်း.PINတောင်းတယ်.ကျွန်ာတ်ေဘာPINမှမထည့်ထားသေးဘူး..:(

    • ကိုရှိန်း on said:

      အဟောငိးကုပြန်တင်တော့…စက်က..စစဖွင့်ချင်းမှာပဲတစ်နေပါတယ်..ဆက်မ၀င်တော့ပါဘူး..ပြန်ပြီး..4.1.2ကိုပြန်တင်တော့လည်းစောစောကလိုပဲပြန်ဖြစ်တယ်.အသစ်လည်းသုံးမရအဟောင်းလည်း..တင်မရဖြစ်နေပါပြီ…:( Somebody Help..PLZ

      • naung2soe4750 on said:

        version ကိုနှိမ့်လိုက်ရင် logo မှာတစ်နေတတ်ပါတယ်
        recovery mode ထဲဝင်ပီး factory reset ချပေးလိုက်ပါခင်ဗျာ

  21. aungmyo on said:

    brother ican not open inter net net work.
    i finish 4.1.2 and super root

  22. အကိုရေ firmware က ဒေါင်း မရ တော့ ဘူး လေ လုပ် ပါ ဦးး

    • naung2soe4750 on said:

      Link တွေကကောင်းပါတယ်ခင်ဗျ
      သေချာပြန်ဒေါင်းကြည့်ပါနော်

  23. aungthawtar on said:

    ဒီ post လေး တင်ပေးတဲ့ အစ်ကို ခင်ဗျာ ကျွန်တော့်ကို gtalk account လေး အဆင်ပြေရင်ပေးပါ့လားဗျာ မသိတာလေး မေးချင်လို့ပါ တစ်ကယ်သုံးတဲ့ အကောင့်လေးပေါ့
    ကျေးဇူးတင်စွာဖြင့်….

  24. လူဆိုးလေး on said:

    ဒါဆို အကို v4.1.2 မှာ မြန်မာစာ မြင်ရတာပေါ့နော်။ကျွန်တော့ သူငယ်ချင်ဟာ 4.0.4 ကနေ 4.1.2 မြှင့်လိုက်တာ မြန်မာစာမရတော့ဘူး။မြန်မာစာ ဘယ်လိုထည့်ရလည်းဆိုတာ ပြောပြပေးပါနော်။ကျေးဇူးတင်ပါတယ်အကို။အကိုတို့ ပြောပြနေလို့ တစ်ကူးတစ်က ဆိုင်သွားစရာမလိုတဲ့အပြင် ပိုက်ဆံလည်း အပိုမကုန်တော့ဘူး။ကျေးဇူးပါ အကို

    • naung2soe4750 on said:

      4.0.4 လောက်ဆိုရင် zawgyi one လေးသွင်းပေးပြီး font style မှာပြောင်းပေးရုံလောက်နဲ့ ကောင်းကောင်းသုံးလို့ရပါတယ်
      ဒါပေမယ့် Jellybean version မှာတော့ အဲဒီအတိုင်းသွင်းမယ်ဆိုရင်သိပ်အဆင်ပြေမှာမဟုတ်ပါဘူး
      browser & facebook မှာလဲ မြင်ရမှာမဟုတ်ပါဘူး
      Root ပြီးတော့ zawgyi font changer apk လေးသုံးပေးလိုက်ပါ
      အဆင်ပြေပါလိမ့်မယ်
      သို့သော် Jellybean တွေမှာ မြန်မာစာအရှေ့အနောက်နည်းနည်းလွဲနေတာရှိပါသေးတယ် ဥပမာ အောင်လ ဆိုရင် အောလင် …
      စသည်ဖြင့်ပေါ့….စပေ့ဘားခြားပြီးရိုက်ရင်အဆင်ပြေပါတယ်
      Root ပြီးပြီဆိုရင်–>zawgyi font changer –>
      https://www.dropbox.com/s/xp03ng7gt719t3k/Zawgyi%20FontChanger.apk
      ဒီကောင်လေးကိုဖုန်းထဲမှာသွင်းပါ
      install ပြီးဖွင့်လိုက်ပါ.. super su permission တောင်းပါလိမ့်မယ်
      Grant ကိုနှိပ်ပေးလိုက်ပါ
      ဇော်ဂျီဖောင့်ပြောင်းရန်ကိုနှိပ်ပေးလိုက်ပါ
      Auto Reboot ကျပြီးပြန်တက်လာရင် အဆင်ပြေပါပြီ ;)

  25. လူဆိုးလေး on said:

    ကျေးဇူးအများကြီးပါအကို တကယ်ပါ

  26. လူဆိုးလေး on said:

    ကျွန်တော် တင်လိုက်တော့မယ်နော်။အခကိအခဲတော့မရှိပါဘူးနော်။ အကို့ကို ကျေးဇူးတင်ပါတယ်

  27. Aye Chan Aung on said:

    အစ်ကို Samsung galaxy s2 SrHW-M250S ကိုrootလုပ်နည်းလေးပြောပြပေးပါအစ်ကို။လိုအပ်တာတွေကိုလည်းတင်ပေးပါအစ်ကို။ကျေးဇူးတင်ပါတယ် အစ်ကို

  28. Thant Zin Oo on said:

    ssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssssss

  29. Aye Chan Aung on said:

    SHW-M250sပါအစ်ကို။မှားလို့

  30. Nyan Tunn Linn on said:

    S2 GT-i9100T အတွက် firmware နဲ့ root လိုချင်ပါတယ်ခင်ဗျာ။

  31. alanwint on said:

    လက်ရှိကျွှန်တော့်ဖုန်း Samsung Galaxy S2 I9100G,firmware version 4.0.4,Baseband version I9100GXXPV,Build number IMM76D.XXLPY ပါ။unroot ပါ။မြန်မာဖောင့် frozen keyboard ကောင်းကောင်းအလုပ် လုပ်ပါတယ်။နဂို firmware version 2.3.6 ကနေ လက်ရှိ version ကို ဖုန်းကနေပဲ အင်တာနက်မှ တဆင့် ဒီအတိုင်း upgrade လုပ်ခဲ့တာပါ။Germany version လို့ သိရပါတယ်။အခု အကိုပြောတဲ့ အတိုင်း လိုအပ်တာတွေ ဒေါင်းထားပြီးပါပြီ။upgrade လုပ်လို့ အဆင်ပြေမှာပါနော်။facebook သုံးနေတော့ မြန်မာဖောင့် အဆင်မပြေမှာပဲ စိုးရိမ်လို့ ပါ။ကူညီပါနော်။ကျေးဇူး။

    • naung2soe4750 on said:

      root ပြီး၇င်တော့ zawgyi font changer လေးသုံးလိုက်ပါ အဆင်ပြေပါလိမ့်မယ် ဒါပေမယ့် Jellybean တွေမှာ မြန်မာစာအရှေ့အနောက်နည်းနည်းလွဲနေပါသေးတယ်

  32. Lin Naung on said:

    version မြှင့်ပီးတော့ မြန်မာ font ကအဆင်မပြေဘူး.အကို။စာလုံးတွေကမမှန်ဘူး။ spaceခြားရိုက်ရင်တော့ရတယ်။

    • alanwint on said:

      facebook version 2.0 မှာလည်း အဆင်မပြေဘူးပဲလား ဖတ်လို့ တောင်မရတာလား 4.0.4 မှာလည်း အရင် facebook version အဟောင်းမှာ အဆင်မပြေဘူးလေ အခု 2.0 မှာမှ ဖတ်လို့ ရသွားတာနော် မဟုတ်လား upgrade လုပ်ရမှာတောင် လန့် လာပြီ ကျေးဇူးနော်

  33. myothu on said:

    အကို ကျွန်တော်တို့ GT-I9100G တွေအတွက် ဗားရှင်း 4.2.2 မရသေးဘူးလား ဗျ အကိုရေ

  34. I9100 နဲ့ 9100G မှားပြီး လုတ်လိုက်တာတြိဂံ ပေ:နေလို့ ကယ်ပါဦး

    • naung2soe4750 on said:

      https://www.dropbox.com/s/s8ijzzfbw97wl29/OneClick%20for%20soft%20brick.rar
      ဒီထဲမှာမြန်မာလိုရှင်းပြထားပါတယ်
      လုပ်ပြီးသွားရင် Download Mode ပြန်ဝင်လို့ရရင် သူ့ ရဲ့ ဖန်းဝဲ ပြန်တင်ပေးလိုက်ပါ
      အဆင်ပြေပါစေ

      • Thanks bro; ကြိုးစားလိုက်ဦးမယ်….:P

        • OneClick.Jar အဲဒါကြီးက ဘယ်မှာရှိတာလဲ…..ပိန်းလို့ပါ..ကူညီပါဦး….

          • naung2soe4750 on said:

            folder ထဲမှာ Notepad တို့နဲ့အတူတူရှိနေတဲ့ One Click ဆိုတဲ့အမည်လေးနဲ့လေ အဲဒါJar file ဖြစ်နေလို့ One Click Jar လို့သုံးလိုက်တာ :)

  35. ကျေးဇူးအကို 4.1.2 တင်ပြီးသွားပါပြီ။42.2 ရ ရင် လည်း ပြောပြပါနော

  36. ကလေးလေး on said:

    SHV-E120S Bluild number-JZO54K.E120SKSJMA4
    S2 HD LTE 4G ROOT လုပ်ချင်လိုအစ်ကို ကူညီပါဦး

  37. အကို glaxy s advance ကို 4.1.2 တင် ချင် လို့ ပြောပြ ပေးပါလး

    • naung2soe4750 on said:

      http://www.myanmarmobileapp.com/2013/03/03/samsung-galaxy-s-advance-ကို-jellybean-4-1-2-တင်ပြီး-root-ဖောက်ြ/
      for I9070 only

  38. Nyan Tunn Linn on said:

    i9100T အတွက် root လုပ်နည်းပြောပေးပါလားခင်ဗျ။

    • naung2soe4750 on said:

      version ဘယ်လောက်လဲခင်ဗျ
      version သိရင်ပိုအဆင်ပြေပါလိမ့်မယ်
      http://maxshifman.com/2011/07/31/how-to-root-your-telstra-samsung-galaxy-s2-i9100t/

  39. hein htet aung on said:

    zip ကဖြေလို့မရဘူး

  40. ဖုန်း က ၄.၁.၂ တင် ပြီး က ထဲ က auto shut down ဖြစ်နေ တယ်. သိ ရင် ပြော ပြ ပေး ပါ လား၊ downgrade လုပ် ပြီး ၂.၃.၆ တင် ထားရင် auto shut down မ ဖြစ် ဘူး ၊ဘာ ကြောင့် လဲ မ သိဘူး၊ ပြော ပေးပါ အုံး ဗျာ

  41. myogyi on said:

    ကျွန်တော်ဖုန်းက samsung GT-i9300 ပါ root မတင်တတ်လို့ ပို့အသစ်လေး တင်ပေးပါဦးခင်ဗျာ….ကျေးဇူးတင်လျှက်ပါ

    • naung2soe4750 on said:

      http://www.myanmarmobileapp.com/2013/02/06/galaxy-s3i9300-ကို-official-v4-1-2-တင်ပြီး-rootနည်း/

  42. sawthantzin on said:

    ဆရာရေ ကျွန်တော့် ph က
ိdeatsaudio,model no:8s
    ,andriod ver:4.1
    ,baseband ver:dual Core W11.50.SP.V12
    Kernel ver:2.6.35.7 root@xunhu#3
    software ver:SANLI_S900
    Hardware ver:1.1.0 ပါ
    root ဖောက်ချင်လို့ ကူညီပါဗျာ

    • naung2soe4750 on said:

      https://www.dropbox.com/s/4bdkbpvftsdyzn0/Eroot%20Ver%201.2.exe

့ဒီကောင်လေးနဲ့ Root ကြည့်ပါ
      ဖုန်းရဲ့ Driver တော့ကွန်ပျူတာမှာရှိထားရပါမယ်

  43. Phone Thant Kyaw on said:

    i want to root s2

  44. koartga on said:

    အစ်ကို ဟာကြီးက ဗျာ passwordကြီူးနဲ့  အဲ တာ လဲ ပြောပြ ဦး

  45. ကျွန်တော့်ဖုန်းလေးက Samsung Galaxy Splus (GT-I9001) လေးပါ….။ အဲ့ဒါကို Official jellybean တင်ချင်လို့ပါခင်ဗျာ…။ အဆင်ပြေမယ်ဆိုရင်တစ်ချက်လောက်ကူညီပါဗျာ….။

  46. spiderkhant on said:

    hello brother .My ph S2 GT-I9100G making up version 4.0.4 to 4.1.2 after making finish happen like that problem “Unfortunately,TouchWiz home has stopped”so please help me .how to clear that problem.

    • naung2soe4750 on said:

      get to recovery mode by pressing (home+vol up+power)
      you must be clean that *wipe data /factory reset* and then reboot system now!!!

  47. Moh Moh on said:

    ဆရာရေ သမီးရဲဖုန်းက Samsung Galaxy Young ပါ မြန်မာ fount အတွက် Root လုပ်နည်းပြေားပေးပါဦးရှင့်။ကျေးဇူးတင်ပါတယ်

  48. Moh Moh on said:

    ဆရာရေ သမီး ဖုန်းက Samaung Galaxy Young ပါ။မြန်မာ fount အတွက် Root လုပ်နည်းပြောပေးပါဦးရှင့်
    ကျေးဇူးတင်ပါတယ်

    • naung2soe4750 on said:

      မြန်မာဖောင့် အတွက်တခုတည်းနဲ့ root မှာလား
      မြန်မာဖောင့်အဆင်ပြေဖို့အတွက်ဆို၇င် …version က 2.3.6 နှင့် အောက်မှာ မဟုတ်လား
      အဲဒါဆိုရင် zawgyi one apk လေးကိုဖုန်းထဲမှာ install ပေးလိုက်ပါ
      settings ထဲက font style ထဲကိုဝင်ပြီး zawgyi one .. ကိုရွေးပေးလိုက်ပါ အဲဒါကမြန်မာစာအတွက်ပါ

      ကီးဘုတ်အတွက်ကတော့ ဒီfrozen keyboard pro လေးကိုဖုန်းထဲမှာ install ထားလိုက်ပါ…settings ထဲက language and keyboard ထဲမှာ frozenkeyboard ကိုအမှန်ခြစ်ပေးလိုက်ပါ
      စာရိုက်ဖို့အတွက် တနေရာရာကိုသွားလိုက်ပါ eg..google search
      ကီးဘုတ်ပေါ်လာပြီဆို၇င်..စာရိုက်လို့ပေါ်လာမည့် box လေးကို လက်လေးနဲ့ဖိထားလိုက်ပါ input method ဆိုတာလေးထဲမှာ frozen ကိုရွေးပေးလိုက်ပါ အဲဒါဆိုရပါပြီ

      zawgyi one apk=> https://www.dropbox.com/s/ekq4ug9whoqcqrj/zawgyi%20one.apk

      frozen keyboard=>https://www.dropbox.com/s/uslcql2uqix16jz/frozenkb.pro-1.apk

  49. mrozone on said:

    အကိုရေ s2 (SHV E-120k) ကို 4.0 တင်လိုက်တာlogo မှာဘဲရပ်နေတယ်
    နောက်တခါထပ်တင်တော့လဲ odin မှာNAND write start ဆိုပီး ဆက်မတက်တော့ဘူးခင်ဗျ
    recovery mode ထဲလဲဝင်လို့မ၇ဘူး download mode တော့ဝင်လို့၇တယ်
    4.0 ကိုထပ်ခါထပ်ခါပြန်တင်တော့လဲအပေါ်ကအတိုင်းဘဲ ၇ပ်နေတယ်ဗျ
    အဲဒါ 2.3.6 firmware လေးပြန်တင်ရင်အစဉ်ပြေနိုင်မလား အစဉ်ပြေမယ်ဆို 2.3.6 ဖိုင်လေးမစပါအုံး
    ဘယ်လိုဆက်ပီး လုပ်ဆောင်၇မလဲ အကူအညီပေးပါအုံး

    ကျေးဇူးတင်လျက်…

    • naung2soe4750 on said:

      recovery mode ၀င်မရတာကတော့တမျိုးပဲဗျာ….2.3.6 ကိုတင်ပြီးရင်လဲ recovery mode ထဲဝင်ပြီး factory reset ချပေးရဖို့များပါတယ် recovery mode ကိုသေချာပြန်စစ်ကြည့်ပါ

  50. Potassium on said:

    သမီး ဖုန်းက GT-I9100 ပါ။ Software update လုပ်လိုက်ရင် သွင်းထားတဲ့ Application တွေ ပျက်သွားမှာ လား သိချင်လို့ ပါ။ ကျေးဇူးတင်ပါတယ်။

    • naung2soe4750 on said:

      ဟုတ်ပါတယ် update ပေးလိုက်ရင် သွင်းထားတာလေးတွေပျက်သွားပါလိမ့်မယ်
      auto back up and restore လုပ်ထား၇င်တော့ ..ဖုန်းကနေတိုက်ရိုက် update ပေးမယ်ဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်ခင်ဗျ

  51. aungmyo on said:

    brother we can do galaxy s2 gt-i91200g 4.1.2 to 4.0.4 ordin version 3.0.4 can do?

  52. Nga Wai on said:

    အကို CWM ကို download လုပ်ဖို့ password လေးပေးပါဦး

    • naung2soe4750 on said:

      password ကအပေါ်ပို့စ်ထဲမှာရေးပြပြီးသားပါ သေချာလေးဖတ်စေချင်ပါတယ် :)
      password= MMAS

  53. tawwnoo.koye on said:

    ကျွန်တော်ရဲ့ Galaxy sII ကို version 4.1.2 မြှင့်လိုင်တာ မြန်မာစာ ကြည့်ရတာ အဆင်မပြေတော့ဘူး အဆင်ပြေအောင် ဘယ်လိုလုပ်ရမလည်း ကူညီပါအုံး။

  54. Naung Thiha on said:

    အတိုကြီးတို့အမကြီးတို့ရေ..တားတား i9100G လေးဘာဖစ်တာလဲတိဝူး..ခဏခဏဟန်းနေတယ်…တစ်ခါတစ်လေ..စကရင်ကြီးပိတ်သွားတယ်..ပူတာလဲမီးသွေးခဲကြီးကျနေတာပဲ…ဘက်ထရီဆိုလဲဝိုက်လိုက်တာလွန်ရော..တစ်နေ့ဆယ်ခါလောက်အားပြန်သွင်းရတယ်…အဲ့ဒါဘာဖစ်တာလဲဟင်..ဘီလိုပြန်လုပ်ရင်အဆင်ပြေနိုင်လဲဟင်…ကယ်ကြပါအုံး..ဂါးးးးးးးးးးးးးးး

    • naung2soe4750 on said:

      fiirmware ပြန်တင်ကြည့်ပါ
      တင်ကြည့်လို့မှဖြစ်နေသေး၇င် ဘထရီလဲကြည့်ပါ

  55. Lucifer on said:

    အပေါ်ကပေးထားတဲ Rom ကိုတင်ထားတာ memory ကဒ်ကို ဖုန်းကမသိတော့ဘူးဖြစ်နေတယ် ကျန်တာအကုန်အဆင်ပြေတယ် ဘာဖြစ်လို့လဲမသိဘူး

  56. ပွကြီး on said:

    SAMSUNG S3 MINI ဗျ VERSION 4.1.2
    ဖေ့ဘွက် ဂျီတော့ အဲဒါတွေတော့မြန်မာလိုရတယ်
    ဂရုတွေ PAG တွေ ထဲဝင်ရင်ဘာမှမမြင်ရဘူးဖြစ်နေတယ် အကိုရေ..
    အပေါ်မှာ အကိုပြောထာတဲ့ အတိုင်းအတိုင်း ROOT လိုက်ရင်အဲဒါတွေအဆင်ပြေနိုင်လောက်လားဟင်
    လိုင်းမကောင်းလို.ဒေါင်းလို.မရသေးလို.ဘာဗျာ ဟီးး =D ;) :)

    • naung2soe4750 on said:

      အပေါ်ကကောင်က S2 I9100G အတွက်ပါ
      S3 mini အတွက်က ဒီအတိုင်း Root ပါ

      http://www.myanmarmobileapp.com/2013/04/13/galaxy-s3-mini-i8190-n-l-version-v4-1-1-and-4-1-2-ကို-root-မယ်/

  57. bro… S2 က I9100GBBLP5 ရောတင် လို့ရလား?????please…..

  58. paukklay on said:

    သေချာလုပ်ရင် အားလုံးအဆင်ပြေပါတယ် ကျေးဇူးပါ။ Galaxy Nexus ရဲ့ Officially firmware ရရင် လိုချင်ပါတယ်။

    • naung2soe4750 on said:

      http://www.myanmarmobileapp.com/2013/03/10/samsung-galaxy-official-firmwares-2/
      ဒီမှာကြည့်ကြည့်ပါ

  59. Su Sandar on said:

    Ph is in Downloading mood
    In computer, Kies is Connecting to device for a long time (15mins)
    and there is no more change !! how to do !?!

  60. min min htet on said:

    အစ်ကိုရေ ကျနော် S2 4.1.2 ကို အစ်ကိုပြောတဲ့နေရာကနေဒေါင်းတယ် သူက ENTER PASSWORD တောင်းနေတယ် အဲ့တာဘယ်လိုလုပ်ရမလဲ တင်ပေးပါအုံးနော် THANKS

  61. mg kee on said:

    အစ်ကိုရေ ကျွန်တော့်ဖုန်း model က Samsung Glaxy S2 4GLTE SHV-E120S (Build Number IMM76D.UJ28) ပါ…အခုဒီဆိုဒ်ကနေပဲ Firmware Upgrade လုပ်ထားတာအဆင်ပြေပါတယ်…..ကျေးဇူးလဲတင်ပါတယ်….. ကျွန်တော်သိချင်တာကတော့ ကျွန်တော့် ဖုန်းက recovery mode ၀င်တာမရဘူးဗျာ…. 4.0.4 Firmware တင်တုန်းကတော့recovery mode ထဲဝင်ပြီး factory reset ချတာ၎နာရီလောက်ကြာတယ်ဗျာ ရမယ့်ရတော့လဲဘယ်လိုရသွားမှန်းကိုမသိဘူး…. အဲဒါဘယ်ခလုတ်တွေကိုဘယ်လို နှိပ်ပီးဝင်ရမယ်ဆိုတာပြောပြ ပေးပါလား….recovery mode ထဲကို software သုံးပီးကောဝင်လို့ရပါသလား?……ပီးတော့ Root ချမယ်ဆို CWM သွင်းရတယ်ဆို ဟုတ်ပါသလား?တခါထဲတန်း Root လို့ရမရဖြေပေးပါဦး …. ကျွန်တော့်ဖုန်းကို Root ချဖို့နဲ့ MM Font အသုံးပြု လို့ရပီလားခင်ဗျာ…. ရရင်ကောဘယ်လိုလုပ်ရမလဲ?…လက်ရှိ Version က 4.0.4 ပါ…..ကျေးဇူးပြုပီးဖြေကြားပေးပါဦးဗျာ…… myanmarmobileapp နဲ့ အဖွဲ့ဝင်Adminတွေဒီထက်မက ဆောင်ရွက်နိုင်ပီးအောင်မြင်ပါစေဗျာ……

  62. Micro on said:

    အကိုရေ ကျွန်တော်က Samsung galaxy s2 GT i9100 Base band i9100xxxlps ကို အခုအပေါ်မှာ အကိုတင်ထားပေးတဲ့ Jelly bean တင်လိုက်တာ fail ဖြစ်သွားပြီ ဖုန်းက တက်မလာတော့ဘူး ဘာဆက်လုပ်ရမလဲ မသိလို့ ကူညီပါ

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Like Us on Facebook

Today Visit