တယ်လီဖုန်း SIM card များကိုငွေကျပ်ထောင်ဂဏန်းဖြင့်သာရောင်းချမည်ဟုဆို
Share This
Tags
တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာ နယ်အချို့တွင်ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကပြောသည်။
ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။
`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။
`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။
Ref & Credit to Yangon Media Group
About the Author
- Thet Naing Soe (http://www.facebook.com/thetnaing.mmas)-------------------------- Founder of Myanmar Mobile App (www.myanmarmobileapp.com) -- ကျွန်တော်ကဘာလဲ.... မင်းကဖောက်ထွင်းမြင်ရတယ်.. အားတက်သရောလဲစီးဆင်းတယ်။ ဒါပေမယ့် ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘူး.. အဲဒါကြောင့်.. ရေတံခွန်
73 comments on “တယ်လီဖုန်း SIM card များကိုငွေကျပ်ထောင်ဂဏန်းဖြင့်သာရောင်းချမည်ဟုဆို
  1. မဖြစ်နိုင်………………………….
  2. မင်းခေါင် on said:
    စီးပွားရေး လက်မနှေးရင် သိပ်ဖြစ်နိုင်တာပေါ့ ငယ်ကသင်ခဲ့ရတဲ့ ဘောဂဗေဒ ပညာရပ်တွေကိုမမေ့သေးရင် ဖြေစရာမလိုတဲ့အဖြေပါ နောက်ဆို Free ဖြစ်နိုင်ချေရှိပါတယ် – အများနားလည်အောင်တွက်ကိန်းနဲ့ပြရရင် – ယခုလက်ရှိသုံးနေသူပေါင်း x နာရီ မိနစ် = ———-ဝင်ငွေ ကျပ်သန်းပေါင်း ။ ( ကျပ်ထောင်ဂဏန်း(သို့)Free ကြောင့် )သုံးစွဲသူ သန်းခြောက်ဆယ် x နာရီ မိနစ် = ——————————————————–ဝင်ငွေကျပ်သန်းပေါင်း အဆပေါင်းများစွာ ကွာခြားချက် — ဒါဆိုနောက်ပိုင်း Free ဖြစ်နိုင်မဖြစ်နိုင် သိပ်စဉ်းစားစရာမလို
  3. shwepinthar on said:
    april fool လုပ်တာ မဖြစ်ပါစေနဲ့ ပြည်ထောင်စုဝန်ကြီးရယ်…
  4. johnko on said:
    twar san par*******dar myo tawe yoe nay pyi kwar********pon pyin tawe athit pyan shar chae kwar******** tawe khat tat kate sa tine***** dar myo tawe gyi kwar*****
  5. ဖြည်းဖြည်းလုပ်ပါ အတိုရယ်…..
  6. winmyatthu on said:
    ကောင်းတာပေါ့…ကျေးဇုးတင်ပါတယ်..စောင့်နေတာကြာပြိးလေ…ဘာပဲဖြစ်ဖြစ်အ၇င်ကနဲ့စာ၇င်ပိုဝမ်းသာစ၇ာသတင်းတွေပေါ့..ဟုတ်တာမဟုတ်တော့သေချာမယုံ၇ဲသေးဘူုးလေ…
  7. ma yone par bu kwar
  8. bwevayama on said:
    Sim card ကို အလကားတောင်ပေးသင့်ပါတယ်။ ဖုန်းခေါ်ဆိုခကိုလည်း လျှော့ချပေးသင့်ပါတယ်။ အရှေ့တောင်အာရှမှာ(မြန်မာမပါသေး) တစ်မိနစ် ဖုန်းခေါ်ဆိုခမှာ ပျမ်းမျှအားဖြင့် မြန်မာကျပ်ငွေ ၈-ကျပ်သာရှိပါတယ်။
  9. Dennis on said:
    ပြောတော့ ပြောပါ မလုပ်ပေးမှာ သောချာပါတယ် ,
  10. khin zaw oo on said:
    ဖုန်းကဒ်သတင်းတွေကအမျိုးကြားနေရတယ် ပွင့်လင်းမြင် သာမှုမရှိတော့ပြည်သူတွေမှာယုံရနိုးနဲ့စောင့်ရတာကြာလှပြီ တရားဝင်ကြေငြာတော့ဘာဖြစ်မှာလဲရိုနီတွေကိုကြောက်နေရတုန်း ဘဲ့လား
  11. ye lwin on said:
    တစ်ကယ်ပြောတာလား နောက်ရဘူးနော် မျှော်လင့်ချက်တွေထပ်မပေးနေအုန်းမှာလား M P T ရယ်
  12. Hein San on said:
    သာတုပါတော်..သာတုပါ..သာတုပါ
  13. မဖြစ် နိုင် ဒီ ဘဝ တွေ ဝေး ကွာ လွန်း နေ ဈေး ပေါပေါ နဲ့ sim card မရနိုင်
    ဒီတခါ လည်း ဘာတွေ ကြံနေလည်း မသိဘူး ဘယ်သူမှ မယုံကြ ပါနဲ့
    ဟို တခါ လည်းဒီအတိုင်းပဲ လိမ် မှန်းသိသိ ရက်နဲ့ ခံ နေ ရတာ mpt က အစာ
    မဝသေးဘူးဟရသလောက်စား အုံး မှာ phone call internet call ရှိသမျှ အကုန်လုံး
    ချီးတောင် စားလို့ ရ ရင် စားအုံးမှာ
  14. ပြောချင်ဘူး on said:
    ဂလု
  15. သိနေတယ် on said:
    ဂယ်လားဟင် ညာရဘူးနော် ဘုရားရိုက်တတ်တယ် မုသာဝါဒဆိုတာဘုရားကြိုက်ဘူး။
  16. thaemaung.mg@gmail.com on said:
    အခုလိုတကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ပြည်သူလုထုအတွက်အကောင်းဆုံးသောသတင်းပေါ့ဗျာ
  17. သောက်ရူးတွေ ပြောစကားနာမယောင်မနေနဲ့ မသုံးရလို့သေမသွားဟ….နာလည်လားဝန်ကြီး ပုံကြီးချဲ့ပြီးပြောမနေနဲ့ ခင်ဗျားတို့ကခွေးလည်းဖြစ်ချင်သေးတယ် အမြှီးလည်းမနှံ့တတ်ဘူးဗျာ…ခင်ဗျားတို့sim card တွေခင်ဗျားတို့ ဆက်သွယ်ရေးဝန်ကြီးတွေသေမှထွက်ဖြစ်မယ်ထင်တယ်ကျွန်တော်က…..
  18. achit.thit2012@gmail.com on said:
    ဒါကြီးစောင့်လှတာမောလှပြီ
  19. achit.thit2012@gmail.com on said:
    world ပျက်သုဉ်းမှထွက်မှာလား
  20. မောင်တာလော on said:
    ဖြစ်နိုင်ပါတယ်။ ဒါကစည်းရုံးရေးလေ။ ပြီးတော့ဝင်ငွေရှာတာပေါ့။
  21. zaw win latt on said:
    အခြေခံလူတန်းစားတွေ အတွက်ဝမ်းသာစရာသတင်းပါ၊
  22. Ko Naing on said:
    အပြောနဲ့အလုပ်ညီမှာလားအတိုကြီး
  23. KyawZaww on said:
    I Do
  24. moesaw on said:
    Kyat tel………..,
  25. myo aung on said:
    ဂယ်လားဟင်
    ၁၅၀၀၀၀ သတင်းကြားကတည်းကဟန်းစက်
    ကြိုဝယ်ထားတာ။ ပျက်လို့ ပြင်ရတာ (၂)ခါတောင်ရှိနေပီ။ဟီး!!!!!
  26. saung ko aung on said:
    ကြိုက်လိုက် share လိုက်ပြီနော် အကိုတို့ရေ
  27. shineorchid@gmail.com on said:
    ကောင်းပါတယ်
  28. saung ko aung on said:
    ကြိုက်လို့ share သွားပြီအကိုရေ
  29. မျှော်လင့်ချက်ထပ်မပေးပါနဲ့
  30. ချစ်ချစ်mpt on said:
    မင်းလုပ်သမျစွဲလန်းရတယ် mpt ရယ် ———————————————-
    ———————–မင်းကိုမျော်ရတာ မောလိုက်တာ
    အရမ်းချစ်တယ် Mpt ရယ်
  31. မနော်ဟယ်ရီ on said:
    ဟဟ ဒီလိုဆိုတော့်လဲ ခါးမှာ ဘယ်ညာ စပ်စလူးထ အောင်ဝယ်ကိုင်လိုက်မှာပေါ့ ဟဟဟဟ
  32. ye min naing on said:
    ပြောတဲ့အတိုင်းလုပ်ပေးရင်တော့ကောင်းတာပေါ့
  33.ုkyaw on said:
    တကယ်လားဟင်
  34. အာကာမောင် on said:
    အနော်လည်းကြိုက်ပါတယ် အနော်ကသာမနအလုပ်သမားလေးမိုလို.
  35. myomyo on said:
    ဖုန်းတွေချပေးတာကောင်းပါတယ် လိုင်းကကောကောင်းမှာလား
  36. bar bu on said:
    ဟုတ်တယ်ဗျာဖုန်းကဒ်တွေဈေးကျတော့လည်းလက်လုပ်လက်စားဝန်ထမ်းတွေလည်းအဆင်ပြေသွားတာပေါ့ဗျာ
    Thz…..
  37. kanmyint on said:
    I want toask the same question when will connection improve at my home town myitkyina?I wish we don’t need to waitfor a long period.
  38. anonymous on said:
    မဟုတ်တာတွေ လျှောက်ဖွပြန်ပီ…
    ၂သောင်းနဲ့ တောင် မရောင်းနိုင်ပါဘူးဆိုမှ…
    ၂သောင်းအထက်ပါ…ဦးရဲထွဋ် ပြောတာ မင်းမဖတ်ရဘူးလား…
  39. YeMinWin on said:
    ဟုတ်ကဲ့ပါခင်ဗျ…တကယ်ထွက်လာမှပဲ…ယုံလိုက်ပါတော့မယ်…
    ပြောချင်တာတွေလည်း ပြောကြပါစေလေ…….
  40. DeanColeone on said:
    They all are lying
  41. Handsomegentleman70@gmail.com on said:
    SIM CARD အလကားပေးတောင်မှ (၁)မိနစ် (၅၀)ကျပ် နဲ. သာမန် လူ (၁)ယောက် (၁)နေ.ကို မိနစ်(၂၀) ပြောနိုင်လား၊ (၁)လ ကို (၃)သောင်း ၊ လူတွေ စဉ်းစားကြ၊
  42. Aung Myint Oo on said:
    ကျေးဇူးပါ
  43. tunnlayy on said:
    ဘာလဲကွာ ဘာတွေလဲ mpt ရူးနေတာလားဟ ဖုန်းခေါ်ဆိုခ ချပေးမှကိုင်ကျမှာပေါ့ကွ ရှေ့ရေးကို စဉ်းစားစမ်းပါကွာ sim ဈေးဘယ်လိုချချ ခေါ်ဆိုခချမှရမယ်လေကွာ တစ်နပ်စားဥာဏ် မသုံးနဲ့နော် လူတွေကအရူးမဟုတ်ဘူးကွ
  44. ကိုမင်း on said:
    တကယ်ဖြစ်လာရင်တော့ ကောင်းတာပေါ့နော်။
  45. ကိုစိုး on said:
    မထင်ပေါင်…April Fool လို့ပဲထင်တယ်နော်…
  46. tatkomr on said:
    အကို အင်တာနက်သု့းချင်လ်ုဖုန်းနဲ့ အင်တာက်ကိုကွန်ပျါ်တာမှာသုံးချင်လို့ပါ ပြောပြပါလား
  47. wai yan(Hteegyaint) on said:
    hot newသတင်းမှာလည်းပါတယ် အပြောမဖြစ်ပါစေနဲ့ရခဲ့တော့လည်းဝမ်းသာရမှာပေါ့
  48. Thet phyo on said:
    သွားစမ်းပါ မာယာတွေ ရိုးနေပြီကွာ။ ဒါနောက်စရာမဟုတ်ဘူး။ အခု 200000 တောင် မကြားရလို့ ထောင်ဂဏန်းဆိုရင် လိပ်ခေါင်းထွက်အော်ရလိမ်မယ်
  49. ko jar on said:
    ဟုတ်ရင်တော့ ကောင်းတာပေါ့ ဗျာ
  50. စောက်ထင်မကြီး on said:
    တစ်ကယ်လုပ်ပေးပေး မပေးပေး ဒီစောက် ကော်နက်ရှင်မကောင်းသ၍တော့ -ီး ဘဲ ထင်တယ်
  51. Wai Yan on said:
    ကျွန်တော့်မှာ လိပ်ခေါင် အထူးကုရှိတယ်။
    ထောင်ဂဏန်း ဖုန်းကိုင်ချင်ရင် သူနဲ့အရင်ဆက်သွယ်ပါ။
    April fool ၀န်ကြီးရယ် ပြုတ်ချင်တာလား၊ ရာထူးတိုးချင်တာလား
    ထောင်ဂဏန်းဆိုတာ ဂျေး ကိုပြောတာ
  52. Vicky on said:
    တကယ်ရောင်းမှာလား////တကယ်ရောင်းမယ်ဆို ရင် နိုင်ငံမှာ တိုးတက်ကိန်း ရှိတယ်နော်,,,,thanks for selling
  53. Thaw Thaw on said:
    ကောင်းတာပေါ့။ထောင်ဂဏန်းနဲ့ဆိုရင်အရမ်းကောင်းတာပေါ့။
    ဒါပေမယ့်ထွက်လာမှပဲထွက်လာပြီလို့ယုံလိုက်တော့မယ်နော်။ဒါပေမယ့်အထက်ကတင်ထားတဲ့သတင်းက၀န်ကြီးပြောတာသေချာလို့လား။
  54. Thaw Thaw on said:
    ကောင်းတာပေါ့။ထောင်ဂဏန်းနဲ့ဆိုရင်အရမ်းကောင်းတာပေါ့။
    ဒါပေမယ့်ထွက်လာမှပဲထွက်လာပြီလို့ယုံလိုက်တော့မယ်နော်။ဒါပေမယ့်အထက်ကတင်ထားတဲ့သတင်းက
  55. chittone on said:
    ta cal phit yin kaung tar pot but thay char loat lar
  56. chittone on said:
    but hand phong ka zay tat mar.stop lain tar stop par tot a yuu yal.april fool ma loat nat
  57. ဖြစ်နိုင်ရင် ကောင်းတာပေါ့
  58. talkboy on said:
    ပာုတ်လို့လာ ၀န်ကြီးရဲ့ ခင်ဗျာတို့အစိုရတွေ စားရင်စားရင် ဒို့မြန်မာပြည်ကြီးလဲ ရှိသမျှအမွှေးတွေပြောင်းကုန်းပါပြီး
    ဖြစ်နိုင်ရင် ကောင်းတာပေါ့ ဆင်းရဲသားတွေ့လဲ ပျော်ရဒါပေါ့………….
  59. Nay Linn on said:
    ဘာဖုန်း..ညာဖုန်း..ဘယ်လောက်ပါ…ထောင်ဂဏန်းပါနဲ့ ….(တောက်…).မပြောလိုက်ချင်ဘူး…ကောင်းလိုက်တဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း..လိပ်ရူကိုတောင်ကုန်းပေါ်တက်ခိုင်းသလိုပဲ…နှေးရတဲ့ ကြားထဲ..ရပ်လိုရပ်..နောက်ပြန်ဆုတ်လိုဆုတ်နဲ့ …
  60. dk.kunglay on said:
    ဟုတ်လို့ လာဟုတ်ရဲ့ လာာားးး ဝန်ကြီနည်နည်ပြောပါ
  61. စစ်နိုင် on said:
    အကောင်းအဆိုးတာခွဲထားလို.မရဘူးနော်…….
  62. konay on said:
    သတင်းအတိုင်း ထွက်မယ့်ရက်ကျမှ ကျနော်မပြောပါဘူးဆိုပြီး
    ငြင်းဦးမှာပဲမဟုတ်လား?
  63. yar zu thit on said:
    very good
  64. ma lay on said:
    sim card
  65. smiklady on said:
    ဟုတ်လို့ဟား ကြည့်လဲ လုပ်ကြ နော် ပြောတော့တစ် မျိုးလုပ်တော့ တစ်မျိုး စောင့်နေ၇တာ မောတယ် ဟုတ်ပီလား ကဒ်တော့ ဈေးကျပါရဲ ဟမ်းစက် ကနည်းတာမဟုတ်ဘူးနော် မြို့တွေ ဘဲ ချပေးမနေနဲ့ သူတို့ က၀ယ်နိုင် တယ် ဟုတ်ပီလား နယ်တွေကိုအဒိ့ကထားပီး လုပ်ပေးနော် ၀န်ကြီးချူပ်….တောင်းဆိုတာပါ
  66. Net killer on said:
    လိုင်းမကောင်းရင်တော့အလကားပါဘဲ၊ တနိုင်ငံလုံး 3G တောင်မရသေးဘူး၊ လိုင်းကဒ်ကြည့်လွှတ်ချပေးနေရင် mobile သုံးစွဲသူတွေကိုလိုင်းကြပ်နေတဲ့ပြဿနာကိုခံစားနေရမှာအမှန်ပါဘဲ၊ဒါကြောင့် လိုင်းကောင်းအောင်နဲ့ အခြားသောဝန်ဆောင်မှုတွေကို နိုင်ငံတကာ အဆင့်မီအောင်အရင်ဆုံး ပြုပြင်ပြောင်းလဲပေးသင့်ပါတယ်။အဲဒီလိုဖြစ်မဲ့နေ့ကိုမျှော်နေမိမှာပါ။
  67. Sai Sai on said:
    ရောင်းပေးရင်တော့ ကောင်းသာပေါ့ဗျာ
  68. jipsy on said:
    April 1 ရက်နေ့ မကျိန်းသေသေးကြောင်းပါ(ကောလဟာလလားမသိ)
    April Fool Day ကတော့ ကျိန်းသေသလောက်ပါပဲ။
    :P
  69. kaungmyat on said:
    ကောင်းတယ် အင်တာနက်ပါသုံးလိုရလားမသိဘူးးးး
  70. aungmyint on said:
    မဖြစ်နိုင်ဘူး
  71. SAN WIN AUNG on said:
Leave a Reply
Your email address will not be published. Required fields are marked *
*
HTML tags are not allowed.
Like Us on Facebook
Today Visit