Zawgyi Keyboard for Nokia (Symbian)

Share This
Tags

Nokia Zawgyi Keyboard ပို့စ်အား နွယ်ရိုး Blog မှကူးယူဖော်ပြပါသည်။
Nokia Symbian Myanmar Zawgyi Keyboard

မ​င်္ဂ​လာ​ပါ
Symbian ​သုံး​ဖုန်း​ဖြစ်​တဲ့ Nokia ​ဖုန်း​တွေ​မှာ ​ဇော်​ဂျီ​ကီး​ဘုတ်​အ​သစ် ​ရ​ပါ​ပြီ။ ​အ​စော​ပိုင်း​က​တော့ Opera Mini ​မှာ ​မြန်​မာ​လို ​မြင်​ရ​အောင် ​လုပ်​ထား​ကြ​တော့ Web Text Editor ​လေး​နဲ့ Opera Mini ​ထဲ​မှာ​ပဲ ​ဇော်​ဂျီ​ကို ​ရိုက်​လို့​ရ​အောင် ​လုပ်​ခဲ့​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ကျွန်​တော် Responsive ​အ​နေ​နဲ့ ​မ​ရေး​ခဲ့​တော့ ​ဖုန်း​အ​နေ​အ​ထား​ပေါ်​မူ​တည်​ပြီး ​အ​ဆင်​မ​ပြေ​ဖြစ်​တာ ​များ​ပါ​တယ်။

ဟိုး ​အ​ရင်​က​လည်း Nokia ​ဖုန်း​တွေ​အ​တွက် ​ကီး​ဘုတ်​တစ်​မျိုး ​ထွက်​ခဲ့​ပါ​သေး​တယ်။ ​ဒါ​ပေ​မယ် ​ထည့်​ဖို့​ရာ ​သိပ်​အ​ဆင်​မ​ပြေ​ပါ​ဘူး​။ ​ဖုန်း​ကို Hack ​ထား​မှ ​ထည့်​လို့​ရ​ပါ​တယ်။ Hack ​ထား​ရင်​တောင်​မှ ​မူ​လ​ရှိ​ပြီး​သား ​ကီး​ဘုတ်​နေ​ရာ​မှာ ​အ​စား​ထိုး​ခွင့် ​မ​ပေး​တာ​မျိုး​လည်း ​ရှိ​ပါ​တယ်။

ယ​ခု​နည်း​က​တော့ ​ကျွန်​တော် ​တ​ရုတ်​ဆော့​ဖ်​ဝဲလ် Baidu Input ​ရဲ့ Skin ​ကို​သာ ​ဆွဲ​ထား​တာ ​ဖြစ်​တဲ့​အ​တွက် ​ဖုန်း​ကို Hack ​ထား​ဖို့​လည်း ​မ​လို​ပါ​ဘူး​။ Baidu Input ​ဆော့​ဖ်​ဝဲလ်​ကို​သွင်း​ပြီး ​ကိုယ်​ဆွဲ​ထား​တဲ့ ​ဇော်​ဂျီ​ကီး​ဘုတ် Skin ​ကို ​၎င်း Baidu Input ​မှာေ​ရွး​ပေး​လိုက်​ရုံ​ပါ​ပဲ။

ထည့်​သွင်း​နည်း
လို​အပ်​သော File ​များ​ကို Download ​လုပ်​လိုက်​ပါ။ အောက်က link မှာရယူပါ။

http://dl.dropbox.com/u/32106928/keyboard-for-nokia.zip

ပြီး​နောက် Memory ​ထဲ​သို့ ​ကူး​ထည့်​ပါ။

Zip ​တွင် Password ​ပါ​ခဲ့​ပါ​က nweyoe ​ဖြစ်​သည်။

အ​ဆင့် ​၁ ။    ။ Baiduinput_symbian3_v5_v3.1_1000e.sisx ​ကို ​ဖုန်း​ထဲ​၌Install ​လုပ်​ပါ။
အ​ဆင့် ​၂ ။    ။ C:\baidu\input\touchskin ​ထဲ​သို့ Zawgyi-Keyboard.bds ​ကို Copy ​ကူး​ထည့်​ပါ။ ​ဒီ​တိုင်း​ထည့်​မ​ရ​လျှင် X-plore ​ကို​သုံး​၍​ထည့်​ပါ။ X-plore ​အ​ကြောင်း ​ဤ​နေ​ရာ​တွင် ​ရှင်း​ပြ​မ​နေ​တော့​ပါ။ )
ဒီ​အ​ဆင့်​ထိ​က​တော့ ​ဆော့​ဖ်​ဝဲလ်​ထည့်​ခြင်း ​ပြီး​ပါ​ပြီ။

ဇော်​ဂျီ​ကီး​ဘုတ် ​ပြောင်း​နည်း
Application Menu ​ထဲ​မှ Du ​ဆို​သော Icon ​လေး​ကို ​ဖွင့်​ပါ။ ​တ​ရုတ်​လို​တွေ ​ပေါ်​လာ​ပါ​လိမ့်​မယ်။
နံ​ပါတ် ​၁ ​ကိုေ​ရွး​ပါ။
နံ​ပါတ် ​၁ ​ကိုေ​ရွး​ပြီး​လျှင် ​အ​ပေါ်​ဆုံး​တစ်​ခု​ကိုေ​ရွး​ပါ။ ​နောက်​တစ်​ခု ​တက်​လာ​လျှင် ​အ​ပေါ်​ဆုံး​တ​ရုတ်​စာ ​ပါ​တာ​ကိုေ​ရွး​ပါ။ AknFEP ​သည် ​မူ​လ ​ကီး​ဘုတ်​ဖြစ်​သည် )

Nokia Zawgyi Myanmar Keyboard

နောက်​သို့ ​ပြန်​ထွက်​ပါ။
နံ​ပါတ် ​၄ ​ကိုေ​ရွး​ပါ။
နံ​ပါတ် ​၄ ​ကိုေ​ရွး​ပြီး​လျှင် ​အ​ပေါ်​ဆုံး​တစ်​ခု​ကိုေ​ရွး​ပါ။
ပုံ​စံေ​ရွး​ခိုင်း​ပါ​လိမ့်​မည်။ ​ဒု​တိ​ယ Tab ​ကို​သွား​ပါ။ Baidu-Zawgyi-Keyboard ​ကိုေ​ရွး​နှိပ်​လိုက်​ပါ။ Popup ​တက်​လာ​လျှင် ​အ​ပေါ်​ဆုံး ​တစ်​ခု​ကိုေ​ရွး​ပေး​ပါ။ ​ဒု​တိ​ယ​တစ်​ခု​သည် ​ထည့်​ထား​သော Skin ​ကို Delete ​လုပ်​ခြင်း​ဖြစ်​သည်။ )

Nokia Zawgyi Myanmar Keyboard

အ​ဆင့်​ဆင့် Back ​ပြန်​သွား​၍ ​ထွက်​လိုက်​ပါ။

Message ​မှာ ​စာ​ဝင်​ရိုက်​ကြည့်၊ ​ကီး​ဘုတ်​ပေါ်​က ​အ​င်္ဂ​လိပ် ​အ​လံ​လေး​ကို​နှိပ်​ကြည့်​ပါ​ဦး​။ ​စာ​ရိုက်​မ​ရ​သေး​ပါ​က ​ညာ​ဖက် ​အ​ပေါ်​ဆုံး​ရှိ ​တ​ရုတ်​စာ​ကို ​နှိပ်​ပါ။ Horizontial ​ကိုေ​ရွး​လိုက်​ပါ။ဇော်​ဂျီ ​ကီး​ဘုတ် ​ပေါ်​လာ​ပါ​လိမ့်​မယ်။

ရိုက်​နည်း​က​တော့ ​ပုံ​မှန်​အ​တိုင်း​ပါ​ပဲ။ ​ပါဌ်​ဆင့်​တွေ​ကို​တော့ ​မူ​ရင်း​စာ​လုံး​နေ​ရာ​တွေ​မှာ ​ထည့်​ထား​ပါ​တယ်။ ​ဥ​ပ​မာ ​ဆ ​ရဲ့ ​ပါဌ်​ဆင့်​ကို​ရိုက်​မယ်​ဆို​ရင် ​ဆ ​ကို​ဖိ​ထား​လိုက်​ရုံ​ပါ။

အို​ကေ ​စာ​တော့ ​ရိုက်​လို့​ရ​သွား​ပါ​ပြီ။ ​စာ​ရိုက်​ဖို့​အ​တွက် ​ကီး​ဘုတ် ​သတ်​သတ်​ပါ​ပဲ။ Font ​ကို​မြင်​ရ​ဖို့​က​တော့ Font Zoomer ​လို​မျိုး Font ​ပြောင်း​တဲ့ ​ဆော့​ဖ်​ဝဲလ်​သုံး​ပြီး ​ပြောင်း​ပါ။ Zawgyi Font ​ပြောင်း​လိုက်​လျှင် ​ဖုန်း​ထဲ​၌ ​တ​ရုတ်​စာ ​မြင်​ရ​တော့​မည် ​မ​ဟုတ်​ပါ။

Baidu ​ထဲ​မှ ​နံ​ပါတ် ​၄ ​ကို ​ပြန်​နှိပ်​ပြီး ​နောက်​ခံ​များ ​ပြောင်း​လဲ​နိုင်​ပါ​တယ်။ ​ပို​၍​သပ်​ရပ်​သော ​ကီး​ဘုတ်​လေး ​ရ​ပါ​လိမ့်​မယ်။

ကဲ ​ပို​ရှင်း​သွား​အောင် FAQ ​လေး ​ဆက်​ဖတ်​လိုက်​ပါ​ဦး​။

မေး​။    ။ ​ဇော်​ဂျီ​ကီး​ဘုတ်​အ​ပြင် ​ဘာ​ကီး​ဘုတ်​တွေ ​ပါ​သေး​လဲ။
ဖြေ။    ။ ​အ​င်္ဂ​လိပ်​ပါ​မယ်၊ ​တ​ရုတ် Pinyin ​ပါ​မယ်။

မေး​။    ။ ​ကီး​ဘုတ်​တော့ ​မြင်​ရ​ပြီ ​ဒါ​ပေ​မယ့် ​ရိုက်​လိုက်​ရင် ​လေး​ထောင့်​တုန်း​တွေ​ပဲ ​ပေါ်​တယ်။ ​ဘာ​ဖြစ်​လို့​လဲ။
ဖြေ။    ။ ​ဟုတ်​ကဲ့။ ​ဒါ​က ​ကီး​ဘုတ်​သတ်​သတ်​ပါ​ပဲ။ Font ​ကို​မြင်​ချင်​ရင် Font Zoomer ​လို Font ​ပြောင်း​ပေး​တဲ့ Software ​တစ်​မျိုး​ကို​သုံး​ပါ။ Font Zoomer ကိုတော့အောက်က link ကနေရယူလိုက်ပါ။

http://dl.dropbox.com/u/32106928/FontZoomer.zip

အဲ​ဒါ​ဆို​ရင် ​ဖုန်း​တစ်​ခု​လုံး​မှာ ​မြန်​မာ​လို ​ရိုက်​လို့​ရ​သွား​ပါ​ပြီ။ ​ဒါ​ပေ​မယ့် ​စာ​လုံး​ထပ်​ပြီး ​မ​သပ်​မ​ရပ် ​ဖြစ်​တဲ့ ​ပြ​ဿ​နာ​တော့ ​ရှိ​ပါ​တယ်။

မေး​။    ။    ​တ​ရုတ်​ဆော့​ဖ်​ဝဲလ်​ကို ​ပြန်​ပြင်​ထား​တာ​ဆို​တော့ Error ​များ ​ရှိ​နိုင်​မ​လား​၊ Master Reset ​ချ​မှ ​ပြန်​ဖြုတ်​လို့ ​ရ​တာ​မျိုး​ပေါ့​။
ဖြေ။    ။    ​မ​ရှိ​ပါ​ဘူး​။ ​ဖြုတ်​ချင်​ရင် Baidu Input ​ကို ​အ​လွယ်​တ​ကူ​ပဲ ​ပြန်​ဖြုတ်​နိုင်​ပါ​တယ်။ ​မူ​လ​ကီး​ဘုတ် (AknFEP ​ကို Baidu Input ​ထဲ​မှာ ​ပြန်ေ​ရွး​ပြီး​ရင်​ပေါ့​။

မေး​။    ။    Contact ​နာ​မည်​ပြောင်း​တာ​တွေ၊ Message ​ပို့​တာ​တွေ​မှာ ​စာ​လုံး​တွေ ​မ​သပ်​မ​ရပ်​ဖြစ်​တာ​မျိုး​နဲ့ ​စာ​လုံး​ထပ်​တာ​တွေ​ရှိ​ပါ​တယ်။ ​အ​မှန်​အ​တိုင်း ​သပ်​သပ်​ရပ်​ရပ်​မြင်​အောင် ​ဘယ်​လို​လုပ်​ရ​ပါ​မ​လဲ။
ဖြေ။    ။    ​ဇော်​ဂျီ​မှ ​မ​ဟုတ်​ပါ​ဘူး​။ ​အ​ခြား ​မြန်​မာ Font ​တွေ​ထည့်​လည်း ​ဖြစ်​ပါ​တယ်။ ​အ​ခု​တွေ့​ရ​သ​လောက်​က​တော့ Symbian ​ဖုန်း​ထဲ​မှာ ​မြန်​မာ​စာ​ကို ​သပ်​သပ်​ရပ်​ရပ်​နဲ့ ​အ​မှန်​အ​တိုင်း ​မြင်​နိုင်​တာ Vibar ​ထဲ​မှာ​ရယ်၊ Nokia Car Mode ​မှာ​ရယ်၊ Blob ​ဆို​တဲ့ Blogger and WordPress Client ​ထဲ​မှာ​ရယ်​ပါ​ပဲ။

Myanmar Nokia Zawgyi Keyboard

မေး​။    ။ ​ဒီ​ကီး​ဘုတ်​ကို ​ပို​ကောင်း​အောင် ​လုပ်​ဖို့​ရှိ​ပါ​သ​လား​။
ဖြေ။    ။ ​ဟုတ်​ကဲ့​ဗျာ၊ ​ဒီ​ကီး​ဘုတ်​ရယ်​မှ ​မ​ဟုတ်​ပါ​ဘူး​၊ ​အ​ခြား​သော ​အ​ဆင်​ပြေ​တာ​မျိုး​တွေ့​ရင်​လည်း ​လုပ်​ဖြစ်​ဦး​မှာ​ပါ​ပဲ။

မေး​။    ။ ​အဲ​ဒီ​လို​မျိုး Skin ​ကို ​ကိုယ့်​တိုင်း​ကိုယ် ​လုပ်​ကြည့်​ချင်​တယ်။ ​ရ​နိုင်​ပါ့​မ​လား​။
ဖြေ။    ။ ​ရ​တာ​ပေါ့​ဗျာ။ ​စိတ်​ပါ​လို့ ​လုပ်​ချင်​တယ်​ဆို​ရင် http://shouji.baidu.com/input/ ​ကို​သွား​ပါ။ ​လို​အပ်​တဲ့ ​ဆော့​ဖ်​ဝဲလ် Baidu Input ​ရဲ့ Skin ​ပြောင်း​တဲ့ ​ဆော့​ဖ်​ဝဲလ် ​ကို Download ​လုပ်​ပါ။ ​ကိုယ့်​တိုင်း​ကိုယ် ​ပြု​ပြင်​တီ​ထွင်​နိုင်​ပါ​တယ်။

ကဲ ​ကျွန်​တော်​မေး​ပြီး ​ကျွန်​တော်​ဖြေ​ထား​တာ​လေး ​ဖတ်​ပြီး​ရင်​တော့ ​သ​ဘော​ပေါက်​လောက်​ပါ​ပြီ​နော်။

စမ်း​သပ်​ပြီး​ဖုန်း​များ

Nokia 5800 , Nokia C7-00 (Symbian Belle , Symbian 3)

အ​ဆင်​ပြေ​ကြ​ပါ​စေ
နွယ်​ရိုး
၂​၂ / ​၂ / ​၂​၀​၁​၃
Nokia Zawgyi Keyboard ပို့စ်အား နွယ်ရိုး Blog မှကူးယူဖော်ပြပါသည်။
Credit: http://www.nweyoe.net/blog/new-nokia-zawgyi-keyboard/

About the Author

- Thet Naing Soe (http://www.facebook.com/thetnaing.mmas)-------------------------- Founder of Myanmar Mobile App (www.myanmarmobileapp.com) -- ကျွန်တော်ကဘာလဲ.... မင်းကဖောက်ထွင်းမြင်ရတယ်.. အားတက်သရောလဲစီးဆင်းတယ်။ ဒါပေမယ့် ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘူး.. အဲဒါကြောင့်.. ရေတံခွန်

26 comments on “Zawgyi Keyboard for Nokia (Symbian)

  1. ညိမင်း on said:

    symbian s6700 ကို myanmarfont ထည့်လို့ရမလား ခင်ဗျ ထည့်လို့ရမယ်ဆို၇င် ကူညိပေးပါဥိးနော်

  2. sai ounghing on said:

    HUAWEI mediapad10 FHD 4.0.4 ROOT လုပ်ချင်လို့ပါ လုပ်လို့၇၇င်တင်ပေးပါဦး….

  3. phonesoftware555 on said:

    nokia N700 myanmar font လုပ်နည်းလေး ကူညီပေးပါအုံး

  4. si thu on said:

    Thanks billion for your sharing. It is really working in my nokia phone.

  5. aungkomin on said:

    အမ်ပလီကေးရှင်းတွေကိုဘယ်လိုဒေါင်းလုပ်ဆွဲရတာလဲ။

  6. johnniehero25 on said:

    Font Zoomer ​ထဲဝင်ပြောင်းရသေးလား ဘာပြောင်းရတာလဲ အကို

  7. frankie on said:

    nokia lumia 800 မှာ မြန်မာဖောင့် ရပြီလား အကို

  8. flame on said:

    help me! my phone 5800
    i do all the step above shown!
    but i can’t use zawgyi key board!
    when i select the zawgyi’s skin… it’s blank & appear like shirt!
    then nth change! :(

  9. သိန်းဇော် on said:

    ဟ အကိုရေကျွန်တော့ရဲ.နှစ်ရှည်လများ(မြန်မာစာ)မရလို.ပစ်ထားတဲ့ nokia (500)မှာတော့လုံးဝအဆင်ပြေသွားပြီး font ကတော့အစကတည်းကျွန်တော် fontzoomer နဲ.ထည့်ထားလို.ထည့်စရာမလိုတော့ဘူး ကျေးဇူးတင်လိုက်တာဗျာ ကျွန်တော့် iphone မှာမြန်မာစာထည့်လို.ရတုန်းကတောင်မှဒီလောက်မပျော်ဘူး အောက်နားကကိုယ့်ဟာကိုမေးပြီးကိုယ့်ဟာကိုပြန်ဖြေထားတာလေးလည်းရီချင်တယ် ……ဟင်းဒီလောက်ခက်တဲ့ symbian ဘာတတ်နှိုင်သေးလဲ…..

  10.ုkokolin on said:

    ကျနော့် nokia C6 01 မှာ install လုပ်လို့မရဘူးဗျ sis က certificate errorဖြစ်နေတယ်ဗျာ
    ဘယ်လိုလုပ်ရပါ့မလဲ

  11. Oo Guna on said:

    ကျေးဇူးတင်တယ်ဟေ့….အရမ်းခံပြင်းနေတာ.ဒါကိုဘာလို့မရတာလဲဆိုပြီးတော့လေ.ခုတော့ တော်တော်လေးအဆင်ပြေသွားပါပြီ…N8 မှာပါ…ဆက်ပြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

  12. zaw win latt on said:

    sony ericson u5iမှာကော myanmar font ထည့်လို့ ရလား

  13. kyawnyinyihein on said:

    ကီးဘုတ် တော့ ပေါ်တယ် စာရိုက်ရင်ဖောင့် မမြင်ရဘူး ဘာလိုနေလို့လဲမသိဘူးကူညီပေးပါဦး nokia5800 မှာ ပါ

  14. thet zon phue wai on said:

    font zoomer ကဘယ်လိုပြန်ပြောင်းရမှာလဲ ဘယ်လိုသုံးရမှာလဲပြောပြပေးပါဦးရှင့်

  15. Koaunggyi on said:

    nokia 5800 မှာ အကိုပြောသလိုကီးဘုတ် ထည့်ပီးသွားပါပီ။ ဒါပေ့မယ် အင်္ဂလ အလံမပါဘူး. မြန်မာကီးဘုတ်ကို ပြောင်းလို့မရဘူးဖြစ်နေပါတယ် ကျေးဇူးအများကြီးတင်ပါတယ် အကို ပြောပြပေးပါဦးခင်ဗျာ။

  16. Thurawannatun on said:

    Nokia x6 အတွက်မြန်မာဖောင့်ထည့်နည်းလေးပြောပေးပါဦး။ကျေးဇူးတင်ပါတယ်။

  17. Download မရလို link လေးပြန်တင်ပေးပါလား

  18. brangmai/time on said:

    nokia c2o3လဲရလားဗျ။

  19. nokia E71 မှာယော အသုးံပြုလုပ် ရလားမသိဘူး touch တော့မဟုတ်ဘူး
    syamia အမျိုးစားဘဲ

  20. kozaw on said:

    nokia-303ကို မြန်မာစာရအောင် ကူညီပေးပါအကို

  21. huawei T8620 root လုပ်နည်းတင်ပေးပါဗျာ..

  22. nyilin on said:

    အကိုရေ ကျနော်ကို ကူညီပါဦးခင်ဗျာ ကျနော်ဖုန်းမှာ မြန်မာဖောက်ရှာမရလို ဖြစ်နေတယ် nokia 500(java)ဖုန်းမျိုးစားဖြစ်တယ် ကျနော်ရှာတယ် အဆင်ပြေဘူး ကျနော်ကိုကူညီစေချင်ပါတယ် ….။

  23. khon zaw thu on said:

    အကိုကျေးဇူးတင်ပါတယ်

    • khon zaw thu on said:

      Java အမျိုးအစားရှိလျှင် အတိပေးပါ အကိုကျေးဇူးတင်ပါတယ်

      အကိုကျေးဇူးတင်ပါတယ်

  24. myo thura on said:

    Baidu-Zawgyi-skin ကိုွေ့းလို့မရဘူး

  25. kyawzayya on said:

    ကျေးဇူးတင်ပါတယ်အကိုရေ/Nokia 5800 မှာပါ၊keyboard လိုက်ရှာနေတာကြာပါပြီ။
    Font ကိုတော့ Mobile9.com က symbianmya_84jv4lnb.sisx ကို down ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Like Us on Facebook

Today Visit