Galaxy Ace 2 ကို jellybean 4.1.2 ကနေ gingerbread 2.3.6 သို့ ပြန်ဆင်းမယ်

7
173

မန္တလေးမြို့မှာမိုဘိုင်းဖုန်းပြုပြင်ခြင်းနှင့်ပတ်သက်သည့်အတတ်မွေးဝမ်းကျောင်းအတတ်ပညာကိုသင်ယူလိုပါသလား ။ Myanmar Mobile App နဲ့လာရောက်ချိတ်ဆက်လိုက်ပါ။ ၂၀၁၆ ဇွန်လ ၆ ရက်နေ့တွင် မန္တလေးမြို့မှာ မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာဆိုင်ရာတန်းခွဲသစ်များဖွင့်လှစ်ဖို့ရှိပါတယ် ။ Myanmar Mobile App မှ မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ စက်ပစ္စည်းအစုံအလင်နဲ့စာတွေ့လက်တွေ့ပေါင်းစပ်သင်ကြားပေးကြမှာပါ ။ သင်တန်းကာလ ၂ လဖြစ်ပြီး သင်တန်းကြေးကတော့ ၁၆၀၀၀၀ ကျပ်ဖြစ်ပါတယ် ။ နယ်မှလာရောက်မည့်သူများအတွက်လည်း သင်တန်းကာလအတွင်း နေထိုင်ရန်အဆောင်များဖြင့်ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ တက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၉၁၀၃၃၁၃၄ ၊ ၀၉၇၉၇၂၄၈၄၈၈ တို့သို့ဆက်သွယ်၍ကြိုတင်စာရင်းပေးထားနိုင်ပါသည်။ ရန်ကုန်မြို့မှာလည်းသင်တန်းကျောင်းဖွင့်လှစ်ထားတယ်နော်။

Samsung Galaxy Ace 2 သမားများအတွက်  jellybean 4.1.2 ကနေ  gingerbread 2.3.6  သို့ ပြန်ဆင်းနည်းလေးဖြစ်ပါတယ် ..အရင် ဆုံးလိုအပ်တဲ့ဖိုင်တွေ အရင် ဒေါင်းရပါမယ် …

ဒါက Odin ပါ

Odin 3 v1.83 ဒေါင်းရန်

firmware ဖိုင်ပါ..

firmware ဖိုင်ဒေါင်းရန်

Driver ပါ..

Samsung USB driver ဒေါင်းရန်

Driver ဒေါင်းပြီးရင် ကွန်ပျူတာမှာ သွင်းထားလိုက်ပါ ..

လိုအပ်တဲ့ဖိုင်တွေ ဒေါင်းပြီးသွားပြီဆိုရင်  Firmware ကို  zip ဖြေရပါမယ် ..zip ဖြေလိုက်ရင် အောက်ပါအတိုင်းရရှိပါလိမ့်မယ်

  • CODE_GT-I8160XXLK6_CL1211243_REV00_SEC_KEY_LK6_4G.tar.md5
  • CSC_GT-I8160-MULTI-CSC-0XELF1_SEC_KEY_4G.tar.md5
  • GT-I8160_EUR_XX_4G.pit

Odin 3v-1.83 ကို ကွန်မှာရမ်းလိုက်ပါ ..ပြီးရင်  Odin ရဲ့

PDA မှာ အပေါ်က firmware ဖိုင်ထဲက   “CODE_GT-I8160XXLK6_CL1211243_REV00_SEC_KEY_LK6_4G.tar.md5″ file.    ရွေးပါ..

CSC မှာ အပေါ်က firmware ဖိုင်ထဲက    “CSC_GT-I8160-MULTI-CSC-0XELF1_SEC_KEY_4G.tar.md5″.   ရွေးပါ.

Pit မှာ အပေါ်က firmware ဖိုင်ထဲက   “GT-I8160_EUR_XX_4G.pit” file. ရွေးပါ..

ရွေးပြီးသွားရင်တော့ မိမိရဲ့ဖုန်းကို ပိတ်ပြီး  download  mode ၀င်ရပါမယ်.. download mode ကို  vol-   power   home တွဲနှီပ်ပြီး ၀င်ရပါမယ် .ပြီးရင် vol+  ဆက်နှီပ်လိုက်ပါ …..အောက်ပါအတိုင်းဖြစ်နေရင်တော့ မိမိဖုန်းရဲ့ download mode ရောက်ရှိပါပြီ

အပေါ်ကပုံအတိုင်းဖြစ်နေပြီဆိုရင်တော့ မိမိရဲ့ဖုန်းကို  USB ကြိုးနဲ့ ကွန်ကိုထိုးလိုက်ပါ.. Odin ရဲ့ ID.com အောက်မှာ အပြာရောင်ဖြစ်ဖြစ် အစိမ်းေ၇ာင်ဖြစ်ဖြစ် အ၀ါရောင်ဖြစ်ဖြစ် ပေါ်လာရင် ရပါပြီ.. အောက်ပါအတိုင်းပါ ..

..အဲလိုအရောင်လေးတက်မလာရင် Driver စစ်၊ USB ကြိုးစစ်၊ ကွန်အပေါက် ပြန်စစ်ပါ..

အဲလိုဖြစ်သွားရင်  Start နှီပ်လိုက်ပါ

သူ့ဟာသူ အလုပ်လုပ်နေပါလိမ့်မယ် .. Odin မှာ အောက်ပါပုံအတိုင်း  PASS ပြရင် တော့ မိမိရဲ့ဖုန်း firmware 2.3.6 ပြန်ဆင်တာအဆင်ပြေသွားပါပြီ.

ဖုန်းဟာ သူ့ကိုယ်သူ  reboot ကျသွားပါလိမ့်မယ် … ပြန်တက်လာရင်တော့ အဆင်ပြေသွားပါပြီး ..ဖုန်း boot တက်ချိန်နည်းနည်းကြာပါမယ်.. logo မှာတင် ၀ဲလည်လည် လုပ်နေရင်တော့ ဖုန်းကိုဘက်ထရီဖြုတ်.. ပြန်တပ်ပြီး  recovery mode ကို   vol+  power   Home  ၀င်ကာ  factory data reset လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါပြီ..

အားလုံးပဲ အဆင်ပြေကြပါစေ..

မျိုးမင်းသန့်


ရန်ကုန်မြို့မှာမိုဘိုင်းဖုန်းပြုပြင်ခြင်းနှင့်ပတ်သက်သည့်အတတ်မွေးဝမ်းကျောင်းအတတ်ပညာကိုသင်ယူလိုပါသလား ။ Myanmar Mobile App နဲ့လာရောက်ချိတ်ဆက်လိုက်ပါ။ ၂၀၁၆ မေလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့မှာ မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာဆိုင်ရာတန်းခွဲသစ်များဖွင့်လှစ်ဖို့ရှိပါတယ် ။ Myanmar Mobile App မှ မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ စက်ပစ္စည်းအစုံအလင်နဲ့စာတွေ့လက်တွေ့ပေါင်းစပ်သင်ကြားပေးကြမှာပါ ။ သင်တန်းကာလ ၂ လဖြစ်ပြီး သင်တန်းကြေးကတော့ ၁၆၀၀၀၀ ကျပ်ဖြစ်ပါတယ် ။ တက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၂၅၉၂၆၉၂၈၉ ၊ ၀၉၇၉၉၅၆၆၄၃၃ တို့သို့ဆက်သွယ်၍ကြိုတင်စာရင်းပေးထားနိုင်ပါသည်။ မန္တလေးမြို့မှာလည်းသင်တန်းကျောင်းဖွင့်လှစ်ထားတယ်နော်။