Huawei Phone Firmware Installation (Huawei ဖုန်း firmware တင်နည်း)

Share This
Tags

url

 

ကဲ ကျွန်တော် myanmarmobileapp မှာပထမဆုံးရေးသားခွင့်ရတဲ့ပို့စ်လေးပါ။ ဒီလိုပို့စ်ရေးလို့ရတဲ့အတွက် ကိုအောင်ဘိုဘိုလွင်ကို အထူးပင်ကျေးဇူးတင်ပါတယ်(ကျေးဇူးတင်ထိုက်သူအားလုံးပေါ့နော် :D)
myanmarmobileapp site ကလေးမှာတော်တော်များများပြည့်ပြည့်စုံစုံရှိပီးသားပါ။ အနော်အခုရေးတဲ့ ပို့စ်ကလေးကတော့ အကြမ်းဖျင်းပေါ့နော် Huawei ဖုန်းတွေ firmware တင်တာလေးတွေပြောပြသွားမှာပါ။

dload ဖိုင်ဖြည့် Firmware တင်ခြင်း
တစ်ခြားတော့ဘာမှမဟုတ်ပါဘူး။ Huawei ဖုန်းတော်တော်များများရဲ့ Firmware တွေက များသောအားဖြင့် zip ဖြည်လိုက်ရင် dload folder လေးပါတာများပါတယ်။အယ် အဲ့မှာ တစ်ခုသတိထားရမှာက တစ်ခုက ဥပမာ dload တော့
ပါပါရဲ့ ထက်ဖွင့်လိုက်ရင် dload ထဲမှာမှ update.zip ဆိုပီးထပ်ပါနေရင်တော့ဒီနည်းမဟုတ်ဘူးနော်။ နောက်တစ်နည်း။အဲ့လိုမှမဟုတ်ဘူး dload folder ထဲမှာ update.app တစ်ခုပဲပါတယ်ဆိုရင်
အဲ့လိုကောင်မျိုးဆိုရင်လွယ်တယ်။external sd card အလွတ်တစ်ခု (2 GB or 4 GB)ကို Format ရိုက်။ ပြီးရင် dload folder လိုက်ကို SD card ထဲထည့်။ ဖုန်းကို ပါဝါပိတ် ။ vol up + down + power တွဲနှိပ်လိုက်ပါ။
အောက်ကပုံအတိုင်း step 1 2 တင်သွားတာမြင်တွေ့ရမှာပါ။ တစ်ခါတစ်လေ step 2 မှာ fail ပြတတ်ပါတယ်။ fail ပြပီးဆိုဘာလုပ်မလဲ အရင်ဆုံး SD card ကိုလဲစမ်းသင့်ပါတယ်။
နောက်မှ Flashing tool တွေသုံးကြည့်ပေါ့နော်။နောက်တော့ အသေးစိတ်ထပ်ရှင်းပြသွားမှာပါ။
dload ဖိုင်ဖြင့်တင်ရတဲ့ အမျိုးအစားတွေကတော့ ဥပမာ
1.C8500
2.C8500S
3.C8600
4.C8650
5.C8650E
6.C8800
7.C8810
8.C8812 and so on………………1

 

dload ဖိုင်ထဲရှိ update.zip ဖြင့် Firmware တင်ခြင်း

ဒီကောင်တွေကျတော့ ခုနကလို vol up + down + power နဲ့ တင်လို့မရပါဘူး။ သူ့မှာပါတဲ့ dload folder ကို sd card ထဲထည့်လိုက်ပါ recovery ထဲဝင်လိုက်ပါ။ အဲ့လို Handset မျိုး ဥပမာ T8808D လိုဟာမျိုးကျတော့
orginal stock recovery <3e> ကိုက auto update/sdcard/dload/update.zip ဆိုတဲ့ လမ်းကြောင်းလေးပါပါတယ်။အဲ့ကောင်လေးကိုရွေးပေးလိုက်တာနဲ့ Firmware တင်သွားမှာ ဖြစ်ပါတယ်။အောက်ကပုံအတိုင်းပါ။

 

 

2

3
Firmware ထဲတွင် vendor ဖိုင်ပါဝင်ခြင်း

တရုတ်တွေကလည်းတော်တော်ရှုပ်ပါတယ် ခ်ခ် :P အမျိုးမျိုးကိုလုပ်နေတာ။ အာ့ကြောင့် update fail ဖြစ်ဖြစ်နေတဲ့သူတွေလည်း တပုံကြီးပါ။ sd လဲလည်းမကောင်း။ ဘယ်လိုမှတင်မရ။ပြသ၁နာကဘာမှမဟုတ်ပါဘူး
တစ်ချို့ Firmware တွေ ဖြည်လိုက်ရင် vendor ဖိုင်လေးအပိုပါနေပါတယ် dload အပြင်။ vendor ဖိုင်ဘာလုပ်ဖို့တုန်း။ အဲ့ကောင်လည်းလိုအပ်ပါတယ် dload တစ်ခုတည်းနဲ့တင်ရင် step 2 မှာ fail ပြမှာပါပဲ။
သူ့တင်နည်းကတော့ ဥပမာ Ascend G300 U8818
Firmware ကို ဖြည်လိုက်ရင် dload,vendor ဆိုပီးထွက်လာပါတယ်
sd card အလွတ်ထဲကို dload ဖိုင်ကိုကူးထည့်လိုက်ပါ။ပီးရင် vendor ဖိုင်ထဲက UPDATE.APP ဆိုတာကို rename ပြန်ပေးရပါမယ်။ ဒီလိုလေးပါ “UPDATE_CUST.APP” ဆိုပီးတော့။ ပီးရင် အဲ့ကောင်ခုနက
sd card\dload folder ထဲသွားထည့်လိုက်ပါ။ ပီးရင် ထုံးစံအတိုင်း vol up + down + power တွဲနှိပ်လိုက်ပါ။ ကဲ အာ့ဆို သူတင်ပေးသွားပါလိမ့်မယ်။ step 2 မှာလည်း fail မပြတော့ပါဘူးနော်။ :P

1

ကဲ Firmware ဖြည်လိုက်ရင် step 1 2 3 ပါတာတွေဘယ်လိုတင်မတုန်း

အာ့တွေကနည်းနည်းတော့စားတယ်ဗျာ တရုတ်တွေက။ဥပမာ – U8800pro လိုဟာမျိုးတွေပေါ့ Adroid version မြင့်တော့မယ်ဆိုရင် တိုင်ပတ်တတ်တယ်။
အာ့မျိုးတွေ့ပီဆိုရင် ကိုဗားရှင်းက အခုလက်ရှိဘယ်လောက်သုံးထားတယ်ဆိုတာကို အရင်ဆုံး တစ်ချက်ကြည့်ဖို့လိုတယ်ဗျ နော်။အာ့မှအဆင်ပြေပြေဖြေရှင်းနိုင်မယ်။ဘာလိုလဲဆိုတော့ ဥပမာ
android version 2.2 ကနေ version 4.0 လှမ်းတက်မှာဆိုရင်တော့ step 1 က dload ကို အရင်တင် ပီးရင် step 2 dload , step 3 dload အဆင့်ဆင့်ပေါ့နော် ။အဲ့ 2.3.6 လောက်ကနေအမြင့်တင်မယ်ဆိုရင်
step 1 မလိုပဲ step 2 ကနေစတင်ရင်တောင်ရတယ် ။ ဒါပေမဲ့ သေချာချင်ရင် step 1 ပါ အရင်တင်ရင်တင်ပေါ့ ဟုတ်ဘူးလား ။ အနော်ကတော့ ကျော်လိုက်တယ် ခ်ခ် :P

ကဲ ဒီလောက်ဆို Firmware zip လေးတွေကို ဖြည်လိုက်ရင် ဘာတွေပါတယ် ဘယ်လိုသုံးရမယ်ဆိုတာနည်းနည်းပါးပါးတော့သိလောက်ပီးထင်ပါတယ်နော်။ မေ့လို့ တစ်ချို့ဟာတွေကျတော့ Flashing tool တွေနဲ့
တင်ရတာတွေရှိတယ် နောက်ပိုင်းမှာ ပြောပြသွားမှာပါနော်။ ဆက်လက်ကြိုးစားပါဦးမယ် ။လာလည်ကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။အမှားများပါခဲ့လျှင် သည်းခံနားလည်ပေးပါလို့နော်။ တတ်သလောက်ကြိုးစားပီးတင်ပေးထားပါတယ်။
Post By Hein Maung(MLN)




၈၁ လမ်း ၊ ၄၅ x ၄၆ လမ်းကြား ၊ မန္တလေးမြို့ ရှိ Myanmar Mobile App Store ၏ Mobile Repairing Service & Training Center တွင် လူကြီးမင်းတို့ရဲ့ Android OS သုံးဖုန်းအမျိုးအစားအစုံ ၊ iOS သုံး iPhone/Pad/Pod touch များစသည့် Device များတွင်ဖြစ်တတ်သည့် Problem ၊ Software Error များကိုဖြေရှင်းပေးခြင်း - Firmware တင်ပေးခြင်း ၊ - Myanmar font /keyboard ထည့်သွင်းခြင်း - ဖုန်း Root/Jailbreak လုပ်ခြင်းနှင့် အခြား Mobile Software Service များကို ဈေးနှုန်းသက်သာစွာဖြင့်လာရောက်ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Myanmar Mobile App Store | Mobile Service Center ၈၁ လမ်း ၊ ၄၅ x ၄၆ လမ်းကြား ဖုန်း- ၀၉ ၉၁၀ ၃၃၁၃၄


ကြေညာချက်။ ။ ဖုန်းထဲကနေ မြန်မာဖုန်းဆော့ဝဲလေးတွေရော ၊ နိုင်ငံခြား ဖုန်းဆော့ဝဲလေးတွေရော Download ရယူနိုင်မယ့် Free APK Market ကို ရယူလိုပါက ဒီနေရာကို နှိပ်ပါ


About the Author

- အိမ်မက်ပဲ မက်မနေပါနဲ့ အရာရာအားလုံးကို လက်တွေ့အကောင်အထည်ဖော်ပါ ဘာမဆိုဖြစ်နိုင်တဲ့ လောကကြီးမှာ ခြေချစရာ တစ်နေရာတော့ရမှာပါ ......................

Displaying 56 Comments
Have Your Say
  1. Straight man says:

    It’s very good topic. It’s very useful for the ones who don’t know how to install firmwares. Thank you so much bro. Please write about this topic more and more :)

  2. 99poison says:

    Thank u so much brother fro huawei firmware installing.

  3. Aung says:

    အစ်ကိုရေကျွန်တော့်ဖုန်းက U 9200(P1) ပါ။ကျွန်တော်လည်း Andriod Version မြှင့်ချင်တာ Update File (dload) ဖိုင်ကို ဒေါင်းလုပ်ဆွဲပြီးပြီး Update လုပ်တာလုပ်လို့မရဘူး Error တက်နေလို့ U 9200(P1) ကို Update လုပ်တဲ့နည်းလဲပြပေးပါဦး

    • Hein Maung says:

      အစ်ကိုရေ U9200 အတွက်အခုလေးတင်ညီတင်လိုက်တဲ့ ပို့စ်ရှိပါတယ် ရှာဖတ်ကြည့်ပါ cwm တင်ထားရင် firmware တင်မရဖြစ်တတ်ပါတယ် stock ပြန်သွင်းမှ ရပါမယ်

      • ထွန်းမြတ်အေး says:

        u9200 p1 ကို version 4.1.1 တင်ပြီး အခု oringinal firmware 4.0.3 ပြန်တင်ချင်လို့ ကူညီပါအုးံခင်ဗျာ

  4. Alinn says:

    ကျွန်တော့်ဖုန်းက G510 ပါ… ဖုန်းပါဝါခဏခဏပိတ်ပိတ်သွားလို့ပါ.. သူများကို မေးကြည့်တော့ firmware မမှန်လို့ ပြောပါတယ်.. အဲဒါ G510 original firmware လိုချင်လို့ပါ…

  5. Aung Phyo says:

    အကိုရေ …Y210S firmware လိုချင်လို့ပါ

  6. kaungkaung says:

    HUAWEI U8825D inter SD card fail to mount.please solve me bro

  7. handsam09 says:

    အကိုကျွန်တော် Y210 ကိုတင်တာ step 2 မှာ fail ပြနေလို့ ဘယ်လိုလုပ်ရမလဲမသိဘူး ဘာ Tool နဲ့ တင်ရင်ရမလဲမသိဘူးခင်ဗျ တချက်လောက်တင်ပုံတင်နည်းလေးရှင်းပြပေးစေချင်ပါတယ်

  8. Zwe says:

    အစ်ကိုရေ ကျွန်တော်ံဖုန်းက C8810 ပါ.ပြုတ်ကျသွားပီးပါဝါ မတက်တော့ပါဘူး.Service ဆိုင်မှာမေးတော့လည်း
    30000 လောက်ကုန်မယ်လို့ ပြော လို့  ကျွန်တော်မတတ်နိုင်လို့ ပါ.နည်းလမ်းလေးများရှိရင် ပြောပြ ပါခင်ဗျာ.

  9. သန့်စင် says:

    ကျွန်တော့် U8818 ရဲ့ version မြှင့်ချင်လို့ လုပ်ပေးပါဦး Thank

  10. Myo Myint Myint Aung says:

    ကျွန်တော်ဖုန်း HUAWEI c8813 ပါ system upgrade လုပ်လိုက်တာ ဖုန်းလိုင်းပျောက်သွားလို့ ကူညီပေးပါအုံး။

  11. NYINYI says:

    ကျွန်တော့ဖုန်းက c8813ပါ firmwareပြန်တင်တာ update exception EMMC is readonly လို့ပြနေတယ်ဘယ်လိုလုပ်ရမလဲကူညီပေးပါဦး nyinyi.nz2012@gmail.com ပါ

  12. Aung Kyawthura says:

    ကျွန်တော့်ဖုန်းက c8813ပါ firmware ပြန်တင်တာ dload file ကို phone ထဲမှာ run လို့မရဘူးဖြစ်နေတယ်၊ recovery mode ထဲမှာတင်တာလဲမရဘူး၊ power+vol up+down နဲ့တင်တာလဲ screen ခရမ်းရောင်ကြီးပဲပေါ်နေတယ်၊ ကူညီပါအုံးအစ်ကိုရေ။ Thank you.

    • မတတ်တတ် says:

      အဲဒါကdload fileမှားနေလို့ပါ sd card ကိုformatချရပါမယ်

  13. mgayecho says:

    It’s very good topic. It’s very useful for the ones who don’t know how to install firmwares.Thank you so much fro huawei firmware installing.

  14. Nay Myo says:

    အစ်ကိုရေ……HUAWEI U8825-1မှာ wifi Error တက်နေပါတယ်။ကျေးဇူးပြုပြီး ကူညီပါဦး..။

  15. Wai Yan Htet says:

    အကိုရေONDA VI40 TABLETကိုFirmware ဘယ်လိုပြန်တင်ရမလဲသိချင်ပါတယ်

  16. Iကွန်း says:

    ဆရာတို့ရေ p1 U 9200 firmware တင်တာဘယ်လိုမှမရလို့ပါ ဆိုင်ကနေ ၀ယ်လာ တာအိမ်ရောက်တော့ factory rest ချ လိုက်တာ ဘယ်လိုမှပြန်တက်မလာတော့လို့ပါ cwm လဲ မတင်ရသေးဘူး root လည်းမလုပ်ရသေးဘူး firmware တင်မလို့ U 9200 ရှိသမျှ firmware လဲအကုန်ဒေါင်းပြီးသွားပြီ SD ကဒ်ထဲ ထည့်ပြိး ပြန်တင်တာတခုနဲ့မှအဆင်မပြေလို့ Flashing tool နဲ့လဲ လုပ်ပြီးပြီ မရဘူး SD ကဒ်နဲ့လုပ်တာ error ကဒီလိုပေါ်နေတယ် huawei SD card update processing…
    please wait several minutes…
    Version List verify fail!
    Huawei SD card update fail…… ဆိုပြီး ပြနေတယ် ဘယ်လိုလုပ်ရမလဲ

  17. hanlay says:

    အကိုရေ ကျွန်တော်ဖုန်းက app ဘာတခုမှ installမရတော့ဘူး huawei g-610 u00,V100R001CNHC00B121 ပါ
    ဘယ်လိုလုပ်ရမလဲအကို firmware ပြန်တင်ရမယ်ဆိုလည်း တူတာလေးပေးပါအုန်းနော်

  18. aungthu says:

    huawei g610Uoo ဖုန်းက ပါဝါဖွင့်တာ မပေါ်တော့ဘဲ ဖုန်းပိတ်ရင် အော်သလို ဘိုင်ဘရေးရှင်းဘဲ ခဏခဏဖြစ်နေပါတယ် အဲ့ဒါဘာဖြစ်တာလဲ ဆိုတာလေးနဲ့ နောက်ပြီး အဲ့လိုဖြစ်ရင် ဘယ်လိုပြန်ကောင်းအောင်လုတ်ရမလဲဆိုတာကို ပြောပြပေးစေချင်ပါတယ်ခင်မျှာ

  19. nyan lin says:

    thz nort lae thin kyar pae par

  20. tay zar says:

    ကျွန့်တော့် huawei u8818 သူငယ်ချင်းလက်တော့ထဲက ဇာတ်ကားတွေ internal storage ထဲကူးတာ ပြန်ကြည့်တော့ ပေါ်လည်းမလားဘူး ပါဝါပိတ်ပြီးပြန်ဖွင့်တော့ huawei logo ပဲပေါ်ပြီး ပါဝါပြန်မတက်တော့လို့ ကူညီပေးပါဦး

  21. Ko Zaw says:

    D load file ko bal mhar download laut ya lal bya

  22. nyi says:

    အကို Andriod ဖုန်တွေ boot သေ မသေ ဘယ်လိုခွဲလိုရလဲ ပြောပြပေးပါအကို

  23. soeminthu says:

    C8810firmware လေးလိုချင်တယ်။

  24. tunlove.ct says:

    thz bro

  25. KO AUNG says:

    y210-0151 ကroot ဖောက်လိုက်တာ auto-rotate screen လုပ်လိုက်ရင် screen ကပြောင်းပြန်ကြီးဖြစ်နေပါတယ်
    camera ရိုက်လည်းပြောင်းပြန်ကြီးဖြစ်နေတယ် ကူညီပါအုံးခင်ဗျာ။

  26. kyawsoethatn says:

    အကိုပြောတဲ့အတိုင်းပဲဗျ huawei C8500S က ဖန်ဝဲတင်တာအပန်းရောင် screen မှာပဲရပ်နေတယ်ဗျ ဘယ်လိုဆက်လုပ်ရမလဲဗျ

  27. sue sha says:

    အကိုရေ ကျွန်တော့်ဖုန်းက huawei c8813d ပါ ကျွန်တော့်ဖုန်း build number က 419b172 ပါ။ ကျွန်တော် တင်
    ကြည့်တုန်းက 92b172 ပါ။ မရပါဘူး။ နောက်ပြီး 92b173 ကိုတင်တာလည်း မရပါဘူး ခင်ဗျာ။ sd ကဒ်လဲပြီး
    တင်တော့လည်း အဆင်မပြေပါဘူး။ 419b172 က ကျွန်တော်ရှာတာ ရှာမရလို့ပါ။ အကိုရေ ကူညီပါဦးဗျ။
်folder ထဲမှာလည်း dload file တစ်ခုပဲ ပါ ပါတယ်။ dload file ထဲမှာလည်း UPDATE.APP
ှတစ်ခုပဲ ပါပါတယ်။ဘယ်လို့လုပ်ရမလဲ အကို။ ကူညီပေးပါ။ အရမ်းအရေးကြီးလို့ပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  28. ‌မောင်‌‌မောင်‌စည်‌ says:

    အကို
    ကျွန်‌‌တော်‌phကG610c00ပါ။ver4.2ကိုတင်‌လို့၇ပါလားရင်‌ဘယ်‌လိုတင်‌၇မလဲခင်‌ဗျာ

  29. Six Icon says:

    အကိုရေကျွန်တော့ဖုန်းက c8813d ပါ ခု firmware ရေးလို့ မရဘူး အကိုရယ်လုပ်ပါဦးဗျာ…
    ဘယ်လိုလုပ်ရမလဲ…

  30. kyawgyi says:

    what about sp flash tool ? how to use what kind of huawei phone? PLZ reply me.

  31. aungmyatkyaw says:

    Thanks Brother your idea is very nice

  32. Aung Thu Win says:

    ကျွန်တော့ဖုန်းက c8813ပါ firmwareပြန်တင်တာ update exception EMMC is readonly လို့ပြနေတယ်ဘယ်လိုလုပ်ရမလဲကူညီပေးပါဦး
    mechatronic29@gmail.com

  33. ကျနော်HUAWEI Y210 ကိုwifi Error ဖြစ်နေလို့ dload ဖိုင်နဲ့ firmware တင်လိုက်တာ powerဖွင့်တာမီးမလာတော့ဘူး ဘယ်လိုလုပ်ရမလဲသိတဲ့ညီကိုများကူညီပေးပါနော် ulove898@gmail.com

  34. Su myat says:

    T8100 frimwareတင်နည်းလေးပြောပြပေးပါလား

  35. myomin says:

    အစ်ကိုရေ ကျွှန်တော့ဖုန်းက jugate i9100 ပါ ပါဝါဖွင့်လို့တော့ရတယ် တက်မလာဘူး ဘယ်လိုလုပ်ရမလဲ မသိလို့ ကူညီပါဦး။

  36. hein htet says:

    G 510 ကroot ဖောက်လို့မရဘူးဆိုအစ်ကို ဖောက် ရင် လည်း Bluetooth တို့. Camera
    ပျက်တယ်လို့ ပြောတယ် ဟုတ်လား အစ်ကို

  37. king says:

    brother have not G606 fireware help me please

  38. Mkk says:

    step 1,2,3 အကုန်ပြီးသွားတယ်ဗျ ဒါပေမယ့်မရဘူးဗျ ဘာလို့လဲမသိဘူး ကူညီပါဦးအကို

  39. Mkk says:

    Model က C8500s ပါအကို ကျေးဇူပါ

  40. ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
    ကျွန်တော့်ဖုန်းလေး ခုမှပဲ ပါဝါပိတ်လို့ရတော့တယ်

  41. moe t says:

    အစ်ကိုရေ ကွှန်တော်ဖုန်းက huawei c8813d ပါ
    ခဖြုန်းကိုroot လုပ်ရင်း error တက်လို့ baterry ဖြုတ်လိုက်တာ ပြန်ဖွင်ါတော့ ပါဝါတော့ပွင့်ပြီး huawei icon နဲပမီးလင်းလာပီးဘာမှထပ်ပွင့်မလာဘူးဖြစ်နေတယ် ဘယ်လိုလုပ်ရမလဲနော်

  42. nan da says:

ွhuawei Y210s ပါဝါဖွင့်ရင် formattinf/cacha မှာရပ်နေပါတယ
    ဘယ်လိုလုပ်ရမလဲပြောပြပေးပါ

  43. My phone is G510 0010 & build No.182
    Blue screen error
    how to install official ROM
    please help me

  44. Dar Batte says:

    အကို ကျွန်တော် ဖုန်း U9200 p1 power ဖွင့် ရင် Logo မှာ ရပ်နေတယ် ကူညီး ပါအုန်

Leave a comment

XHTML: You can use these html tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>


− 1 = five