Myanmar Mobile App Store |The Best Mobile Knowledge Sharing Website in Myanmar


MMAS သုံးနှစ်ပြည့် မိုဘိုင်းနှင့်နည်းပညာဆိုင်ရာဟောပြောပွဲသို့တက်ရောက်ရန် လူဦးရေကန့်သတ်ထားသဖြင့်အမြန်ဆုံးဆက်သွယ်စာရင်းပေးရန်လိုပါသည်။

စာရင်းပေး/စုံစမ်းရန်ဖုန်းနံပါတ် -09 259007315


Sony Xperia SP ကို JellyBean (Android V4.1.2) တင်၍ Root လုပ်နည်း

15

Xperia SP Jellybean version 4.1.2 ကို Root ချင်သူများအတွက် Root ကြရအောင်နော် :)

SP

 

ဲJellybean version မတင်ရသေးသူများအတွက် သူ့အတွက် Firmware ကို

ဒီလင့်ခ်မှာဒေါင်းယူပါ => Xperia SP JB [C5302]_12.A.0.1.211 ( password => MMAS )

တင်ပုံတင်နည်းကိုတော့ ဒီလင့်ခ် မှာကြည့်ပါ (မသိသေးသူများအတွက် :) )

 

Unlock Bootloader လုပ်ထားရပါမယ်..အရင်က Unlock Bootloader လုပ်ထားပြီးပြီပဲ ..လိုဘူးလေလို့တော့ ပြောနဲ့နော်….Bootloader Status ကိုပြန်စစ်ကြည့်ပါ..Unlock ဖြစ်ပြီးသားဆိုရင်တော့ ထားလိုက်လေနော့..မဖြစ်သေးရင်ထပ်လုပ်လို်က်ပါ..ဘာလို့အဲဒီလိုပြောပါသလဲဆိုတော့ ကျတော်အဲဒီ P (ICS) Root လုပ်တုန်းက Unlock Bootloader လုပ်ခဲ့ပြီးသားပါ ဒါပေမယ့် ဒီ Jellybean လေးတင်တော့ Bootloader က Lock ပြန်ဖြစ်နေလို့ပါ…

Bootloader Unlock လုပ်နည်းလေးကို မသိသေးသူများအတွက် — >  ဒီလင့်ခ်မှာ ကြည့်ပါ  Or  နောက်တနည်း 

Unlock ဖြစ်မဖြစ်ကို CMD မှာလဲ မြင်တွေ့နိုင်သလို ဒီအတိုင်းလဲထပ် Check ကြည့်နိုင်ပါတယ်

Dial *#*#7378423#*#*   -> “Service Info” -> “Configuration“. If there is:
Bootloader unlock allowed – Yes << ဒါဟာ Bootloader is Locked
Bootloader Unlocked – Yes << ဒီလိုပြနေပြီဆိုရင်တော့ bootloader is unlocked

Unlock ဖြစ်ပြီဆိုရင်တော့ လုပ်ငန်းစရအောင်

အရင်ဆုံး Fastboot ကို ဒေါင်းလိုက်ပါ              —  > Fastboot

ပြီးရင် Xperia SP ရဲ့ Kernel လေးဒေါင်းလို်က်ပါ — > Kernel.elf

ပြီးရင်တော့ဖုန်းကိုပါဝါပိတ်ထားလိုက်ပါ

Fastboot folder ထဲကို kernel.elf လေးသွားထည့်ထားလိုက်ပါ

စတင်ပါပြီခင်ဗျ ခုချိန်ကစပြီးတော့ ……ဟိဟိ

မိမိဖုန်းမှာ USB Debugging Mode နှင့် Unknown Sources  ၂ ခုစလုံးကို ON ထားပေးပါ

ဖုန်းကိုပိတ်လိုက်ပါ..Fastboot ၀င်ပါမယ်……………….

Power Off … ခဏစောင့်ပေးပါ..ပြီးရင်

Volume Up Key ကိုနှိပ်ထားပေးပြီး USB ကြိုးထိုးလိုက်ပါ………

Fastboot Folder ကိုဖွင့်လိုက်ပါ………

အဲဒီထဲက လွတ်နေတဲ့နေရာလေးမှာ ကီးဘုတ်က Shift Key ကိုနှိပ်ထားပေးပြီး Right Click နှိပ်ပါမယ်

* open command  window here * ဆိုတာလေးကို နှိပ်လိုက်ပါ….

 

CMD မှာ စာတမ်းလေးပေါ်လာပါလိမ့်မယ် ဒီလိုလေး

789

 

အဲဒါလေးပေါ်နေပြီဆိုရင်တော့ အဲဒီရဲ့နောက်မှာ ဒီစာကြောင်းလေးရိုက်ထည့်လိုက်ပါ.

မရိုက်ထည့်ချင်ရင်လည်း Copy လုပ်ပြီး CMD> edit ကနေ Paste လုပ်လိုက် ပေါ့  ..ပျင်းတယ်ဆိုရင်တော့ ဟိဟိ

ရိုက်ထည့်ရမည့်စာကြောင်းက >>>    fastboot flash boot kernel.elf    <<<

79

ခဏလေးပဲကြာပါမယ် ၁စက္ကန့်နီးပါးလောက်ပေါ့

ပြီးရင်တော့ ဒီ ကောင်လေးရိုက်ထည့်လိုက်ပါ >>> fastboot reboot <<<

ပြီးရင်တော့ Enter :)

ဖုန်းက reboot ကျသွားပါလိမ့်မယ်

ခဏစောင့်ပါ ဖုန်း Boot ပြန်တက်လာပါလိမ့်မယ်..

ပြီးရင်တော့ Super User လေးကိုရှာကြည့်လိုက်ပါ  တွေ့ပါလိမ့်မယ် .

SP1

.ကဲဗျာ အဲဒါဆိုရင်တော့ Root ခြင်းလုပ်ငန်း ဒီတွင်ပြီးဆုံးပါပြီပေါ့နော် :P

စမ်းသပ်ပေးသူ ကို မျိုးလေးဝမ်း ကို ကျေးဇူးအထူးတင်ပါတယ်

 

အားလုံးပဲအဆင်ပြေကြပါစေ

နောင်နောင်(Innocent Love)

Share.

About Author









15 Comments

    • naung2soe4750 on

      စမ်းပြီးတဲ့အခါ ပို့စ်အဖြစ်တင်ထားပေးပါမယ်ခင်ဗျာ

  1. xperia sp ကို unlock bl လုပ်တာကို driver တင်လို့မရဘူးဖြစ်နေတယ် help me!

    • naung2soe4750 on

      Driver က Flash Tool ရဲ့ Driver folder ထဲမှာ flash tool driver ပါပါတယ်
      အဲဒီထဲမှာ fastboot driver လဲပါပါတယ်
      PC Companion ရှိထားရပါလိမ့်မယ်
      Adb Driver Installer လေးနဲ့တချက်စစ်ကြည့်ပါ
      unlock bootloader က ပထမနည်းနဲ့အဆင်မပြေရင် နောက်တနည်းဆိုတာနဲ့လုပ်ပေးပါ

      • fastboot flash boot kernel.elf
        ဒီစာရိုက်ပြီးရင် enter ခေါက်လိုက်ရမှာလား ပြီးမှ fastboot reboot ကို ရိုက်ပြီး enter လားခင်ဗျ
        waiting a device ဆိုပြီးဘာမှဆက်မလုပ်တော့လို့ပါ။ flash tool ဆိုတာကရော အပေါ်က လင့်က ၂ ခုထဲမှာ မပါလို့။

        • naung2soe4750 on

          waiting device ပြနေတာက ဖုန်းရဲ့ Driver ကြောင့်ပါ
          FLash Tool ရဲ့ Driver Folder ထဲမှာ flash tool driver ကို မိမိဖုန်းနဲ့သက်ဆိုင်တဲ့ Driver
          Fastboot Driver
          Flashmode Driver
          အဲဒါတွေကိုအမှန်ခြစ်ပြီး Install ပေးလိုက်ပါ
          ပြီးရင် အပေါ်ကပို့စ်ထဲကအတိုင်း
          တင်ပုံတင်နည်း လင့်ခ် ဆိုတဲ့လင့်ခ်ကိုသွားပြီး Adb driver installer လေးနဲ့လဲစစ်ကြည့်ပါ
          အဆင်ပြေပါလိမ့်မယ်

          • ခုတော့အဆင်ပြေသွားပါပြီ bootloader လုပ်လိုက်ပြီး ပြန်လုပ်လိုက်တာ။ ကျေးဇူးအရမ်းတင်ပါတယ်ဗျာ။ ကျန်းမာချမ်းသာပါစေ။

          • အကို တို ကူညီပါအုန်း။ root လုပ်တာ s1boot Fastboot Failed ဖြစ်နေတယ်။ s1boot Fastboot ရှိရင် mail ထဲကို ပို့ ပေးပါလား။Root မရှိရင် data Game ကစားလိုမရလိုပါ။

    • naung2soe4750 on

      စမ်းပြီးတဲ့အခါမှာ ပို့စ်တင်ထားပေးပါမယ်

  2. fastboot reboot ပြီး enter ခေါက်တော့ reboot မကျဘူးဖြစ်နေတယ် ….ပြောပြပေးပါအုံး….

  3. Sony Xperia SP , C5303 , Version 4.1.2 ကို root ထည့်နည်းအဆင့်ဆင့်ဖတ်ရတာကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့ download ဆွဲပြီး တဲ့ဖိုင်ကိုကွန်ပျူတာပေါ် မှာဖြည်တာဖြည်လို့မရဘူး ဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲပြောပြပေးပါဦးနော်…

  4. Xperia Go ST27i Version 4.1.2 ကို root နည်းလေးနဲ့ အဆင်ပြေမဲ့ မြန်မာ Changer လေးပေးပါအုံး Zawgyi 1,2,ဇ အဆင်မပြေလို့ပါး))

  5. Xperia Go ST27i ကို Kit kat v 4.4 Custon လေးတွေ့မိတယ်အကို ကျွန်တော်က အင်္ဂလိပ်စာအားနည်းတော့ လုပ်နည်းမသိလို့ မြန်မာလိုလေး တင်ပေးစေချင်ပါတယ်အကို ကျေးဇူးတင်ပါတယ် များသွားပြီ လိုချင်တာတွေ ဟိ

Leave A Reply


seven + = 13