မန္တလေးမြို့ရဲ့အကောင်းဆုံးမိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းမှာ ၂၀၁၇ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်တန်းခွဲသစ်များဖွင့်လှစ်ပါတော့မည်။ ဆက်သွယ်ရန်- 09797248488 ရန်ကုန်မြို့ရဲ့အကောင်းဆုံးမိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းမှာ ၂၀၁၇ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်တန်းခွဲသစ်များဖွင့်လှစ်ပါတော့မည်။ ဆက်သွယ်ရန်- 09259269289

iPhone/Pad တွေအတွက် App Store ကနေ app/game များ Download ရယူနည်း

0
1893

ယခုသတင်းအား Facebook,Twitter,Google+,Pinterest ပေါ်တွင်ပြန်လည်မျှဝေရန်



iPhone/Pad အသုံးပြုနေကြတဲ့ Beginner တွေအတွက်ရည်ရွယ်ရေးသားပေးလိုက်တာပါ။  Software Developer ထောင်ပေါင်းများစွာဟာ ကိုယ့်လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းကို လုံးဝပုံစံပြောင်းသွားစေမယ့် အက်ပလီကေးရှင်း နဲ့ ဂိမ်းပေါင်း သန်းနဲ့ ချီပြီး ထုတ်နေကြပါတယ်။ ဒီ app တစ်ခုစီဟာ ကိုယ့်ရဲ့ Facebook ပေါ်က တွဲနေကျသူငယ်ချင်း ၊ Snapchat ထဲက ကိုယ့်ရဲ့ gateway  ၊ ဘာသာစကားအသစ်တွေကို လေ့လာဖို့ ကိရိယာ ၊ သင်္ချာနဲ့ သိပ္ပံဆိုင်ရာ ရှင်းချက်ပေးတဲ့ နည်းလမ်းတစ်ခု ၊ ကားဝန်ဆောင်မှုအတွက် လက်မှတ်တစ်စောင် ၊ တစ်ကိုယ်ရေသုံး စကင်နာ ၊ စာရွက်စာတမ်း  တွေကို editing လုပ်လို့ ရတဲ့ နည်းတစ်ခုနဲ့  ဂိမ်းပိုင်းမှာ ထည့်ပြီးသုံးနိုင်တဲ့ ပစ္စည်းတစ်ခု စသည်ဖြင့် ဖြစ်လာပါ တယ်။

            App store မှ အက်ပ်နဲ့ ဂိမ်းတွေကို ရှာနည်း

ပထမဆုံးလုပ်ရမှာက ကိုယ်ထည့်လိုတဲ့ အက်ပ်နဲ့ ဂိမ်းတွေကို ရှာရမှာပါ။

  1. App Store app ကို ဖွင့်ပါ။
  2. screen ရဲ့အောက်ခြေမှာရှိတဲ့ Search icon ကို နှိပ်ပါ။
  3. ကိုယ်ရှာနေတဲ့ App name ကို ရိုက်ထည့်ပါ။
  4. ကီးဘုတ်ကနေ Search ကို နှိပ်ပါ။


Top Charts တွေကနေ ရှာခြင်း

စိတ်ဝင်စားစရာကောင်းတဲ့ apps တွေကို app store ကနေသွားလို့ လည်း ရပါတယ်။ နာမည်ကြီး အက်ပ်တွေကို ရှာတဲ့ နည်းလမ်းတစ်ခုကတော့ screen ရဲ့အောက်ခြေမှာရှိတဲ့ Top Charts ကို နှိပ်ရတာပါ။ အဲဒီမှာ ဆို App Store ထဲမှာရှိတဲ့ ငွေပေးဝယ်ရတဲ့ Paid ၊ အခမဲ့ဆွဲလို့ ရတဲ့ Free နဲ့  အားလုံးပေါင်းပြီးပါတဲ့ Grossing ဆိုပြီး အက်ပ်သုံးခုကို စာရင်းနဲ့ ပြထားပါတယ်။

Category အလိုက် ရှာခြင်း

သီးသန့် category ရွေးပြီး ကိုယ်လိုရာ အက်ပ်တွေကို လိုက်ရှာလို့ ရပါတယ်။ App Store screen ရဲ့ အပေါ်ဘက် ဘယ်ထောင့်မှာရှိတဲ့ Categories ကို နှိပ်ပါ။ ပြီးတာနဲ့  အဲဒီထဲမှာပါတဲ့ နာမည်ကြီးပြီး မှတ်ထားတဲ့ အက်ပ်တွေကို ကြည့်ဖို့ category တစ်ခုကို ရွေးလို့ ရနိုင်ပါတယ်။

App Store မှာရှိတဲ့ အက်ပ်တွေနဲ့  ဂိမ်းတွေကို ဒေါင်းလုပ်ဆွဲနည်း

အခုဆို အက်ပ်တွေနဲ့ ဂိမ်းတွေလည်း အပြည့်အစုံတွေ့ ရပြီဆိုတော့ ကိုယ်စိတ်ဝင်စားတဲ့ အက်ပ်တစ်ခုခုကို ကိုယ့်ရဲ့ iPhone တို့  iPad တို့ မှာ ဒေါင်းလုပ်ဆွဲပြီး Install သွင်းရပါတော့မယ်။

    1. ကိုယ်ဝယ်ချင်တဲ့ ဒါမှမဟုတ် အခမဲ့ဒေါင်းလုပ်ဆွဲချင်တဲ့ app ဖြစ်ဖြစ် ဂိမ်းဖြစ်ဖြစ်ကို နှိပ်ပါ။
    2. တကယ်လို့ ဒါက အခမဲ့ဖြစ်တယ်ဆိုရင် Get ကိုနှိပ်ပြီး ပိုက်ဆံပေးဝယ်ရမယ်ဆိုရင် Price of the app ကို နှိပ်ပါ။
    3. အဲဒီအိုင်ကွန်တွေကို ဖွင့်ပြီး Install (သို့ ) Buy ကို နှိပ်ပါ။

    1. ပြီးတာနဲ့ ကိုယ့်ရဲ့ Password သို့ မဟုတ် Touch ID ကို ထည့်ဖို့  ပေါ်လာတာနဲ့ ရိုက်ထည့်ပေးပါ။
    2. ဒေါင်းလုပ်ဆွဲပြီးအောင် စောင့်ပါ။
    3. ကိုယ့်ဖုန်းရဲ့ Home Screen ကို ပြန်သွားဖို့ Home button ကို နှိပ်ပါ။

ဒီအက်ပ်တို့ ဂိမ်းတို့ ကို ဒေါင်းလုပ်ဆွဲပြီး install သွင်းပြီးတာနဲ့ ဒါတွေဟာ ကိုယ့်ရဲ့ Home screen မှ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါဆို အဲဒီအက်ပ်တို့ ဂိမ်းတို့ ကို နှိပ်ဖွင့်ပြီး စတင်အသုံးပြုလို့ ရပါပြီ။

App Store မှ အက်ပ်နှင့် ဂိမ်းတွေကို Update တင်နည်း

Apple မှာ ကအက်ပ်နဲ့ ဂိမ်းတွေကို ပုံမှန် updates တွေ ရယူလို့ ရတယ်ဆို တွေ့  ရပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ ဒီ updates တွေဟာ bug တွေကို ရှင်းတာ ပြန်ပြင်တာ လုပ်ပြီး တစ်ခါတစ်လေမှာ နောက်ထပ် content အသစ် ထပ်ထည့်တာတွေ ရှိပါတယ်။ App store ကနေ update လုပ်ဖို့ လိုတဲ့ အက်ပ်တွေကို တွေ့ နိုင် ပါတယ်။

    1. App Store app ကို ဖွင့်ပါ။
    2. screen ရဲ့ အောက်ဘက် ညာထောင့်မှာ ရှိတဲ့ Updates ကို နှိပ်ပါ။
    3. ကိုယ်အသစ်တင်လို့ တဲ့ အက်ပ်တို့ ဂိမ်းတို့ နောက်နားက Update button ကိုနှိပ်ပါ။

ဒီ update ဟာ အက်ပ်အသစ် ဂိမ်းအသစ်ကို ဒေါင်းလုပ်ဆွဲတာနဲ့ အတူတူပါပဲ။ ကိုယ့်ရဲ့ အိုင်ဖုန်းတို့ အိုင်ပက်  တို့ မှာ ဒေါင်းလုပ်ဆွဲပြီး install သွင်းပါလိမ့်မယ်။ installation ပြီးတာနဲ့  ဒီအက်ပ်နဲ့ ဂိမ်းကို နှိပ်ဖွင့်ပြီး သုံးလို့ ရ ပါတယ်။

      ကိုယ်ဝယ်ထားတဲ့ အက်ပ်နဲ့ ဂိမ်းတွေကို ဖုန်းတစ်လုံးကနေ တစ်ခြားဖုန်းတွေမှာ အလိုအလျောက်  ဒေါင်းလုပ်ဆွဲနည်း

တကယ်လို့ ကိုယ့်မှာ အိုင်ဖုန်းတစ်လုံးနဲ့ အိုင်ပက်တစ်ခု ဒါမှမဟုတ် အိုင်ပက်တစ်ခု အိုင်ပေါ့တစ်ခု ဆိုပြီး အဲသလို Apple ပစ္စည်းတွေ တစ်ခုမကရှိတယ်ဆိုရင် ကိုယ့်ရဲ့ Apple ID တစ်ခုတည်းသုံးပြီး အက်ပ်တွေနဲ့  ဂိမ်း တွေကို အလိုအလျောက်ဒေါင်းလုပ်ဆွဲလို့ ရနိုင်ပါတယ်။ ဒါပေမယ့်လည်း iPad သီးသန့် အက်ပ်တွေကို အိုင်ဖုန်းတို့ အိုင်ပေါ့တို့ မှာ သွားပြီး ဒေါင်းလုပ်ဆွဲလို့ မရပါဘူး။ ဒါကိုတော့ ကန့် သတ်ထားပါတယ်။

    1. Settings app ကို ဖွင့်ပါ။
    2. iTunes & App Store ကို နှိပ်ပါ။
    3. Automatic Downloads အောက်မှာရှိတဲ့ Apps ကို ဖွင့်ဖို့ နှိပ်ပါ။

ဒီနည်းကို သုံးပြီး သီချင်းတွေ ၊ iBooks တွေနဲ့ audiobooks တွေအတွက် အလိုအလျောက် ဒေါင်းလုပ် ဆွဲတာကို ဖွင့်လို့ ရနိုင်ပါတယ်။

အက်ပ်နဲ့ ဂိမ်း update ကို အလိုအလျောက် install လုပ်နည်း

Apple မှာ ကိုယ် အသစ်တင်လိုတဲ့ အက်ပ်ကို အလိုအလျောက်တင်လို့ ရတဲ့အပိုင်းလည်း ပါပါတယ်။ ဒီနည်းနဲ့  ကိုယ့်မှာ update တင်ဖို့  လိုတာကို စစ်စရာမလိုပါဘူး။

    1. Settings app ကို ဖွင့်ပါ။
    2. iTunes & App Store ကို နှိပ်ပါ။
    3. Automatic Downloads ရဲ့အောက်မှာရှိတဲ့ Updates ကို ဖွင့်ပါ။

ဒါကို ဖွင့်ပြီးတာနဲ့  အက်ပလီကေးရှင်း အသစ်တင်တာဟာ နေ့ စဉ် အသစ်အသစ်ကို အလိုအလျောက်တင်သွားမှာပါ။

Cellular ပေါ်မှာ အက်ပ်အသစ်တင်မှုတွေကို disable လုပ်နည်း

ဆယ်လူလာဒေတာတွေ အများကြီးသုံးမိနေတယ်ဆိုပါက ကိုယ့်အနေနဲ့  အလိုအလျောက် updates ကို ဖွင့်ထားတယ်ဆိုရင် ဒါကို ဆယ်လူလာဒေတာပေါ်မှာ update တွေကို ဒေါင်းလုပ်ဆွဲရာမှာ disable လုပ်ပြီး ပိတ်ထားတာ ကောင်းပါတယ်။

    1. Settings app ကို ဖွင့်ပါ။
    2. iTunes & App Store ကို နှိပ်ပါ။
    3. Use Cellular Data ကို ပိတ်ဖို့ နှိပ်ပါ။

အားလုံးပဲအဆင်ပြေကြပါစေ ။

 


ယခုသတင်းအား Facebook,Twitter,Google+,Pinterest ပေါ်တွင်ပြန်လည်မျှဝေရန်

SHARE

သက်နိုင်စိုး သည် "Myanmar Mobile App" Website ၏ Founder ဖြစ်ပြီး Myanmar Mobile App တွင် မိုဘိုင်းဖုန်းနှင့်နည်းပညာဆိုင်ရာဆောင်းပါးများကိုရေးသားလျက်ရှိသည်။ Thet Naing Soe (http://www.facebook.com/thetnaing.mmas)