မန္တလေးမြို့ရဲ့အကောင်းဆုံးမိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းမှာ ၂၀၁၇ မတ်လ ၂၇ ရက်နေ့တွင်တန်းခွဲသစ်များဖွင့်လှစ်ပါတော့မည်။ ဆက်သွယ်ရန်- 09797248488 ရန်ကုန်မြို့ရဲ့အကောင်းဆုံးမိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းမှာ ၂၀၁၇ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်တန်းခွဲသစ်များဖွင့်လှစ်ပါတော့မည်။ ဆက်သွယ်ရန်- 09259269289

iPhone 8 မှာ stainless steel ဖရိန်ကို အသုံးပြုသွားမည်

0
819

ယခုသတင်းအား Facebook,Twitter,Google+,Pinterest ပေါ်တွင်ပြန်လည်မျှဝေရန်



Apple က ဒီနှစ်မှာ iPhone 8 ကို ကြေညာတုန်းက ကျွန်တော်တို့ဟာ ဒီဇိုင်းပိုင်းနဲ့ ပတ်သတ်ပြီး ကြည့်ရတာ ရင်းနှီးနေတယ်လို့ ထင်မိကြပါတယ်။ Apple  ဟာ iPhone 8 မှာ stainless steel ဖရိန်တွေပြုလုပ်နိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ DigiTimes  က အင်္ဂါနေ့တုန်းက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Apple  နဲ့ အခြားလုပ်ငန်းတွေကပါ သုံးနေတဲ့ အလူမီနီယံကိုယ်ထည်ဒီဇိုင်းကနေ ခွဲထွက်သွားတာဖြစ်ပါတယ်။

Apple  ဟာ အဲဒီ stainless steel ကို glass panels နှစ်ခုအကြားမှာ ညှပ်ဖို့ စီစဉ်နေတယ်လို့ DigiTimes က ဆိုပါတယ်။ ဒါဟာ ကျွန်တော်တို့မြင်ခဲ့ဖူးတဲ့ iPhone 4 နဲ့ ဆင်တူပါတယ်။ သူ့မှာတုန်းကလည်း stainless steel ကို အသုံးပြုထားပြီး အရှေ့နဲ့အနောက်မှာ glass ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ Apple ဟာ ပိုမိုကြံ့ခိုင်တဲ့ panel တွေကို လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

“လက်ရှိကိုယ်ထည်ဒီဇိုင်းထက် ယခုဒီဇိုင်းဟာဆိုရင် ကုန်ကျစရိတ် ၃၀-၅၀ရာခိုင်နှုန်း သက်သာပါတယ်၊ ပြီးတော့ ထုတ်ကုန်အရည်အသွေးကိုလည်း ထိန်ထားနိုင်ပါတယ်” လို့ DigiTimes ကို သတင်းပေးသူတစ်ယောက်က ပြောပြခဲ့ပါတယ်။ iPhone 8 ထုတ်လုပ်မှုအတွက် Wistron ဟာ Pegatron ၊ Foxconn တို့နဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။

iPhone 8 မှာ ဒီဇိုင်းအသစ်ကို လိုလားနေကြတယ်

အစောပိုင်းကောလဟာလတွေအရ Apple ဟာ လက်ရှိဒီဇိုင်းဖြစ်တဲ့ iPhone 6 ကတည်းက သုံးလာတဲ့ ဒီဇိုင်းကို ပြောင်းမယ်လို့ ကြားနေရပါတယ်။ glass design ဟာလည်း Apple ကို အလူမီနီယမ်နဲ့တုန်းက အဆင်မပြေခဲ့တဲ့ ကြိုးမဲ့အားသွင်းစနစ်ကို တပ်ဆင်စေနိုင်မှာပါ။ စက်တင်ဘာကို ရောက်လာရင်တော့ ထပ်ပြီးသိရဦးမှာပါ။

Aung Phyo Oo (Myanmar Mobile App)

SOURCETechnoBuffalo

ယခုသတင်းအား Facebook,Twitter,Google+,Pinterest ပေါ်တွင်ပြန်လည်မျှဝေရန်

SHARE

အောင်ဖြိုးဦးသည် "Myanmar Mobile App" Website ၏ Translator ဖြစ်ပြီး Myanmar Mobile App တွင် သတင်းနှင့်နည်းပညာဆိုင်ရာဆောင်းပါးများကိုရေးသားလျက်ရှိသည်။ Aung Phyo Oo II (https://www.facebook.com/khunnu.phyo)