Sony Ericsson Xperia™ Unlocking the BootLoader
Sony Ericsson Xperia Phone အမျိုးအစား များဖြစ်တဲ့ PLAY ,arc, arc S ,neo ,neo V ,pro ,mini ,mini pro, ray ,active ,Sony Ericsson LivewithWalkman™,Sony Xperia™ S စတဲ့ ဖုန်းတွေကို Bootloader နဲ့  Unlocking လုပ်နည်း မျှဝေပါရစေ။
မှတ်ချက်အနေနဲ့ကတော့ Xperia Play ကတော့ Search Key ကိုနှိပ်ထားပြီး Usb ထိုးရမှာပါ။
Data တွေအရင် Backup လုပ်ထားပါ။
Unlock လုပ်ခြင်းအားဖြင့် guarantee တော့ပျက်ပြယ် နိုင်ပါတယ်
![]()
လိုအပ်တဲ့ ဖိုင်ကတော့ Unlock Xperia Arc Bootloaders ဆိုတဲ့ ဖိုင်လေးပဲဖြစ်ပါတယ်။
zip ဖိုင်အနေနဲ့တင်ထားပေးပြီး
drivers.zip
fastboot_with_Android_USB_file.zip
unlockbootloader.sonyericsson.com Url ဖိုင် ဆိုပြီး ဖိုင်သုံးဖိုင်ပါရှိပါတယ်။
အရင်ဆုံး Unlock ပြုလုပ်နိုင်သည့်ဖုံးအမျိုးအစားများတွင် မိမိ ဖုံးအမျိုးအစား ပါဝင်မှုရှိမရှိ အောက်ကလင့်မှာအရင်စစ်ပေးပါ။
http://unlockbootloader.sonymobile.com/
Phone အမျိုးအစားကိုက်ညီမှုရှိပါက ဒုတိယ နည်းဖြင့်ထပ်မံ စစ်ဆေးရပါမယ်။
ပထမဆုံး *#*#7378423#*#* ကို ခေါ်ပေးပါ။ထို့ နောက် Service info > Configuration > Rooting Status မှာ Bootloader unlock allowed
တွင် Yes ဆိုလျင်တော့ Unlock ပြုလုပ်ဖို့  အဆင်သင့်ဖြစ်ပါပြီ။ခု ဖုံး Unlocker Key ရဖို့ အတွက် ဆက်လက်ပြုလုပ်ပါမယ်။
http://unlockbootloader.sonymobile.com/unlocking-boot-loader
ဒီလင့်လေးကို သွားပါမယ်။ပြီးရင် ဆိုက်ရဲ့  အောက်ဘက်နားလောက်မှာ Start unlocking the boot loader ကို နှိပ်ပါမယ်။

ဒုတိယ စာမျက်နှာ မှာ Continue ကို ဆက်လက်နှိပ်ပေးပါ။ထို့ နောက် “Yes, I’m sure” ကို နှိပ်ပြီးဆက်သွားပါ။
Legal terms page မှာ Checkboxes နှစ်ခုစလုံးအား Click ပေးပြီး I Accept ကို နှိပ်ပေးပါ။
Create Unlock request page ရောက်ရင်တော့ လိုအပ်တာတွေဖြည့်ရပါမယ်။

မိမိဖုံးရဲ့  IMEI Number ကို ရှာနည်းကတော့ *#06# ကို ခေါ်ရိုက် လိုက်ပါက ပေါ်လာသော ဂဏန်း ၁၅ လုံးတွင် နောက်ဆုံးတလုံးကိုဖယ်ပြီးရှေ့ ၁၄ လုံးကို ယူရပါမယ်။သေချာမှန်အောင်ဖြည့်ပြီး Submit နှိပ်ပေးပါ။ထို့ နောက် မိမိအား ပြန်လည်ပေးပို့ လာသောunlock code အားသေချာမှတ်သားထားပါ။
ကဲခုအပိုင်း ကစပြီးအရေးကြီးလာပါပြီ..(၁) ဖုံးကို ပိတ်ထားပါ။
(၂)ဒေါင်းလုပ်ဆွဲထားသော zip ဖိုင်ထဲမှ fastboot_with_Android_USB_file.zip ဖိုင်ကို အရင်ဖြည်ပါ။
Fastboot နဲ့  usb driver ဖိုဒါ နှစ်ခုတွေ့ပါမယ်။
(၃) မိမိဖုံး(ပိတ်ထားသော) နဲ့  ကွန်ပျူတာ Usb နဲ့ ချိတ်ဆက်ပါမယ်။အဲလိုချိတ်ဆက်တဲ့အခါမှာ MENU Key ကိုဖိထားပြီးမှ
usb ထိုးရမှာပါ။မိမိ ဖုံးတွင် အပြာရောင်မီးလေး လင်းလာပါက ချိတ်ဆက်မှုအောင်မြင်တယ်လို့ ပြောရပါမယ်။ဒီလိုမှ မဖြစ်ရင်တော့
အဆင့် (၃) ကိုပြန်လုပ်ပေးရပါမယ်။
(၄) မီးပြာလေး လင်းလာပြီဆိုရင်တော့ မိမိ တို့ ကွန်ပျူတာမှာ Driver တောင်းပါလိမ့်မယ်။ကဲဒါဆို ဘယ်လို driver သွင်းလဲ ဆက်ပြောပါမယ်။
“Device Manager”ကို ခေါ်လိုက်ပါ။ (devmgmt.msc) ထို့ နောက် Other devices ခေါင်းစဉ်အောက်မှာ “S1Boot Fastboot “ဆိုတာလေးတွေ့ပါမယ်။
S1Boot Fastboot လေးအပေါ်ကို Right Click >> Update Driver ဖြင့်“Browse my computer for driver software” ကိုရွေးပေးပါ။
ထို့နောက် မိမိ တို့  zip ဖြည်ထားသော Drivers ဖိုဒါကို ညွန်ပေးလိုက်ပါ။Warning Box ပေါ်လာခဲ့လျှင် “Install this driver software anyway” ကိုရွေးပေးရပါမယ်။Windows has successfully updated your driver software” လို့ပေါ်လာရင် Driver သွင်းတဲ့အဆင့်ပြီးပါပြီ။
(၅) Zip ဖြည်ထားသော “fastboot” ဖိုဒါကို ဖွင့်ပါ။ထိုနောက် Shift+Mouse Right Click >>>“Open command window here” လို့ ပေါ်လာပါမယ်ဒီလိုပါ……..
ပေါ်လာသော Command Prompt တွင် ဒီကုဒ်လေးရိုက်ထည့်ပေးပါ။
fastboot.exe -i 0x0fce getvar version
Enter ခေါက်ပါ။
ဒုတိယတကြိမ် ထပ်ရိုက်ရမယ့် Code ကတော့
fastboot.exe -i 0x0fce oem unlock 0x(KEY)
(Key) ဆိုတဲ့နေရာမှာ မိမိတို့ မှတ်သားထားသော Unlock Code ကို ဖြည့်ပေးပါ ( ) မပါရပါဘူး။
Enter ခေါက်ပါ။ကဲ စတင်ပြီး Lock ဖြည်ပါပြီ။

ထို့ နောက်“Finished”ဆိုတဲ့ message လေးပေါ်လာပြီဆိုရင်တော့ Unlocking လုပ်ငန်း ပြီးဆုံးပါပြီ။
စမ်းသပ်ပြီးမှ ရေးထားတာဖြစ်တဲ့အတွက် အဆင်ပြေနိုင်မှာပါ:P




















shift + right click နှိပ်တာ Open comment window here မပေါ်ပါဘူး Driver လဲ သွင်းထားပီးပါပီ ဘာဆက်လုပ်ရမလဲ ပြောပါဦး
Shift+Right Click က Window 7 မှာပဲ ရတာပါ Bro။ XP ဆိုရင် မရပါဘူး။
ကောင်းလိုက်တာနော် အဖတ်လုပ်ပီး ဘယ်သူမှလဲ ပြန်မဖြေကြဘူး……….
ဟုတ်ပါ့.. ကောင်းလိုက်တဲ့ ၀က်…
ဒီလို အပင်ပန်းခံ ရှင်းပြပေးတဲ့ အကို့ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ခင်ဗျာ
shift+right click ကိုနိပ်လိုက်ရင် open comment here ကိုယူလိုက်ရင်comment box ပေါ်လာမယ်
Ya twr pr p … ^_^
Device Manager” (devmgmt.msc) ထို့ နောက် Other devices ခေါင်းစဉ်အောက်မှာ “S1Boot Fastboot “ဆိုတာလေးကို မတွေ့ပါဘူး. ဘယ်လိုလုပ်ရမလဲ
ကျေးဇူးအထူးတင်ပါတယ်ဗျာ
sony xpreia Neo L ကိုရော ဒီနည်းနဲ့လုပ်လို့ရမလား List ထဲမှာတော့ Neo L မပါလို့ ပါ
မအားလို့နေမှာပေါ့နော်?
အကိုရေကူညီပါအုံးဗျာzipဖြည်.ဖို.driveရှာမရဘူးဘယ်လိုလုပ်ရမလဲplease အရေးကြီးလို.ပါ
Really Good for devoloper
Thanks
အစ်ကိုရေ drive မတောင်းဘူးဘယ်လိုလုပ်ရမလည်း ကူညီပါအုန်းဗျာ
Xperia J အတွက် တင်ပေးပါအုံးဗျာ
“Device Manager”ကို ခေါ်လိုက်ပါ။ (devmgmt.msc) ထို့ နောက် Other devices ခေါင်းစဉ်အောက်မှာ “S1Boot Fastboot “ဆိုတာလေးတွေ့ပါမယ်။
S1Boot Fastboot လေးအပေါ်ကို Right Click >> Update Driver ဖြင့်“Browse my computer for driver software” ကိုရွေးပေးပါ။(ကျတော် ဒီနေရာလေး မရှင်းလို့ပါ အစ်ကို။အယင်က ကျတော့် စက်မှာလည်း sony xperia tipo နဲ့ xperia j လုပ်ဖူးပါတယ်(အယင်လလောက်ကပါ) device နဲ့ drivers တွေ ထပ်လိုမလား အစ်ကို)ခုက sony စာမျက်နှာမှာလည်း ကျတော်ဖတ်တယ်..ဒီမှာလည်း ဖတ်ကြည့်တယ်…ရွာလည်နေတယ် အစ်ကို)ကျေးဇူးတင်ပါတယ်..
အစ်ကိုရေ ကျွန်တော်ဖုန်းက version မြှင့်ထားတာ wt19a 4.0.4 Build 4.1.B.0.587 ကို rootလုပ်ချင်လို့ နည်းလေရှိရင် ပြောပါအုန်းနော်