Unlock Root Tool v2.3 for Android 2.1, 2.2, 2.3

Share This
Tags

Android ဖုန်းတွေကို root လုပ်ဖို့နောက်ထပ် Unlockroot tool version v2.3.0 ကိုတင်ပေးလိုက်ပါတယ်။ ဒီ tool က root လုပ်နိုင်မယ့် Android OS version တွေကတော့ (Android v2.1 နှင့်အထက်), (2.2 နှင့်အထက်) နဲ့ (2.3 နှင့်အထက်) တို့ပဲဖြစ်ပါတယ်။ အခု version အသစ်မှာတော့ Android 4.0 Devices တွေဖြစ်တဲ့ Galaxy Nexus, Transformer Prime, Motorola RAZR, Acer A200 စတဲ့ device တွေကိုပါ လွယ်ကူစွာ root လုပ်နိုင်မှာဖြစ်ပါတယ်။ မိမိဖုန်းကို Root လုပ်ဖို့အလွန်လွယ်ကူတဲ့ Root tool တစ်ခုဖြစ်ပါတယ်။ ဒီ Root Tool နဲ့ root လုပ်နိုင်တဲ့ Android OS ဖုန်းတွေကတော့-

HTC Sensation Galaxy Nexus (i9250) LG Optimus 3D (P920)
HTC Wildfire S Galaxy Note (I9220) LG Optimus 2x
HTC Desire S Galaxy S II (I9100) LG Optimus LET
HTC Incredible S Galaxy S (I9000) LG Optimus Black

မိမိဖုန်းကို root လုပ်ချင်သူများအောက်မှာရယူနိုင်ပါတယ်။

Unlock Root Tool v2.3 အားရယူရန်

root လုပ်ဖို့အတွက် မိမိရဲ့ဖုန်း driver ကိုကွန်ပျူတာထဲမှာအရင် install လုပ်ထားရပါမယ်။ ပြီးရင် ဖုန်းရဲ့ Setting>Application>Development > USB Debugging ကိုအမှန်ခြစ်ပေး(Enabled) လုပ်ထားပါ။ ပြီးရင်အခု download လုပ်ထားတဲ့ Unlock Root Tool ကိုဖွင့်လိုက်ပါ။ မိမိဖုန်းကို Unlock Root Tool က သိပြီး Auto Detect Message ပေးပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။

Root လုပ်ဖို့အတွက် “Root” ဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ။

Rooting Process ပြီးဆုံးသွားပြီဆိုရင်တော့ မိမိဖုန်းကို Reboot လုပ်ခိုင်းပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။

Boot ပြန်တက်လာပြီဆိုရင်တော့ မိမိဖုန်းထဲကိုကြည့်လိုက်ပါ။ Super User လို့ခေါ်တဲ့ ယုန်အရိုးခေါင်းပုံ icon လေးနဲ့ application လေး ရှိနေပြီဆိုရင် အဲဒီ Super User app ထဲကိုဝင်လိုက်ပါ။ အောက်ပုံထဲကအတိုင်း Super User Request တောင်းလာပြီဆိုရင် Allow လုပ်လိုက်ပါ။ ဒါဆိုရင် Root လုပ်တာအောင်မြင်သွားပြီဖြစ်ပါတယ်။

Source: www.unlockroot.com




၈၁ လမ်း ၊ ၄၅ x ၄၆ လမ်းကြား ၊ မန္တလေးမြို့ ရှိ Myanmar Mobile App Store ၏ Mobile Repairing Service & Training Center တွင် လူကြီးမင်းတို့ရဲ့ Android OS သုံးဖုန်းအမျိုးအစားအစုံ ၊ iOS သုံး iPhone/Pad/Pod touch များစသည့် Device များတွင်ဖြစ်တတ်သည့် Problem ၊ Software Error များကိုဖြေရှင်းပေးခြင်း - Firmware တင်ပေးခြင်း ၊ - Myanmar font /keyboard ထည့်သွင်းခြင်း - ဖုန်း Root/Jailbreak လုပ်ခြင်းနှင့် အခြား Mobile Software Service များကို ဈေးနှုန်းသက်သာစွာဖြင့်လာရောက်ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Myanmar Mobile App Store | Mobile Service Center ၈၁ လမ်း ၊ ၄၅ x ၄၆ လမ်းကြား ဖုန်း- ၀၉ ၉၁၀ ၃၃၁၃၄


ကြေညာချက်။ ။ ဖုန်းထဲကနေ မြန်မာဖုန်းဆော့ဝဲလေးတွေရော ၊ နိုင်ငံခြား ဖုန်းဆော့ဝဲလေးတွေရော Download ရယူနိုင်မယ့် Free APK Market ကို ရယူလိုပါက ဒီနေရာကို နှိပ်ပါ


Leave a comment

XHTML: You can use these html tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>


eight × 9 =