မြန်မာ Mobile Zawgyi Changer(Beta) for Android

Share This
Tags

Application Developer name- Nay Lin Aung(SpeedySoft Mobile Studio)
(This app is the product of Myanmar Mobile App)




Root လုပ်ထားတဲ့ Android ဖုန်းတွေမှာ click တစ်ချက်နှိပ်ရုံနဲ့ ဇော်ဂျီမြန်မာဖောင့်ကိုသွင်းပြီးသားဖြစ်စေဖို့အတွက် မြန်မာ Mobile Application ရဲ့ product အသစ်တစ်ခုဖြစ်တဲ့ မြန်မာ Mobile ဇော်ဂျီ Changer ကိုတင်ပေးလိုက်ပါတယ်။ စမ်းထားသလောက်တော့ ဖုန်းအားလုံးနီးပါးနဲ့အဆင်ပြေပါတယ်။ Root Explorer ဆော့ဝဲကနေဇော်ဂျီဖောင့်ကိုသွင်းရတဲ့ step တွေလိုများပြားခြင်းမရှိတော့ဘဲ click တစ်ချက်နဲ့ မြန်မာဖောင့်ကိုသွင်းနိုင်မှာပါ။ ဆိုနီဖုန်းတွေမှာ -ျတွေ အပေါ်တက်အောက်ရောက်ဖြစ်နေတာမျိုးတွေကိုလည်း Sony Zawgyi Mobile font သုံးထားတာကြောင့် မြန်မာ font တွေကိုကောင်းကောင်းမွန်မွန်မြင်ရမှာပါ။ Android 2.1 မှ Android 4.0 IceCream Sandwich အထိအလုပ်လုပ်အောင်ရေးသားထားပါတယ်။ ဆော့ဝဲထဲကိုဝင်လိုက်ရင် “ဇော်ဂျီဖောင့်ပြောင်းရန်” ဆိုတဲ့ခလုတ်နဲ့ “ဇော်ဂျီဖောင့်ပြောင်းရန်(SONY ဖုန်းများအတွက်)” ဆိုပြီးခလုတ်နှစ်ခုပါပါတယ်။ Sony အမျိုးစားမဟုတ်တဲ့ Android ဖုန်းတွေကိုဆိုရင် “ဇော်ဂျီဖောင့်ပြောင်း၇န်”ဆိုတဲ့ခလုတ်ကိုနှိပ်ရမှာဖြစ်ပြီး Sony အမျိုးအစား Android ဖုန်းဆိုရင်တော့ “ဇော်ဂျီဖောင့်ပြောင်းရန်(SONY ဖုန်းများအတွက်)” ကိုနှိပ်ရမှာပါ။
ခလုတ်ကိုနှိပ်လိုက်တယ်ဆို၇င် ဖုန်းက auto reboot ကျသွားမှာဖြစ်ပြီး ပြန်တက်လာပြီဆိုရင်တော့ မြန်မာဖောင့်သွင်းပြီးဖြစ်နေပါပြီ။ Beta version ဖြစ်တဲ့အတွက်ကြောင့် error အနည်းငယ်ရှိနိုင်ပါတယ်။အဲလိုဖြစ်ခဲ့ရင် myanmarmobileapp@gmail.com သို့မေးလ်ပို့ပြောကြားနိုင်ပါတယ်။ မြန်မာ Mobile Zawgyi Changer ကိုရယူလိုသူများအောက်က link မှာ download ရယူနိုင်ပါတယ်။

မြန်မာ Mobile Zawgyi Changer(Beta) for Android အားရယူရန်

Myanmar Mobile Zawgyi Changer ကိုသုံး၍ font ပြောင်းရာတွင် error များရှိလာပါက myanmarmobileapp@gmail.com သို့ဆက်သွယ်မေးလ်ပို့နိုင်ပါတယ်

6 comments on “မြန်မာ Mobile Zawgyi Changer(Beta) for Android

  1. flamingo on said:

    Hi MMAP !

    I have some problem with your Zawgyi font changer app. After rebooted my phones & tablets it seen like to be ok and i can read Myanmar fornt but not at all.
    Especially in header of stories and paragraph still happening in square box and can’t see Myanmar font. Please fix it this bug. I really expect your reply and fix the problem for all android users.
    Anyway thanks for your effort and app.

    Flamingo

  2. နောင်နောင် on said:

    ကျနော့် sony ဖုန်းမှာ ယပင် “ျ” တွေက အပေါ်တက်နေတာ… ဘယ်လိုလုပ်ရမယ်မသိလို့ ကူပါဦး။
    တစ်ချို့ sony ဖုန်းတွေက အခု application ထည့်လိုက်ရင် ရပေမယ့် ကျနော့်ဟာက မရဆဲ မရမြဲဖြစ်နေပါတယ်။ :(

  3. zawlinhlaing on said:

    zawgyi fontchanger လိုချင်လို့ 

  4. အောင် on said:

    ကျေးဇူး အများကြီးတင်ပါတယ်အကိုရေ။ ကျနော်ဖုန်း tablet မှာ မြန်မာစာထည့်ဖို့ကြိုးစားနေတာ အခုမှအဆင်ပြေတော့တယ်.။။ တကယ့် တကယ် ကျေးဇူးပါဗျာ

  5. aung aung on said:

    အစ်ကိုရေ ကျွန်တော့်ဖုန်းက huawei u8818 ပါ ics မြှင့်ထားပါတယ် root လည်းဖောက်ပြီးပါပြီ ဒါပေမယ့် ဇော်ဂျီ auto reboot လုပ်တာ ခုထိ မပြီးသေးလို့ပါ ဘယ်လိုဘာဖြစ်လို့လဲဆိုတာပြောပြပေးပါအုံးဗျာ ကျေးဇူးတင်လျှက်ပါ

  6. thuriya on said:

    Sony Xperia T ကို Root မလုပ်ဘဲ Myanmar Font ရေးနိုင် ၊မြင်နိုင်အောင် ရနိုင်မလားခင်ဗျား ၊နယ်ကဆိုတော့ ရန်ကုန် ကိုလာပြီး Root မလုပ်နိုင်လို့ပါ ။။ကိုယ်တိုင်လည်း မလုပ်ချင်လို့ပါ ။။

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Like Us on Facebook

Today Visit