Galaxy S2 i9100 Root လုပ်လို့မရဘူးဆိုသူများအတွက် Root လုပ်နည်းလေးပါ
Myanmar Mobile App Store ရဲ့ Myanmar Mobile Users Group မှ Ko Arkar Soe Naing ရေးသားထားသော ပို့စ်တစ်ခုဖြစ်ပါတယ်။ မြန်မာ Mobile App Store မှ Users များလည်းလေ့လာလုပ်ဆောင်နိုင်ရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
အဆင့် (၁)
ပထမဆုံးအနေနဲ့ ကိုယ့်ဖုန်းမော်ဒယ်နံပါတ်ကြည့်ဖို့အတွက် Setting>>About Phone ကိုသွားကြည့်လိုက်ပါ… GT-I9100_XWKF1 စသည်ဖြင့်တွေ့ရပါလိမ့်မယ်…
အဆင့် (၂)
ဖုန်းကို downloading mode ထဲသို့ဝင်လို့ရအောင်လုပ်ရပါမယ်… အသံတိုးတဲ့ခလုတ်.. အိမ်ခလုတ်နဲ့.. ပါဝါခလုတ်.. ၃ ခုလုံးကိုတွဲနှိပ်ထားပါ… downloading mode ထဲကိုဝင်မလားလို့မေးတဲ့နေရာရောက်ရင် လွှတ်လိုက်ပါ… အသံကြယ်တဲ့ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ… ပီးရင် ဖုန်းနဲ့ ကွန်ပြူတာကို USB ကြိုးနဲ့ချိတ်လိုက်ပါ…
အဆင့် (၃)
အောက်မှာပေးထားတဲ့ link ထဲကနေကိုယ်နဲ့အဆင်ပြေမယ့် insecure and original kernel files တွေကို download ဆွဲလိုက်ပါ… ပီးရင် unzip လုပ်လိုက်ပါ…
အဆင့် (၄)
Galaxys2root.zip ဆိုတဲ့ ဖိုင်ကိုအောက်က link မှာ download ဆွဲပီး desktop ပေါ်မှာ unzip လုပ်လိုက်ပါ…
http://downloadandroidrom.com/file/GalaxyS2/rooting/galaxys2root.zip
အဆင့် (၅)
အောက်မှာပေးထားတဲ့ link ကနေ Samsung kies ကို download ဆွဲပီး Install လုပ်ထားပါ…
http://www.samsung.com/ca/support/usefulsoftware/KIES/JSP
အဆင့် (၆)
Odin3v1.83.exe file ကို run လိုက်ပါ… ID-COM ဆိုတဲ့နေရာမှာ အ၀ါရောင်လေးနဲ့ပေါ်နေရပါမယ်… မပေါ်ဘူးဆိုရင် ဖုန်းကို ကွန်ပြူတာနဲ့ချိတ်ထားတဲ့လားဆိုတာနဲ့ Samsung kies ကိုသွင်းထားရဲ့လားဆိုတာကို ပြန်စစ်ဆေးပေးပါ…
အဆင့် (၇)
PDA ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ… စောစောက download လုပ်ထားတဲ့ထဲက insecure file “ဥပမာ- T-I9100_XWKF1_insecure.tar” ဆိုတာမျိုးကိုရွေးပေးလိုက်ပါ…
အဆင့် (၈)
Start ခလုတ်ကိုနှိပ်လိုက်ပါ… insecure kernel ကို flash လုပ်နေပါလိမ့်မယ်… root ကို temporary လုပ်ပီး permanent SuperUser ဖိုင်ကို ဖုန်းထဲမှာထဲ့နိုင်ဖို့အတွက်ပါ…
အဆင့် (၉)
ဖုန်း reboot တက်လာတဲ့အချိန်မှာ USB Debugging mode ကို On ထားတယ်ဆိုတာသေချာအောင်လုပ်ထားပါ… Setting>>Application>>Development.. ပီးရင် galaxy s2root folder ထဲက S2root.exe ကို run လိုက်ပါ…
အဆင့် (၁၀)
“Root Device” ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ…
*နောက်ပိုင်းမှာ unroot လုပ်မယ်ဆိုရင် ဒီ software လေးနဲ့ပဲ unroot device ဆိုတာလေးကို နှိပ်လိုက်လို့ရပါတယ်.. ဒါပေမယ့် root လုပ်ထားတဲ့ stock rom ဖြစ်ရပါမယ်.. ဒါကြောင့် root လုပ်ထားတဲ့ Stock rom ကို backup လုပ်ထားဖို့မမေ့ပါနဲ့…*
အဆင့် (၁၁)
ဖုန်းက reboot ဖြစ်သွားပါလိမ့်မယ်… SuperUser app ကိုတွေ့ပီလားလို့ရှာကြည့်လိုက်ပါ… မတွေ့ဘူးဆိုရင် အဆင့် (၁၀) ကို နောက်တစ်ခါထပ်လုပ်ကြည့်လိုက်ပါ… (ကျွန်တော့်တုန်းက လုပ်လိုက်ရလို့ပါ…)
အဆင့် (၁၂)
SuperUser app ကိုတွေ့တယ်ဆိုရင်တော့ s2 ကို root လုပ်လို့ပီးသွားပါပီ…
အဆင့် (၁၃)
အခု original kernel ကို ပြန်ပီး flash လုပ်ပါမယ်… ဖုန်းကို downloading mode ထဲပြန်ဝင်အောင်လုပ်ရပါမယ်… ပါဝါပိတ်ပီး… အသံတိုးတဲ့ခလုတ်… အိမ်ခလုတ်နဲ့… ပါဝါခလုတ်ကို တွဲနှိပ်ပါ…
အဆင့် (၁၄)
ODIN ကိုပြန်ဖွင့်ပါ… PDA ခလုတ်ကို နှိပ်ပါ… download လုပ်ထားတဲ့ original kernel file ကိုရွေးပါ… “ဥပမာ – GT-I9100_XWKF1_original.tar”
အဆင့် (၁၅)
Start ကိုနှိပ်ပါ…
အဆင့် (၁၆)
ဖုန်း reboot ကျသွားပါလိမ့်မယ်…
အဆင့် (၁၇)
အခု root လုပ်ထားတဲ့ rom ကို backup လုပ်ပီး (လုပ်သင့်တယ်လို့ ကျွန်တော် အကြံပြုချင်ပါတယ်…) rom အသစ်တင်မယ်ဆိုရင် Clockwork Recovery ကို flash လုပ်ထားဖို့လိုပါလိမ့်မယ်… ဘယ်လိုလုပ်ရမလဲဆိုတော့ downloading mode ကိုရောက်အောင်ပြန်သွားပါ… ပါဝါပိတ်ပီး… အသံတိုးတဲ့ခလုတ်… အိမ်ခလုတ်နဲ့… ပါဝါခလုတ်ကို တွဲနှိပ်ပါ… ပီးရင် အသံကျယ်တဲ့ ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ…
အဆင့် (၁၈)
ODIN ကိုဖွင့်ပါ… PDA ခလုတ်ကို နှိပ်ပါ… galaxys2root folder ထဲမှာရှိတဲ့ “GT-I9100_ClockworkMod-Recovery_4.0.1.4.tar” ကိုရွေးပေးပါ…
အဆင့် (၁၉)
Start ကိုနှိပ်ပါ…
အဆင့် (၂၀)
ဖုန်း reboot ကျသွားပါလိမ့်မယ်…
အဆင့် (၂၁)
ClockworkMod Recovery ထဲဝင်ချင်တယ်ဆိုရင် ဖုန်းကိုပိတ်လိုက်ပါ… အသံကျယ်တဲ့ခလုတ်.. အိမ်ခလုတ်နဲ့.. ပါဝါခလုတ်.. ၃ခုလုံးကို တွဲနှိပ်ထားပါ… ဒါဆိုရပါပီ…


















ကျွန်တော့ Sll က I9100XXKI3,version က 4.0.9 ပါ volume down+Home+Power ရယ်နှိပ်လိုက်ရင် ရိုးရိုး ပါဝါဖွင့်သလိုဘဲပွင့်နေပါတယ် ဘယ်လိုမှမရပါ။volume up+Home+Power ရယ်နှိပ်ပြန်တော့လည်း စက်ရုပ်နဲ့ တြိဂံဘဲပေါ်တယ် recover mode စာတွေ တစ်ခုမှမပေါ်ပါဘူး ကုညီကျပါအုံး မြန်မာဖောင့်လေးထည့်ချင်လို့ပါခင်ဗျာ…..
gvhjhhbuhhboi7tgygyuj